နိုင်ငံတော်သစ်မှာ ထုတ်မယ့်ဆပ်ပြာ

Yan ShinAugust 1, 20111min013

ကျွန်တော်တို့ ညောင်တုန်းကျွန်းရေနက်ကွင်း စိုက်ကွင်းကနေ စပါးစိုက်ပြီး အားတဲ့ရာသီလေးမှာ ဇာတိမြေလတ်မြို့ကလေးကို ပြန်ဖြစ်ပါတယ်။

မောင်ကျော်ထွေးကို ဗဟုသုတလည်းရစေ စိတ်လည်းအပန်းဖြေဘို့ ခေါ်လာခဲ့ပါတယ်။

မောင်ကျော်ထွေးက လူလည်ပါ။ နှစ်ရက်သုံးရက်အတွင်းမှာပဲ ရပ်ကွက်တွင်းနှံ့နှံ့စပ်စပ်နဲ့ အပေါင်းအသင်းနဲ့ လည်လို့ ပါတ်လို့။

တစ်ညနေ ကျွန်တော်တို့ရေချိုးကာနီး ကိုယ်တိုက်ဆပ်ပြာ(အမွှေးဆပ်ပြာ)ကုန်နေလို့ မောင်ကျော်ထွေးကို လမ်းထိပ်က ကုန်စုံဆိုင်(စတိုးဆိုင်မှာ)သွားဝယ်ခိုင်းပါတယ်။

မိတ်ဆွေ မရီနဲ့…..

ဘာလဲ လွဲပြန်ပြီဟုတ်လား?

အံမယ် ခင်ဗျားတို့တောင်ကြိုမှန်းမိနေပြီလား……

ဟုတ်ပဗျား…………….. ဘယ်လိုလွဲတယ်ထင်လဲ မှန်းကြည့်စမ်းပါ။            ။

 

သကောင့်သားဘာဝယ်လာတယ်ထင်သလဲ

 

မွှေးဆပ်ပြာမှုံ့ထုပ်ကြီးဗျား……… တကယ်ပါ ညစ်တယ် ခင်ဗျားတို့က ပြောပြန်ရင်လည်း ကျွန်တော်လွန်တယ်ပဲထင်တယ်။ ဟုတ်တယ်ဟုတ်။

 

ဟကောင် ကျော်ထွေး လုပ်ချလိုက်ပြန်ပြီကွာ

ဗျာ ဦးဌေး ဘာဖြစ်လို့လဲ?

ဟ ငါက ဒီဆပ်ပြာမှုန့်ထုပ်ကြီးဘာလုပ်ရမလဲဟ…

ဗျာ ဦးဌေးပဲ မွှေးဆပ်ပြာဆို

ဟုတ်တယ် ငါပြောတာ အမွှေးဆပ်ပြာဟ ကိုယ်တိုက်ဆပ်ပြာကိုပြောတာ မင်းဝယ်လာတာ မွှေးတော့မွှေးဆပ်ပြာပါပဲ ဆပ်ပြာမှုံ့ထုပ်ကြီး ဒါက အဝတ်လျှော်တာ ငါက ဘယ်လိုရေချိုးလို့ရမလဲ

သွားပြန်ဝယ် ဒီတစ်ခါမမှားစေနဲ့ မင်းလုပ်လိုက်ရင် သောက်တလွှဲခြည့်ပဲ

 

ဟုတ် ဦးဌေး ဒီတစ်ခါမလွဲအောင် ဆပ်ပြာကို နံမည်ပါပြောလိုက်

(အဲဒါပြောတာ မောင်ကျော်ထွေးက လွဲသာလွဲတာ လူလည်ပါလို့)

 

အေးပါ သေခြာမှာလိုက်ပြောလိုက်ပါ့မယ်။

အမွှေးဆပ်ပြာ ကိုယ်တိုက်ဆပ်ပြာကွာ နံမည်ပါမှတ်သွား   A21  အေတွမ်တီဝမ်းတဲ့

မင်းမှတ်မိအောင်ငါ ထပ်ပြောမယ် သေသေခြာခြာမှတ်သွား အေတွမ်တီဝမ်းတဲ့……

မင်းတို့ တဲမှာတုန်းက ဖဲဆော့တဲ့ တွမ်တီဝမ်းကိုမှတ်သွား ဟုတ်လား အေတွမ်တီဝမ်းရလား

ဟုတ်ကဲ့ ဦးဌေး စိတ်ချ

 

မိတ်ဆွေ နောက်တစ်ခေါက်တော့ပြန်လွှတ်လိုက်ပြန်ပြီ အဆင်ပြေလောက်ပါ့မလား

ကျွန်တော်ကတော့ ကျွန်တော့တပည့်ကိုယုံတယ် လောင်းတောင်လောင်းလိုက်ခြင်တယ်

တကယ်

 

လွဲစေရမယ်……

 

ဘာ ယုံကြည်မှု့တစ်ခုတော့ထားစေခြင်တယ်ဟုတ်လား

ထားပါတယ် မယုံစောင့်ကြည့်ပါ ဟောပြောရင်းဆိုရင် ဟိုမှာ မင်းသားပြန်လာပါပြီဗျား

 

ဟဘယ်လိုလဲဟ သုန်လို့ မှုန်လို့ပါလား?

ဟုတ်တယ်ဦးဌေး နောက်အဲဒီဆိုင်ကျွန်တော့်ကို ဈေးဝယ်မလွှတ်နဲ့တော့

ပြောစမ်းပါအုန်းဘာဖြစ်လာလို့လဲ

အဲဒီဆိုင်က ကျွန်တော့်ကိုအော်လွှတ်လိုက်လို့

ဘာအော်လွှတ်လိုက်လို့လဲ

ဈေးဝယ်ရှုပ်နေတာ လာနောက်နေစရာမဟုတ်ဘူးဆိုပြီးအော်လွှတ်လိုက်လို့

ဟုတ်သေးပါဘူး သေသေခြာခြာငါ့ကိုပြောစမ်းပါအုန်း

 

ဒီလို ဦးဌေးရာ

ဦးဌေးဝယ်ခိုင်းတဲ့ အမွှေးဆပ်ပြာကျွန်တော်သွားဝယ်တာလေ

အမွှေးဆပ်ပြာတစ်ခဲပေးပါလို့ ကိုယ်တိုက်ဆပ်ပြာလို့တောင်သေခြာပြောတာ

သူက ဘာတံဆိပ်ဆပ်ပြာယူမှာလဲမေးလို့

ကျွန်တော်လဲ ဦးဌေးပြောလိုက်လို့ သေသေခြာခြာမှတ်သွားတာ စဉ်းစားပြီး

ဟိုဟာဗျာ ဖဲရိုက်တဲ့ဆပ်ပြာဆိုတော့

ဘာဖဲရိုက်တာတွေလာပြောနေတာလဲမေးလို့

ဖဲရိုက်တာဗျာ ဟို…..

ဘူအီး(ဘူကြီး)ဆပ်ပြာလို့…… ပြောလိုက်တာ

အဲဒါ ကျွန်တော့်ကို ဒီမှာ ဆိုင်မှာ ဈေးဝယ်သူတွေရှုပ်နေတာ ဒါနောက်စရာမဟုတ်ဘူးသွားဆိုုပြီး အော်လွှတ်လိုက်တယ်

နောက်ဆို အဲဒီဆိုင် ဈေးဝယ်မလွှတ်နဲ့တော့…………………………….

 

 

အမယ်မင်း……………………

 

မောင်ကျော်ထွေးရယ်

 

ဘယ့်နှယ် ဘူကြီးဆပ်ပြာရယ်လို့

 

ငါသာ မြန်မာပြည်ထဲက ထွက်ခွင့်ရရင် (ပေးစရာငွေရှိခဲ့ရင်ပေါ့) ထွက်ပြေးခြင်ပါတော့တယ်။

နင်နဲ့ စိတ်နဲ့တော့ညစ်ပါတယ်……………………

13 comments

  • Mee2

    August 1, 2011 at 10:50 pm

    ဟိ ဟိ. တယ်လဲမှားချင်စရာကိုးနော်။အစ်ကိုက တပည့်ကိုသင်ကတည်းက ဖဲရိုက်တာမှတ်သွားလို ့သင်တာကိုး။ရခိုင်မှာ ဆပ်ပြာကိုသူပုန်လို ့ခေါ်တာမသိလို ့ခေါ်စစ်တာခံရသလိုဖြစ်နေပီအစ်ကိုရေ–

    Reply

  • nature

    August 2, 2011 at 12:10 am

    နဖူးမှာစာရေးပေးလိုက်ပါလား။

    Reply

  • pan pan

    August 2, 2011 at 9:37 am

    ခုတော့ ဆပ်ပြာလည်းမတိုက်လိုက်ရဘူးပေ့ါ
    မွှေးဆပ်ပြာမှုန့် ဝယ်လာကတည်းက ရေနဲ့ဖျော်ပြီး Shower လိုသုံးလိုက် ပြီးရော
    ခုတော့….မောင်ကျော်ထွေးက လူလည်၊ “အ”ချင်ယောင်ဆောင်နေတာ

    Reply

  • etone

    August 2, 2011 at 9:44 am

    တကယ်ဇာတ်လမ်းလား … လုပ်ကြံဇာတ်လမ်းလားဟင် ! ဘာပဲဖြစ်ဖြစ် ဖတ်ပြီး အတော်ရယ်ရပါတယ် … ။

    Reply

  • zawthulay

    August 2, 2011 at 10:11 am

    တော်သေးတာပေါ့.. ကျန်တဲ့ ကိုးပေါက်ဆပ်ပြာတို့ ဘာတို့ မပြောလို့ ဟဟ ရယ်ရတယ် နောက်ထပ် ရယ်စရာရှိရင်ထပ်တင်ပါဦး..

    Reply

  • နွယ်ပင်

    August 2, 2011 at 11:26 am

    ဖြစ်ရပ်မှန်လား ဒါဆိုရင်တော့ .မောင်ကျော်ထွေးက တော်တော်လည်လည်ဝယ်ဝယ်
    ရှိတာပဲနော် ….. 😛

    Reply

  • moethidasoe

    August 2, 2011 at 11:52 am

    ရန်ရှင်းရယ် .. တော်တော်ကြာ 21 ဆိုတာ မေ့ပြီး ကိုးမီးတို့ ပိုကာ တို့ ဟောလီးဝုဒ် တို့ ဖြစ်လာဦးမယ်
    (လူလဲ ဖဲဂျိုးလို့ ထင်သွားတော့မှာပဲ)

    Reply

  • Yan Shin

    August 2, 2011 at 5:00 pm

    မသီတာဆိုး sorry မိုးသီတာစိုးက ဖဲဂျိုးဟုတ်လောက်ပါဘူး ဖဲဒိုင်ပဲဖြစ်မှာပါ။
    တကယ့်တပည့်ကျော်ကျော်ထွေးပါဗျာ။

    တပ်မှုးကြီးများဖြစ်လာမလားလို့ မျှော်လင့်ချက်နဲ့မွေးနေရတဲ့ကလေးပါ။
    ပြန်ဖတ်ပါ၊ ဆက်ဖတ်ပါ မောင်ကျော်ထွေးတော်ပုံတွေတွေ့ရမှာပါ။

    မောင်ကျော်ထွေးသာ တပ်ချုပ်ကြီးဖြစ်လာရင်
    ကျုပ်လဲ ဇောတိကဖြစ်ပြီပေါ့။

    မဟာကုန်ပနီကျော်တွေဖွင့် နိုင်ငံတကာနဲ့ဆက်ဆံ
    မြန်မာနိုင်ငံက ဘာလိုခြင်သလဲ လာခဲ့ အကုန်ရောင်းမယ်

    တပ်မှုး တပ်သားပါ အကုန်ရောင်းပြစ်မယ်
    ဟဲဟဲဟိ………………..

    Reply

  • ဆူး

    August 3, 2011 at 12:18 am

    တနေ့က လူနာမည်တွေ မမေ့အောင် ဘယ်လို လုပ်ရမလဲ ဆိုပြီး ဦးဇဝန ပိုစ်လေးသွား သတိရတယ်။
    အမှတ်ကောင်းလို့ ရိုက်ပေါက် ဖြစ်နိုင်တယ်။

    Reply

  • yaungchikha

    August 4, 2011 at 10:01 am

    ဆက်ရေးပါ ကိုရန်ရှင်းရေ……….. အားပေးနေပါတယ်…………. ရီလဲရီရပါတယ်……….

    Reply

  • AKKO

    August 4, 2011 at 11:29 am

    တော်တော်လည်း လိုက်တဲ့ ဆရာတပည့်ပဲ ….. ။ တနေ့ တမျိုး မပျင်းရဘူး ။ 🙂

    Reply

  • MOEPWINTPHYU

    August 4, 2011 at 12:53 pm

    ရယ်စရာကောင်းတယ် အတော်လိုက်တဲ ဆရာတပြည့်

    Reply

  • Yan Shin

    August 4, 2011 at 6:53 pm

    အားလုံးကိုကျေးဇူးတင်ပါတယ်။
    ခုနက ကိုတော်ကာကြီးပြောတဲ့ အစာကြေဆေးကို ဖတ်ပြီး အားငယ်သွားတယ်။
    ပြောပေးကြပါ ကျွန်တော်က ကျော်ထွေးဆရာဆိုတော့အတယ်ဗျ။
    ကျွန်တော့်စာတွေကိုလည်း အခြည်းနှီး ဖြစ်မယ်ဆိုရင် မတင်ခြင်ဘူးဗျာ။
    ဝေဖန်ပေးကြပါ။
    ကျိုးတော့ကျိုးစားနေပါတယ်။

    Reply

Leave a Reply to Yan Shin Cancel Reply

Your email address will not be published.