}လိပ်ပြာပိတုန်း ပန်းတွေကြားမှာ တူ တူပုန်းမယ်”

ပန်းကလေးတွေ ရှိတယ်ဆိုရင် ပျားလေးတွေလာမယ်။
လိပ်ပြာလေးတွေလဲလာမယ် ။
အခုဒီပန်းလေးတွေကြားမှာလဲ
လာနေဆဲ
ပျံနေဆဲ
နားနေဆဲ
ပျားလဲရှိတယ် လိပ်ပြာလဲရှိတယ်။
ရှာကြည့်နော်………………………
ပြင်ဦးလွင်သွားတော့ ပန်းကလေးတွေပေါ်ကို လိပ်ပြာလေးတွေလာတော့ လက်ဆော့မိပါတယ်။။
ပန်းပွင့်ကြားမှာပျားကလေးရှိတယ်။
ပန်းလေးက နီညိုညိုလေး မပွင့်ဘူးထင်ပေမယ့် လိပ်ပြာကတော့ ကြိုက်မှကြိုက်တဲ့။

ကင်မရာကိုင်ပြီးလျှောက်သွားနေရင်း အမှတ်တမဲ့ဖျတ်ကနဲ့တွေ့တော့တာပါဘဲ။
ပျံနေတုန်းပါဘဲ။
ပျံနေတုန်းပါဘဲ
ပျံလို့ကို မဝနိုင်သေးဘူးဗျာ
ညောင်းတယ်ထင်တယ်နားတော့မလို့
တော်တော်ညောင်းတယ်နဲ့တူပါရဲ့နားပြီတဲ့။
နားတော့နားခါစလေး
အဖြူလေးဗျာတွေ့လား
အဝါလေးနားနေတယ်

သူလဲအဝါလေးဘဲနော်
ကိုကိုလိပ်ပြာရယ် အို…………အို ထိတ်စရာကွယ်တဲ့ မေဆွီဆိုခဲ့တာလေ…..
ကဲ ပုန်းနေတဲ့လိပ်ပြာလေးတွေတွေ့ပါသလား?

8 comments

  • etone

    August 10, 2011 at 8:59 am

    လေးပေါက် … တချို့ လိပ်ပြာတွေက ပိုးဖလံနဲ့ တူတယ်နော် .. ပန်းပေါ်ကို နားမှသာ လိပ်ပြာလို ့လက်ခံလိုက်ရတယ် … ။ ပိုးဖလံနဲ့ လိပ်ပြာက အတော် ဆင်တူပေမဲ့ .. လိပ်ပြာက အရောင်သွေးစုံတယ် ကိုယ်ခန္ဓာပျော့ပြောင်းတယ် … နားလျှင် တောင်ပံထောင်နားတယ် ။
    ပိုးဖလံကတော့ အရောင်သွေးမွဲတယ် .. အဆင်မလှဘူး … ကိုယ်ခန္ဓာနဲ့ တောင်ပံ ကြံ့ခိုင်ဖွံ ့ဖြိုးတယ် … နားလျှင် တောင်ပံဖြန့်ပြီးနားတယ် … ။ လေးပေါက်ရိုက်တဲ့ အချိန်နဲ့ တောင်ပံခတ်တာနဲ့ ကြုံလို့ .. အောက်ဆုံးပုံမှာ ဖြန့်နားသလိုဖြစ်တာ ထင်ပါတယ်နော် ။

    Reply

  • weiwei

    August 10, 2011 at 9:54 am

    မေမြို့က ရုက္ခဗေဒဥယျာဉ်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲ …

    Reply

  • MaMa

    August 10, 2011 at 11:05 am

    ပျားတွေ လိပ်ပြာတွေကိုပန်းမှာ နားနေတုန်း အချိန်မီ လက်ဆော့လိုက်နိုင်တာပဲ။ တော်ပါပေတယ် ကင်မရာမန်းရယ်။

    Reply

  • တညင်သား

    August 10, 2011 at 11:18 am

    သေခြာတာက ငယ်ငယ်ရွယ်ရွယ်နဲ့ ကျွန်တော် မျက်မှန်တပ်ရတော့မလားမသိဘူးလေးပေါက်ရယ်……………:) 🙂

    Reply

  • aungnng87

    August 10, 2011 at 11:33 am

    မျက်လုံးထဲမှာတော့ ပျားတွေ လိပ်ပြာတွေ မမြင်မိပါဘူး။ ဒါပေမဲ့ မြင်ကွင်းလေးကတော့ တော်တော်လှတယ်။

    Reply

  • မှန်ဘီလူးတပ်ပြီး ကြည့်ပါ နော်။
    တစ်ချု့ိဆိုလေထဲဝဲနေတုန်းရိုက်ထားတာလေ။

    Reply

  • waihnin

    August 10, 2011 at 2:48 pm

    ကိုပေါက် မမနန်းမြတ်ကိုမှတ်မိလား
    သူကလည်းပြင်ဦးလွင်ကလေ
    အခုတစ်လောသူဘယ်ရောက်နေလဲ
    သိရင်ပြောပြပေးပါနော်

    Reply

  • အဲဒါ ကိုကြောင်ကြီး ကိုမေးမှ ရမှာ သူက တမြတ်ထဲမြတ်နေတာလေ။
    လေးပေါက်နဲ့မသိဘူးဗျာ။

    Reply

Leave a Reply to waihnin Cancel Reply

Your email address will not be published.