၂၀၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ နှင့် ပတ်သက် တာတွေ ပြည်တွင်းမှာ ခွင့်ပြုချက်မရဘဲ ပြုလုပ် သုံးစွဲရင် Yangon Entertainment က လျော်ကြေးငွေ တောင်းခံမည်

BayoteMay 9, 20101min04

၂၀၁ဝ ဇွန်လ ၁၁ ရက်နေ့မှာ စတင် ကျင်းပပေးေ တာ့မယ့် ကမ္ဘာ့ ဖလား ပြိုင်ပွဲ အား Lolane အလှကုန် ပစ္စည်းများ ဖြန့်ဖြူး ရောင်းချ ပေးနေတဲ့ Yangon Entertainment ကနေ မြန်မာ ပြည်သူ ပြည်သား ဘောလုံး အားကစား မြတ်နိုး သူတိုင်း Live ကြည့်ရှုခွင့် ရအောင် အပြည်ပြည် ဆိုင်ရာ ဘောလုံး အဖွဲ့ချုပ် (မီဖာ) ထံမှာ တစ်ဦးတည်း မူပိုင် ခွင့်ပြု ချက်နဲ့ ရုပ်သံ အစီ အစဉ် များကို ထုတ်လွှင့် ပေးသွား တော့မယ်လို့ သိရပါတယ်။ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲ ထုတ်လွှင့် ပြသ ပေးသွားမယ့် အစီအစဉ် များနဲ့ တစ်ဦးတည်း မူပိုင်ခွင့် ရရှိ ခဲ့ပုံများကို ရှင်းလင်း တင်ပြတဲ့ အခမ်း အနားကို ရန်ကုန်မြို့ ကန်တော်ကြီးရှိ ချက်ထရီယန် ဟိုတယ်မှာ ကျင်းပခဲ့ ပါတယ်။ အစီ အစဉ် များအား ရှင်းလင်း တင်ပြတဲ့ ပွဲမှာ သရုပ်ဆောင် ဆွေဇင်ထိုက် နဲ့ နန္ဒတို့က အစီ အစဉ် တင်ဆက် သူများ အဖြစ် ဆောင်ရွက်ပြီး ပထမဦးစွာ Yangon Entertainment မှ ဦးလှဝင်းက အဖွင့် အမှာ စကား ပြောကြားပြီး MD ဦးအယ်လမိန်းမှ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ပြသ ပေးရခြင်း ရည်ရွယ်ချက်နဲ့ ရုပ်သံ အစီ အစဉ် များမှ ပြသ ပေးသွားဖို့ စီစဉ် နေမှုများကို ရှင်းလင်း ပြောကြား ပေးခဲ့ ပါတယ်။

ဆက်လက်ပြီး ထုတ်လုပ် ပြသခွင့် ရထားတဲ့ Yangon Entertainment နဲ့ ကြော်ငြာများ ကောက်ခံကာ ထည့်သွင်း ပေးသွားမယ့် မိုးဆမ်းပန်း မီဒီယာမှ တာဝန် ရှိသူများ ဖြစ်တဲ့ ဦးလှဝင်းနဲ့ ဦးဇော်မင်းအေး တို့က သဘောတူ စာချုပ် လက်မှတ် ရေးထိုးခဲ့ ကြပြီး စာနယ်ဇင်း များမှ သိလိုတာ များကို ပြန်လည် ဖြေကြား ပေးခဲ့ ကြပါတယ်။ တောင် အာဖရိကနိုင်ငံမှာ ကျင်းပမယ့် ၂၀၁ဝ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲကို မြန်မာ ပြည်သူ ပြည်သားများ အခြားနိုင်ငံမှ ဝါသနာရှင်များ နည်းတူ တစ်ပြေးညီ Live ကြည့်ရှု နိုင်ရန် အပြည် ပြည်ဆိုင်ရာ ဘောလုံး အဖွဲ့ချုပ် (မီဖာ) နဲ့ သုံးလ ကြာ ဆွေးနွေးခဲ့ ရပြီး မူပိုင်ခွင့်နဲ့ ထုတ်လုပ် ပြသခွင့် ရရှိဖို့ ငွေကုန်ကြေး ကျခံကာ ခွင့်ပြုချက် ရယူခဲ့ ရကြောင်း ဒါကြောင့် ထုတ်လုပ် ပြသခွင့် ရထားတဲ့ ကုမ္ပဏီမှ အပ မည်သည့် စီးပွားရေး နဲ့ ဝန်ဆောင်မှုများ အနေနဲ့ အကျိုး အမြတ် ရရှိစေရန် အရောင်းနဲ့ ဝန်ဆောင်မှု မြှင့်တင်ရေး လုပ်ငန်းများမှာ အခမဲ့ ဖြစ်စေ အဖိုးအခ ယူပြီး ဖြစ်စေ ကမ္ဘာ့ဖလား ပရိုဂရမ်နဲ့ စပ်လျဉ်းတဲ့ အသံ၊ သီချင်းစာသား၊ အရုပ်၊ ရုပ်သေ ရုပ်မြင်သံကြား ထုတ်လွှင့်မှု၊ ကုန်အမှတ် တံဆိပ်များကို တစ်စိတ် တစ်ပိုင်းကို လည်းကောင်း၊ တစ်ခုလုံးကို လည်းကောင်း တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ အသုံးပြုမယ် ဆိုပါက မူပိုင်ခွင့် ရထားတဲ့ Yangon Entertainment ရဲ့ ကြိုတင် ခွင့်ပြုချက် ရရှိမှသာ သုံးစွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဖလား လိုဂိုနဲ့ ဘောလုံး ပြိုင်ပွဲ များမှ ဓာတ်ပုံ များကို ဂျာနယ်၊ မဂ္ဂဇင်းများ မည်သည့် စီးပွားရေး အတွက်မှ သုံးစွဲခွင့် မရှိကြောင်း၊ ခွင့်ပြုချက် မရှိဘဲ စီးပွားရေးအလို့ငှာ သုံးစွဲပါက နစ်နာ ဆုံးရှုံးမှု အရပ်ရပ်အတွက် လျော်ကြေးငွေ တောင်းခံ ရယူခြင်း အပါအဝင် တည်ဆဲ ဥပဒေများ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

4 comments

  • kopauk mandalay

    May 9, 2010 at 9:30 am

    တကယ်ပြမယ်ဆိုရင်တော.ကောင်းမှကောင်းဘဲ။
    ကျွန်တော်တို.လို စလောင်းဖုံးရော 5 ရောဘာမှမရှိသူအတွက် သတင်းကောင်းပါဗျာ။

    Reply

  • kai

    May 9, 2010 at 10:01 am

    ကြည့်ရတာ… မိုက်ခရိုဆော့ဖ် ဝင်းဒိုးကို..တရားဝင်ဖြန် ့ချိခွင့်ရတာမို ့…တနိုင်ငံလုံးကကွန်ပျူတာသမားတွေ…ဝင်းဒိုးစ်…သူတို့ကိုအသိမပေးပဲသုံးရင်…လျှော်ကြေးငွေတောင်းခံမယ်..ဆိုတာမျိုးးကြီးလို့..ထင်မိပါတယ်..။
    အင်းလေ..။
    အာဏာပါဝါပြနိုင်ရင်..လူကြီး(ပါမစ်ဓလိုင်စင်ခွင့်ပြုချက်ထုတ်ပေးနိုင်သူ)ရဲ့..အပေါက်စောင့်ကတောင်..လာသူရဲ့..ရင်ဘတ်တွန်းလွတ်နိုင်တဲ့…အခြေအနေတွေနဲ့ကိုး..။
    ကောင်းပါတယ်..နောက်ပိုင်း..ဒါမျိုးတွေ..များများမြင်လာရတော့မယ်ထင်ပါတယ်..။
    သီချင်းလောက..ရုပ်ရှင်လောက…စာပေလောက..။
    အို…အသင်လောက..။

    Reply

  • intro

    May 10, 2010 at 5:04 am

    ဘာပဲ ပြောပြော.. ကျွန်တော်တို့ အတွက်တော့ အဆင်ပြေတယ်ဗျို့… ဟီးဟီး

    Reply

  • moethiha

    May 22, 2010 at 9:53 am

    ကျွန်တော်လဲအဆင်ပြေသွားတာပေါ့ဗျာ။ကောင်းပါတယ်

    Reply

Leave a Reply

Your email address will not be published.