ကြောင်ကြီးတော. အွတ်

ထာ၀ရAugust 2, 20111min021

ဈေးကွက်ဂျာနယ် အမှတ်၁၆ဝ စက်တင်ဘာ၂၀၁ဝ ထုတ်ထဲမှာပါတဲ.
ဆရာကြီးဦးအောင်သင်းရဲ. ကလေးတွေရဲ. မေးခွန်း ဆိုတဲ.ဆောင်းပါးလေးကို
ပြန်ပြီးဖေါက်သယ်ချလိုက်ပါတယ်

ဆရာ.ဆောင်းပါးထဲမှာ နွားနောက် ၊ ဒေါင်းတောက် ဆိုတဲ.စကားလုံးတွေရဲ.
အသုံးအနှုံးတွေကိုရှင်းပြထားတာပါ
နွားနောက်ဆိုတာသတင်းစာထဲမှာ ခဏခဏကြားဘူးတယ်
သတင်းဓါတ်ပုံ တွေကိုကြည်.တောလဲရိုးရိုးနွားတွေလိုပါဘဲ
သူတို.ကိုဘာလို.နွားနောက်လို.ခေါ်တာလဲလို.မေးကြတယ်တဲ.
ဆရာကပြန်ဖြေထားတာက သူလဲဘဲ ဝေ.လည်လည်ဖြစ်ဘူးတယ်တဲ.
နောက်မှသိရတာက စာရေးတဲ.အခါမှာသာ နွားနောက်လို.ရေးတာ
လူတွေ အခေါ်က နထီး နမ နနောက်လို.ဘဲခေါ်ကြတယ်တဲ.
ဘာလို.နနောက်လို.ခေါ်ရလဲဆိုတော. သူမေးကြည်.တာ
နွားနောက်ရှေ.ကျွဲ လို. ပြောတယ် ရှေ.ကကြည်.ရင်
ကျွဲနဲ.တူတယ် နောက်ကကြည်.ရင် နွားနဲ. တူတယ်
ဒါကြောင်.နွားနောက် ရှေ.ကျွဲ လို.ခေါ်ခဲကြတာတဲ.
အဲဒီကနေမှ နွားနောက်ဘဲ ကျန်ရစ်ခဲ.တာလို. ပြောကြတယ်
အဲဒီကောင်တွေကရိုင်းတယ် ကျွဲလိုနွားလို ခိုင်းလို.မရဘူး
မုဆိုးတွေကိုမေးကြည်.တော. တောကျွဲ နဲ.တောနွားနဲစပ်ပြီး
မွေးလာတဲ.အကောင်တွေတောကျွဲ ဆိုတာပြောင်ကိုပြောတာ စိုင်ကိုတော.
တောနွားလို.ပြောကြတယ်
ပြောင်နဲ.စိုင် စပ်ပြီးမွေးလာတော. နွားနောက်ဆိုတာ
တောရိုင်းသတ္တဝါ သက်သက်ဘဲသူတို.ကိုမွေးတာ အသားစားဘို.
သက်သက်ဘဲတဲ.ဆရာကသူကြားဘူးသလောက်ပြန်ပြောတာမှားတာရှိရင်ဖြည်.စွက်
ချင်ရင်ဈေးကွက်ဂျာနယ်ကိုလှမ်းပြီးစာရေးလိုက်ပါတဲ.

နောက်တခု ဒေါင်းတောက် ဆိုတဲ.စကားလုံး ကိုမေးထားတာကို
ဆရာကပြန်ဖြေထားတာ
ဒေါင်းတောက်အောင်ရှာရတယ် ဆိုတာလူ တွေပြောကြတယ်
ဒေါင်းတောက်အောင်ဆိုတာဘာလဲ လို.မေးကြည်.တော.
ရေရေရာရာမပြောနိင်ကြဘူးတဲ.
ဆရာကသူတခါစာပေဟောပြောပွဲ.သွားတာတောခေါင်ခေါင်ကျေးရွာလေး
တခုကိုရောက်သွားတယ်တဲ.နေရာကတောအုပ်မြိုင်အုပ်အလွန်ကြီးတဲ.နေရာလေးဘဲ
နေစောင်းတာနဲမှောင်ရီပျိုးလာတာဘဲ အဲဒီလိုမှောင်စအချိန်ညစာအတွက်
ထမင်းပွဲပြင်တုန်းတောထဲက ဒုတ်ဒုတ် နဲ.သစ်ခုတ်သံကြားတာကိုး
ဒါနဲ.ဘဲနားစွင်.ရင်းဒီအချိန်တောင်သစ်ခုတ်တဲ.လူရှိသေးလားလို.အိမ်ရှင်ကိုမေးတော.
အိမ်ရှင်ကပြုံးပြီး သစ်ခုတ်တာမဟုတ်ပါဘူး ဒေါင်းတောက်နေတာပါတဲ.
ငါလဲအံဩသွားပြီးဒေါင်းက သစ်ပင်ကိုနှုတ်သီးနဲ.ပေါက်နေတာလား လို.မေးလိုက်တော.
မဟုတ်ပါဘူး ဆရာတဲ.အဲဒီအတိုင်းဒေါက်ဒေါက်နဲ.မြည်နိင်ပါတယ်တဲ.ဒီလိုပါဘဲနေဝင်ချိန်အိပ်
တန်းတက်တော.မှာမို. သားသမီးတွေကို လိုက်ရှာအသံပေးပြိီး စုခေါ်နေတာပေါ.ဆရာရယ်တဲ.
ငါ.စိတ်ထဲမှာ လုံးဝမထင်ထားတာမို.အံအားတောင်သင်.သွားမိတယ် အသံက ဒေါက်ဒေါက် နဲ.
မာလွန်းလို. ဒေါင်းတွန်တာနဲ. ဆက်စပ်လို.ကို မရနိင်လောက်အောင်ပါဘဲ
ဒေါင်းမိခင်ဒေါင်းဖခင်တွေက သားသမီးတွေကို အိပ်တန်းတက်ချိန်မှာ ရှာကြ ဖွေကြတာကိုး
အဲဒါကို ဥပမာပေးပြီး ပြောတာမို. ဒေါင်းတောက်သလို ရှာတယ်လို.ပြောခဲကြတာ
စဉ်းစားကြည်.တော. ဒေါင်းတောက်သလို လို.သုံးခဲကြတာဖြစ်မှာပေါ.
ခုတော.ဒေါင်းတောက်အောင်လို.ပြောနေကြတယ် ငါလဲဒီလိုဘဲ ပြောမိခဲတာပါဘဲ
ကဲဒေါင်းတောက်တာကိုနားလည်ရောပေါ. ဒေါင်းတွန်တာရော သိရဲ.လား
အိုးဝေလိုတွန်တာပေါ.ဆရာ
မင်းကြားဘူးလား မကြားဖူးဘူးဆရာ
အေးဟုတ်လိမ်.မယ် ဘယ်ကြားဘူးမလဲမြို.ပေါ်မှာဆိုတော.
တောကြီးမြိုင်ကြီးထဲမှာဆိုရင်တော. တောလုံးဟိန်းသွားအောင်မြည်တာပေါ.
ဒါပေမယ်. အသက်ကြီးလာရင် အိုးဝေလို.မမည် နိင်တော.ဘူး
အိုးဝေထိအောင်မရောက်ဘဲ အွတ်လို.ဘဲ မြည်နိင်သတဲ.
ဒါကြောင်. ဒေါင်းကြီးတော.အွတ် ကြောင်ကြီးတော. ညွတ် လို.ပြောကြတယ်

ကြောင်ကြီးတော.ညွတ် ဆိုတာက….
ကြောင် ကညောင်လို. အော်တယ်မဟုတ်လား
ဒါပေမယ်.အသက်ကြီးလာတော. ညောင်လို.အော်ပေမယ်.
ညောင်.ညွတ် လို.ဘဲ အသံထွက်နိင်တော.တယ်

ဒါကြောင်.ဒေါင်းကြီးတော.အွတ် ကြောင်ကြီးတော. ညွတ်
လူပျိုကြိးတော. ဇွတ် တဲ. မင်းတို.လိုကောင်တွေပေါ.
ဟာဆရာကလဲ ထားပါတော. အပျိုကြီးတော.ကော ဆရာ
အပျိုကြိးတော.ရွှတ် တဲ.
ဟာဆရာကပြောပြန်ပြီ ရွှတ် ဆိုတာ ဘာလဲ ဆရာ
ရွှတ်တီးရွှတ်တောက် ပေါက်တတ်ကရရယ်စရာတွေ လုပ်တတ်တာကို
ပြောတာကွယ်.။ ဒီကောင်လေးနော် မျက်စိနောက်လာပြီ
ငါတော.နင်.ကို ဖက်နမ်းမိတော.မှာပဲ ဆိုတာမျိုး လူကြားသူကြားထဲမှာ
ပြောချင်ပြောပစ်လိုက်တာ ကောင်လေးပေါက်စတွေက အပျိုတွေဝိုင်းရယ်တော.
ရှက်ကြတာပေါ.

ဆရာကတော.ပေါက်တတ်ကရတွေ စုံနေအောင်ပြောတတ်တာဘဲ
အေးလေကွာငါကထွင်ပြောတာမဟုတ်ပါဘူး လူကြီးတွေပြောတာကို
မှတ်ထားရတာပါမင်းလဲမှတ်သွားပေါ. မှတ်မိပါတယ်ဆရာ

ဒေါင်းကြီးတော.အွတ် ကြောင်ကြီးတောညွတ်
လူပျိုကြီး တော ဇွတ် အပျိုကြီးတော. ရွှတ် တဲ.

ကဲ ရွာထဲမှာရော ………

21 comments

  • ရွှေဘိုသား

    August 2, 2011 at 10:09 am

    အစ်ကို forever ကဗဟုသုတ ပေးသွားတာပဲ
    မှတ်ထားလိုက်အုံးမယ် မသိသေးဘူး
    အပျိုကြီးတော. ရွှတ် တဲ.မှန်လိုက်တာ
    အပျိုကြီးတွေကို ကြောက်နေရတယ် နောက်လွန်းလို.
    ရွာထဲက အပျိုကြီးများ ရှိရင်ကြိုပြောနော်

    Reply

  • pan pan

    August 2, 2011 at 10:21 am

    ကြောင်ကြီးတော့ ညွတ်ဆို
    ဘာလို့ ကြောင်ကြီးတော့ အွတ်ဆိုပြီး ခေါင်းစဉ်ပေးတာလဲဟင်??
    လူပျိုကြီး ဇွတ်နဲ့ အပျိုကြီးတွေ ရွတ်တာတော့ ဟုတ်တယ်

    Reply

  • mzm

    August 2, 2011 at 10:31 am

    ဗဟုသုတ တစ်ခုတိုးတာပေါ့…….ကျေးဇူးပါ

    Reply

  • ကြောင်ကြီး

    August 2, 2011 at 10:40 am

    ကြောင်ကြီးတော့အွတ်
    ကျွတ်ကြီးတော့အောင်
    ဇွတ်ကြီးတော့်မောင်
    ဗျွတ်ကြီးမော့ထောင်
    လွှတ်ကြီးဆော့ယောင်
    မွတ်သီးကော့ပြောင်…

    Reply

  • kai

    August 2, 2011 at 10:40 am

    တော်တော်သိသွားတယ်..။
    ကျေးဇူးဗျာ…။

    နောက်ဖတ်ဖူးတာလေးတခုက.. ဒေါင်းတတွေး..ကြက်တငေး…။
    ကြက်က.. လမ်းသူဖာသူလျှောက်နေရင်း… ဖြတ်ကနဲ့တနေရာရာကို ငေးပြီး ရပ်သွားတာမျိုးတွေ့ဖူးတယ်.။
    ဒေါင်းတော့မသိ..။ 🙂

    Reply

  • Mee2

    August 2, 2011 at 10:53 am

    အင်း. ကျေးဇူးပါနော်။အပျိ ုကြီးတော့ ရွတ်တဲ့. မှတ်သားစရာပါ။လူကြားသူကြားမရှက်မရွံ ့ဘဲ ဖက်နမ်းရမှာ ဟိ ဟိ။မိန်းကလေး ဆိုတော့လဲ ပွင့်လင်းရတော့မှာပေါ့နော်

    Reply

  • windtalker

    August 2, 2011 at 11:10 am

    ဟုတ်တယ် ဒီပို ့စ်လေး ကို ဖတ်ပြီး အရမ်းသဘောကျ တယ်
    ဒေါင်းတောက် အောင် ရှာ ဆိုတဲ့ စကား ကို အခု မှ အဓိပ္ပါယ် နားလည် ရလို ့။
    ကျေးဇူးတင်ပါတယ် ဖော်အဲဗား ရေ ။

    Reply

  • forever

    August 2, 2011 at 11:23 am

    အမှန်က ကြောင်ကြီးတော. ညွတ် ပါ
    ကိုကြောင်ကြီး ကို စချင်ဇော နဲ. အွတ် ဖြစ်သွားတာ

    Reply

  • ogre

    August 2, 2011 at 11:26 am

    အင်းမသိတာလေးတွေသိလိုက်ရတယ်
    ကျေးဇူးပါဗျာ…။။။

    Reply

  • နွယ်ပင်

    August 2, 2011 at 11:31 am

    မသိတာလေးတွေ သိခွင့်ရတဲ့အတွက် ကျေးဇူးပါ …

    Reply

  • P zer

    August 2, 2011 at 11:31 am

    ဖွတ်မေ့ ပတတ်မေ့ ဆိုတာလဲရှိသေးတယ်…
    ဗဟုသုတရလို. ကျေးဇူးပါ…:)

    Reply

  • nozomi

    August 2, 2011 at 11:49 am

    ဟိုတစ်နေ့က ပို့စ်တစ်ခုမှာ မန်းထားတာဖတ်လိုက်ရတယ်
    ဒေါင်းတောက်တယ်ဆိုတာ ဒေါင်းဖိုနဲ့ ဒေါင်းမ မိတ်လိုက်တာကို ပြောတာဆိုလို့ မှတ်ထားမိတယ်
    တော်သေးတယ် အခုမှ အမှန်သိရတယ်

    Reply

  • manawphyulay

    August 2, 2011 at 1:46 pm

    ဒါဆိုလည်း ကြောင်သေးတော့ ညွတ်….. ကြောင်ကြီးတော့ အွတ်လို့ ပြောင်းလိုက်တော့ပေါ့ အဟိ

    Reply

  • True Answer

    August 2, 2011 at 2:24 pm

    ကျွန်တော်တို့ရွာထဲက ကိုကြောင်ကြီး ကတော့ အမြဲတမ်း ဂွတ်နေတာဘဲ။ (ကဗျာတွေ – ကာရံတွေ စပ်တဲ့နေရာမှာပါ) း)

    Reply

  • king

    August 2, 2011 at 3:03 pm

    သတိထားနေမှ ………. 😛

    Reply

  • moonpoem

    August 2, 2011 at 4:00 pm

    ကျေးဇူးပါပဲ ။ ဗဟုသုတရစရာလေးတွေ ဖတ်ရတဲ့အတွက်။

    Reply

  • etone

    August 2, 2011 at 4:29 pm

    မြန်မာစကားကြွယ်ဝတာ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ ဗျို့ … ။

    Reply

  • hmee

    August 2, 2011 at 6:20 pm

    ဗဟုသုတ အတွက်ကျေးဇူးပါနော်။ ဆရာဦးအောင်သင်းရဲ့ စာတွေ ဖတ်ချင်သူများအတွက် ဆရာ့ရဲ့ ဆိုဒ်လေးကို လက်တို့ပါရစေ။
    http://aungthin.com/

    Reply

  • nature

    August 2, 2011 at 9:19 pm

    ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်။
    ခေါင်းစဉ်ကို ..ဒေါင်းတောက်အောင်ရှာမယ်…လို့ဆိုရင်ပိုစိတ်ဝင်စားကြမယ်ထင်တယ်။

    Reply

  • ဆူး

    August 2, 2011 at 10:28 pm

    စကားပုံတွေ စုစည်းပြီး နောက်လည်း ပိုစ်တွေ ရေးပေးပေါ့ မသိသေးတဲ့ စကားလုံးတွေ အများကြီး ရှိတယ်

    Reply

  • zaw min

    August 3, 2011 at 1:03 am

    ဒေါင်းတောပုန်း ဆိုတာရောကြားဘူးပါသလား…..ဒေါင်းက တောပုန်းလျှင် ခေါင်းသာပုန်းပီး နောက်ပိုင်းကပေါ်နေတတ်သည် ရှေးလူကြီးများက ရှေ့ကဖုံး နောက်ကပေါ်နေရင် မင်းဟာက ဒေါင်းတောပုန်းဖြစ်နေပီဟုဆိုလေသည်။

    Reply

Leave a Reply to forever Cancel Reply

Your email address will not be published.