တစ်မိနစ်စာ အပြင်းပြေ ဟာသများ(၄)

maung hninkharrAugust 3, 20111min04

“အသေသတ်တာလား”

လူနာ၏ ရင်ဘတ်ကို နားကြပ်နှင့်ထောက်ပြီး ဆရာဝန် နားထောင်သည်။ နှုတ်မှလည်း ပြောသည်။

‘အသက်ရှူပါ ၊ မရှူနဲ့ ၊ ရှူပါ ၊ မရှူနဲ့ ၊ မရှူနဲ့ . . . . . . . .. . . . . မရှူနဲ့ ၊

ထုတ်သွားတော့၊ နောက်တစ်ယောက်  . . . . .

 

“ဟိုခေတ်က ကားနံပါတ်”

ပြတိုက်ထဲသို့ လူနှစ်ဦး လာကြည့်သည်။ ဆေးစီရင်ထားသော အလောင်းကောင်တစ်ခု၏ အောက်တွင် “B.C 6512”

ဟုရေးထားသည်ကို တွေ့ရသဖြင့် တစ်ယောက်က ၎င်းနှင့်ပါလာသော မိတ်ဆွေကို မေးသည်။

‘ဒီဂဏန်းက ဘာကို ဆိုလိုတာလဲဗျ’

‘ဒီလူကို တိုက်သတ်သွားတဲ့ ကားနံပါတ် ဖြစ်မယ်ထင်တယ်’

 

“အလေးအနက်စဉ်းစားရတဲ့ကိစ္စ”

‘ကားတစ်စင်းဝယ်ရမယ့်ကိစ္စကို ရှင်စဉ်းစားနေတာ သုံးလရှိပြီ။ အခုတောင် မဆုံးဖြတ်နိုင်ဘူး။ ကျွန်မနဲ့ မညားခင်တုန်းက သုံးရက်ပဲ အသိဖြစ်သေးတယ်။ရှင်ကျွန်မကို လက်ထပ်ခွင့်တောင်းတာပြန်သတိရစမ်းပါ’

‘ဟေ့၊ မော်တော်ကားဝယ်တဲ့ကိစ္စဟာ အသေးအမွှားကိစ္စ မဟုတ်ဘူးကွ’

 

“မြင်ဘူးတယ်”

ပန်းချီဝေပန်ရေးသမားတစ်ဦးသည် အရက်ကို အလွန်အကျွံသောက်လေ့ရှိသည်။ တစ်နေ့တွင် အရက်ခပ်ထွေထွေနှင့်ပင် ပန်းချီပြပွဲတစ်ခုသို့သွားသည်။ပြခန်းအဝင်ရှိ ကိုယ်လုံးပေါ်မှန်ရှေ့တွင် ရပ်လိုက်သည်။ ထို့နောက် မှတ်စုစာအုပ်ကိုထုတ်ကာ အောက်ပါအတိုင်းရေးချလိုက်သည်။

–      အခန်းအမှတ် ၁ ၊ အရက်မူးသမားတစ်ဦး၏ ဦးခေါင်းပုံ

သရုပ်ပါလှသည်။ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်။ သူ့မျက်နှာကို မကြာခဏမြင်ဘူးသည်။

 

“ကဗျာပေါင်းချုပ်”

အမျိုးသမီးနှစ်ယောက် စကားပြောနေကြသည်။

‘ရည်းစားစာတွေ ဘယ်သူမှ မဖတ်နိုင်အောင် ဘယ်မှာ ဝှက်ထားရမလဲ မသိဘူး’

‘စာတွေကို စုလိုက်၊ ပြီးလျှင် စာအုပ်သွားချုပ်၊ စာအုပ်အဖုံးမှာ ‘ကဗျာပေါင်းချုပ်’ ဆိုပြီးစာလုံးလှလှလေး ရေး၊ အဲ့ဒိနောက်မြင်သာတဲ့နေရာမှာ တင်ထားလိုက်၊ ဘယ်သူမှ လက်နဲ့တောင် တို့မှာမဟုတ်ဘူး၊ စိတ်ချ’

4 comments

  • pan pan

    August 3, 2011 at 4:54 pm

    “မြင်ဖူးတယ်”ကိုကြိုက်တယ်
    အမူးပါးပဲ 😛

    Reply

  • Yan Shin

    August 3, 2011 at 9:39 pm

    ကျော်ထွေး ပန်းချီပြခန်းက ပြန်လာတော့ပြောတယ်
    သူ့ပုံကို ပန်းချီဆွဲထားတာတွေ့ခဲ့တယ်တဲ့

    Reply

  • Mee2

    August 3, 2011 at 11:57 pm

    “ဟိုခေတ်က ကားနံပါတ်”
    ပြတိုက်ထဲသို့ လူနှစ်ဦး လာကြည့်သည်။ ဆေးစီရင်ထားသော အလောင်းကောင်တစ်ခု၏ အောက်တွင် “B.C 6512”
    ဟုရေးထားသည်ကို တွေ့ရသဖြင့် တစ်ယောက်က ၎င်းနှင့်ပါလာသော မိတ်ဆွေကို မေးသည်။
    ‘ဒီဂဏန်းက ဘာကို ဆိုလိုတာလဲဗျ’
    ‘ဒီလူကို တိုက်သတ်သွားတဲ့ ကားနံပါတ် ဖြစ်မယ်ထင်တယ်’. ဒါလေးကိုကြိုက်ပါတယ်. ဒါမျိ ုးကားနံပါတ်တွေတော်တော်များနေပီ။ဟိ ဟိ.

    Reply

  • moethidasoe

    August 4, 2011 at 10:41 am

    အသေးအဖွဲပါ

    Reply

Leave a Reply to Mee2 Cancel Reply

Your email address will not be published.