Memory နေရာလွတ်အောင် ပြုလုပ်ခြင်း

manawphyulayAugust 3, 20111min02

ဒီနေ့တော့ photoshop သုံးသူများ ကြုံတွေ့ရတဲ့အကြောင်းအရာလေးကို တင်ပြလိုက်ပါတယ်။
ဒါဟာ ဘာလည်းဆိုတော့

Memory နေရာလွတ်အောင် ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ Photoshop Program ကို အသုံးပြုတဲ့အခါ Memory မလောက်ဘူး (run out of Memory, insuffcient Memory) ဆိုတဲ့ သတိပေးချက် စာသားတွေကို မြင်တွေ့ဖူးပါလိမ့်မယ်။ အများအားဖြင့် Plug-in-Fiter တွေကို အသုံးပြုတဲ့အခါ အတွေ့များပါတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ မိမိပြုလုပ်နေတဲ့ ပုံတွေဟာ ပုံအကြီးတွေဖြစ်ပြီး ပြုလုပ်ခဲ့သမျှ အကြောင်းအရာတွေအတွက် Memory မှာ နေရာယူထားတာ ဖြစ်ပါတယ်။

လုပ်ဆောင်ရမှာကတော့ Edit Menu ထဲက Purge ကို ရွေးချယ်ပါ။
နဂိုက ပြုလုပ်ခဲ့တဲ့ အကြောင်းအရာတွေကို History ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီအခါ ထပ်မံပေါ်လာတဲ့ အကွက်ထဲက ALL ကို Click နှိပ်လိုက်ပါ.
အခုလို Purge နဲ့ ဖျက်ပစ်မယ့်အကြောင်းအရာတွေက နောင်တစ်ချိန်မှာ ပြန်မရတော့ဘူးဆိုတာ သတိပေးတဲ့ ပုံစံကွက်ပေါ်လာပြီး တကယ်လို့ အသုံးမလိုတော့ရင်တော့ အားလုံး ဖျက်ပစ်လိုက်တာ ပိုကောင်းပါတယ်။
ပြီးရင် 0k ကို ရွေးချယ်လိုက်ပါ။ ဒါဆိုရင် မိမိလိုချင်သော နေရာလွတ်ကို ရရှိသွားပြီ ဖြစ်ပါတယ်။

Photoshop အပိုင်းကို ဝါသနာပါလို့ လေ့လာနေဆဲ ဖြစ်ပါတယ်။
တကယ်လို့ မိတ်ဆွေတို့ဆီမှာ နည်းလမ်းကောင်းလေးများ ရှိနေခဲ့ရင် ပြောပြသွားပေးပါဦးနော်။

2 comments

  • asarpokelay

    August 3, 2011 at 2:46 pm

    မမ မနောသိသွားပြီ ကောင်းပါတယ် ခုလိုဗဟုသုတတွေတင်ပေးတာကို

    Reply

  • mipukay

    November 22, 2011 at 4:42 pm

    ဗဟုသုတရဖို ့ဆိုတော့ကောင်းပါတယ်။ ဆက်တင်ပေးပါဦး။

    Reply

Leave a Reply

Your email address will not be published.