ဖယောင်းတိုင် ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး

introMay 8, 20101min03

ဖယောင်းတိုင် ရဲ့ ကြောက်မက်ဖွယ်ရာ ဆိုးကျိုး


ဖယောင်းတိုင်ထွန်းခြင်းဟာ သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်သလို ကင်ဆာ ရောဂါပါ ဖြစ်နိုင်ကြောင်း နောက်ဆုံး ရှာဖွေလေ့လာမှု့များ အရသိရပါတယ်။ ဖယောင်းသားကို မီးလောင်တဲ့ အခါ အဲ့ဒီကထွက်တဲ့ အငွေ့ဟာ အခန်းထဲမှာရှိတဲ့ လေကို ညစ်ညမ်းစေပြီး လူတွေအတွက် ကင်ဆာပါ ဖြစ်နိုင်တယ်လို့သိရပါတယ်။ ၂၃၈ ကြီမ်မြောက် အမေရိကန်နိုင်ငံ ဓါတုဗေဒ အဖွဲ့အစည်းရဲ့ အစည်းအဝေး မှာတော့ Amid Hamidi ဆိုသူက ဒါက လေဝင်လေထွက်မကောင်းတဲ့ အခန်းတွေမှာသာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းတဲ့ အခန်းတွေဆို ရင်တော့ ညစ်ညမ်းမှု့နဲ့ လူကို ဆိုးကျိုးပြုမှု့ကို လျော့စေတယ်လို့ ပြောခဲ့ပါတယ်။  ဆက်လက်ပြီးတော့ Hamidi က တခါတလေ ထွန်းတာမျိုးကတော့ လူတွေအတွက် အန္တရာယ်မရှိနိုင်ပေမဲ့ နေ့စဉ်ရက်ဆက် ထွန်းတာမျိုး၊ ရေချိုးခန်း နဲ့ အလုံပိတ် အခန်းတွေမှာ ထွန်းရင်တော့ ပြသနာရှိတယ်လို့ပြောကြားခဲ့ပါတယ်။ ပျားဖယောင်းတို့ ပဲပုပ်ပဲ တို့က ထုတ်တဲ့ ဖယောင်းတို့ကြတော့ ဈေးကြီးသော်လည်း အန္တရာယ်မရှိပါဘူး။ ရေနံက ထုတ်တဲ့ ဖယောင်းတစ်မျိုးတည်းသာ အန္တရာယ်ပေးနိုင်တာဖြစ်ပါတယ် လို့ လဲ ပြောကြားသွားပါတယ်။ လေ့လာ သိရှိချက်များအရတော့ အဲ့ဒီ ရေနံကထုတ်တဲ့ ဖယောင်းတိုင်မီးထွန်းခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများကတော့ အာရုံကြောများကို ထိခိုုက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် မွေးဖွားလာတော့ခလေးတွင် အပြစ်အနာအဆာ ပါလာခြင်း၊ ကင်ဆာရောဂါဖြစ် နိုင်ခြင်း အထူးသဖြင့် သွေးကင်ဆာ ဖြစ်နိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

Ref: Forword Mail

3 comments

  • kopauk mandalay

    May 9, 2010 at 7:05 am

    ဒီအစည်းအဝေးကိုသာ မြန်မာပြည်က ပါရင် မီးလောင်တာကြောင်.ဘယ်လောက်ကိုဆုံးရှုံးနိုင်တယ်ဆိုတာပါ ထည်.ပြောနိုင်မှာ။
    ဒါဆိုရင် romantic ဖြစ်ချင်တဲ.ဘိုဆန်သတွေသတိထားကြပေါတော.။

    Reply

  • etone

    May 10, 2010 at 7:32 am

    ဖယောင်းတိုင်အနံက အရမ်းဒုက္ခပေးမှန်းတော့ကြားဖူးတယ် ။ လေလုံနေတဲ့အခန်းဆိုရင် သိသာတယ် ။ ကြာလာရင် အသက်ရှူကြပ်လာရောပဲ။

    Reply

  • winne

    September 1, 2010 at 10:33 am

    ဖယောင်းတိုင်ကိုလည်း ဠာပနာ ပစ္စည်းတွေ ပိတ်တဲ့ အခါမှာ ဖယောင်းတိုင် ထွန်းပြီး ပိတ်ပါတယ် အထဲမှာ အောက်စီဂျင်တွေ ရှိနေရင် ပစ္စည်းတွေ ပျက်စီးမှာ စိုးတဲ့ အတွက် အောက်စီဂျင် ကုန်သွားအောင် ထွန်းပြီး ပိတ်ပါတယ် တချို့ ဒဏ္ဏာရီပုံပြင်တွေမှာ ဆို နှစ်တွေ ရာနဲ့ ချီပြီး မီးတွေဘဲ ဆက်ပြီး တောက်နေအုန်းမလိုလို အထင်နဲ့ ပြောတာမျိုးတွေလည်း ရှိကြတယ်။

    Reply

Leave a Reply

Your email address will not be published.