ဂန္ဒီနှင့်ပြူးကျယ်မတို ့ဖိနပ်တဖက်ပေါ်အမြင်

လူတော်တော်များများ ့မဟာဓမ္မဂန္ဒီရဲ ဖိနပ့်တစ်ဖက်အကြောင်း ကိုဖတ်ခဲ ့ဘူးမှာပါ။ဖတ်ဖူးခဲ ့ရင်လည်းမှတ်မိအောင်ထပ်ဖတ်ကြည့်မယ်နော်

တခါကဂန္ဓီဟာ ခရီး တခုကို ရထားစီး သွားဖို့ ရထားဘူတာကိုရောက်လာခဲ့ပါတယ်။သူရောက်လာတယ်ဆိုရင်ပဲ ရထားက စတင်ပြီး ထွက်ခွါဖို့
ဘီးစလှိမ့်နေပြီ။ ဒီတော့ ဂန္ဓီကြီးလည်း ရထားပေါ် ကမန်းကတန်းတက်လိုက်ရတယ်။ရထားခြေနင်းခုံနဲ့ သူ့ရဲ့ခြေထောက်တဘက်တိုက်မိပြီး သူ့ရဲ့ဖိနပ်တဖက် ဟာ
ရထားအောက်သံလမ်းပေါ်သို့ ကျသွားခဲ့တယ်။ဒီတော့ ကျန်နေတဲ့ ဖိနပ်တဖက်နဲ့ ဂန္ဓီရထားပေါ်ကို သေချာရောက်သွားတယ် ဆိုရင်ပဲ ဂန္ဓီက ကျန်နေခဲ့တဲ့ ဖိနပ်တဖက်ကိုကမန်းကတန်းချွတ်လိုက်ပြီး စောစောကကျသွားတဲ့ ဖိနပ်ရှိမှန်းသိပြီး ကျန်နေတဲ့ဖိနပ်ကိုပစ် ချလိုက်ပါတယ်။
သူ ဒီလိုလုပ်တာကို ဘေးမှာ ရှိနေတဲ့ လူတယောက်တွေ့တော့ “ဘာလုပ်တာလဲဗျ…။ ဘာဖြစ်လို့ ကျန်နေ တဲ့ ဖိနပ်တဖက်ကို လွှင့်ပစ်လိုက်ရတာလဲ။”
လို့မေးတယ်။ အဲဒီအခါမှာ ဂန္ဓီကြီးက အခုလိုပြန်ဖြေခဲ့သတဲ့။ “ကျနော့်ဆီမှာကျန်နေခဲ့တဲ့ဖိနပ်က ဘာမှလုပ်လို့မရတော့ ဘူးလေ။ ဒီတော့ ခုနကျသွားတဲ့
ဖိနပ်နေရာနားရောက်အောင် ကျန်နေတဲ့ ဖိနပ်တစ်ဖက်ကို ပစ်ထားခဲ့လိုက် တော့တွေ့တဲ့သူက ဖိနပ်တရံ ဆိုရင် စီးလို့ရတာပေါ့ဗျာ။” “တဖက်တည်းဆိုရင်
ကျနော့်အတွက်လည်း တယ်… အသုံးမဝင်လှဘူး။ အခြားသူလည်း အသုံးမဝင်ဘူး လေ။ အခုလိုတရံလုံးရတော့ သူ စီးလို့ရသွားတာပေါ့။”
လို့ပြန်ဖြေခဲ့ပါတယ်။
်from ( မောက္ခ မဂ္ဂဇင်း )

ဒီစာလေးကိုတော့ လူတိုင်းကြားဖူး ၊ ဖတ်ဖူးကြမယ် ထင်ပါတယ်။

ဒီစာလေးကို ကျမတို့ ဖတ်ရတော့ ကျမတို ့
သူငယ်ချင်းတွေ တော်တော် နှစ်သက်ခဲ့ကြတယ်။ ဒီအထဲမှာမှ ပြူး-ကျယ် မ ဆိုတဲ
့ကောင်မလေးက အရမ်းကို နှစ်သက်တယ်။ သူမတစ်ခုခု ပြောတယ် ဆိုရင်. .

“ မင်းတို့ ဂန္ဓီကြီး ဖိနပ်တစ်ဖက်ကိုပါ ပစ်လိုက်သလို ကိုယ်မသုံးတော့ပေမဲ့
သူများ အတွက် အသုံးဝင်အောင် ကြိုးစား ၊ စဉ်းစားသင့်တယ် ။ ”

လို့ အမြဲပြောလေ့ရှိတယ်။ ပြီးတော့ …

“ မင်းတို့ မှတ်ထား.. ၊ ငါလည်း တစ်နေ့ ကြုံခဲ့ရင် ဂန္ဓီ လိုမျိုး
ဖိနပ်ပစ်ချပြီး ကို်ယ်အသုံးမဝင်တော့တာကို သူများ အတွက် မသုံးတည့်အောင်
လုပ်ပြဦးမယ် ။ ”

လို့ အမြဲတမ်း ပြောလေ့ရှိတယ်။

်ပြူးကျယ်မ ဆိုတဲ
့အမည်က..သူမကမျက်လုံးပြူးပြူးနောက်စကားပြောအလွန်ကြိးကျယ်ပါတယ်။
သူမပြောနေကြစကားကတော့..”ငါကလေ..နေ့စဉ်အသုံးဆောင်တွေကို..ကောင်းတာဘဲသုံးချင်တယ်..တခါတရံသုံးတဲ
အရာကိုတော့ဈေးသက်သာတာဘဲသုံးမယ်.။…ဒါကြောင်နေ ့စဉ်စိးနေတဲ ့ဖိနပ်ကိုအကောင်းစားဘဲစီးမယ်..။ပွဲတွေဘာတွေတက်ရင်တော့..ခဏတာအလှပေါ ့”

အဲ ့သလိုမဆီမဆိုင်စကားတွေ ကိုကြိးကြိးကျယ်ကျယ်ပြောတတ်လို ့
သူမကိုသူငယ်ချင်းများကပြူးကျယ်မ လို ့အမည်ပေးကင်ပွန်းတပ်ပါတယ်။

တစ်နေ ့တော့ကျောင်းပိတ်ရက်မှာသူငယ်ချင်းတွေ နဲ ့အတူပြူး-ကျယ်မ
လည်းစကော့ဈေး ့ထဲသို ့သွားရအောင်ရောက်လာပါတယ်။

စကော့ဈေး(ဗိုလ်ချုုပ်ဈေး)ကမြိုထဲဆိုတော့လမ်းလျှောက်သွားလို့မရပါဘူးကားစီးမှရောက်တယ်လေ…။
ဒါကြောင် ့ကားစီးဘို
့မှတ်တိုင်မှာစောင့်နေပါတယ်..။ကားကလည်းအပြိုင်မောင်းလာတဲ
့ကားပါ.ရန်ကုန်ဘဲလေ..သိတယ်ဟုတ်

သူထက်ငါအလုအယက်ကားပေါ်တက်ကြရပါတယ်….သူငယ်ချင်းကားပေါ်တက်အပြိး.နောက်ဆုံးပြူး-
ကျယ်မလည်းကားပေါ်မရောက်တရောက်မှာ..စပယ်ယာက…”မောင်း..ဆရာရေ..”..အဆုံးမှာ..ကားကထွက်ပါတယ်..။
ပြူးကျယ်ကားပေါ်အရောက် သူမရဲ ့ဖိနပ်တဘက်ကအောက်မှာကျန်ခဲ ့ပါတယ်။
ရုတ်တရက်ပြူးကျယ်မလည်း စပယ်ယာရဲ ့အကျီရင်ဘတ်ကိုအတင်းဆွဲရင်း…”ဟေ့….ရပ်ရပ်…။
တပြိုက်နက်တည်းသူငယ်ချင်းတွေဘက်လည်း“ ဟေ ့ .နင် တို ့သွားထားနှင့်။ ငါနောက်ကားးနဲ ့ လိုက်လာမယ် ။ ”
လို ့ပြောပြိး..သူမက ဒရိုင်ဘာက ိုကားရပ်ဘို ့ထပ်အော်လိုက်ပါတယ်..သူမရဲ့ပြူးတူးပြဲတဲ အသံကြောင့် ဒရိုင်ဘာလည်းကြောက်အားလန် ့အားနဲ
့ကားကိုဘရိပ်အုပ်ရပ်လိုက်ရပါတယ်..။

သူငယ်ချင်းတွေ က “ ဟဲ ့.. ဘာဖြစ်လို ့လဲကွ။ နင်ဘာဖြစ်လို ့လည်း. . ။ ”
ဆိုတော့ သူမ က . .

“ ငါ့ဖိနပ် တစ်ဖက် ကားအောက်ကို ပြုတ်ကျသွားလို့ကွ.။ ”

သူငယ်ချင်းတွေကလည်း အရင်က သူမပြောနေကြ ..“ တစ်နေ့တော့ ငါ်လည်း ဂန္ဓီ လိုလုပ်ပြဦးမယ်။ ” ဆိုတဲ့ စကားလေးကို သတိရတော့. . .

“ ဒါဆို အတော်ပဲလေ..၊နင်.. ဂန္ဓီ လို လုပ်ပြမယ် ဆို အခု နင် လုပ်ပြဖို့အခွင့်ကောင်းပဲကွ။ နင့် ကျန်နေတဲ့ ဖိနပ် တစ်ဖက်ကို ချွတ်ပြီး ခုန ကျတဲ့
နေရာ ရောက်အောင် ပစ်လိုက်လေကွာ။ ”

ဒီတော့ သူမက ဘာပြောလဲ ဆိုတော့….

“ အို..နင်ကလည်း..နင်တို ့ဒိကားနဲ့ လိုက်သွားတော့.. ၊ ပြီးရင် လမ်း 30မှာဆင်းပြီး စောင့်နေ.။ ငါ နောက်ကားစီးပြီးလာခဲ့မယ် ။ ”

ဆိုပြီး ဘာမပြော ၊ ညာမပြောနဲ့ အရှိန်နဲ ့ရပ်ခါစ ကားပေါ်ကနေ
ခုန်ဆင်းသွားပါလေရော။ ( ကျမတို့က ရန်ကုန်ကသူတွေ
လေ..မိန်းကလေးပေမယ့်တခါတရံ ကားတွေကို တွယ်စီးနေကြ၊ထပ်စီးနေကြ(ဖယ်ရီ) ၊
ခုန်ဆင်းနေကြဆိုတော့ ဒီလောက်တော့ ဘာမှ မဖြစ်ပါဘူး .. အေးဆေးပါ။ )

သူငယ်ချင်းတွေ လည်းပြူးကျယ်ရဲ ့လုပ်ရပ်ကိုဘာမှန်းမသိပေမဲ့ ပြူးကျယ်ပြောသလို ဘဲ လမ်း30မှတ်တိုင်မှာသူငယ်ချင်းတစ်သိုက်ဆင်းပြီး သူမ့ကို စောင့်နေလိုက်တယ်။
၁၅ မိနစ်လောက်ကြာတော့ သူမက နောက်ကားတစ်စီးပြီး သူငယ်ချင်းတွေ စောင့်နေတဲ ့လမ်း 30ကို ရောက်လာတယ်။ ဒါနဲ့ သူငယ်ချင်းတွေကလည်း ဘုမသိ ဘမသိနဲ့ . .

“ ပြူး-ကျယ်မ ကလည်းကွာ .. ပိုလွန်းအားကြီးတယ်။ ဖိနပ် ပစ်ချတာများဒီအတိုင်း မှန်းပြီး ပစ်လိုက်လည်း ရတာပါပဲကွာ။ တကူးတကကြီးသွားပြီး
နေရာတကျဖြစ်အောင် သွားချစရာ မလိုပါဘူးကွ။ ”
လို့ ပြောတော့ ..သူမက. . .

“ အဟီး..။ သွားပြီးတော့ ပစ်တာ မဟုတ်ဘူးကွ။ သွားပြန်ကောက်တာ။ ”

“ ဘာ…..))))))

နင်ပြောတော့ နင်သာကြုံရင် ဂန္ဓီ လိုမျိုး ဖိနပ် လွှင့်ပစ်ပြမယ် ဆို…။အခုတော့ နင်က အခွင့်အရေးရတာတောင်မှ….။ ”

သူငယ်ချင်းများရဲ ့ထောပနသံကောင်းချီးသံအဆုံးမှာတော့တော့ သူမက ရယ်ကျဲ ကျဲ
ပြုံးပြုံးရင်း. . .

“ ငါ့ဖိနပ်က MK ကဝယ်တာလေ ဘတ်နဲ ့ဟဲ ့၁၅၀ဝ တောင်ပေးရတာဘတ်ဈေးကလည်း၃၂ကျပ်နဲ ့လေ..ကွ။

ပြီးတော့ ဝယ်ထားတာ တစ်ပတ်တောင်မှ ရှိသေးတာ မဟုတ်ဘူး။ အသစ်ကြီး ။
နောက်ပြီး နင်တို ့နဲ ့ရှေ ့ဆက်ပြီ မြို့ထဲ သွားရဦးမယ်လေ။

ဂန္ဓီ ဖိနပ် မပါတာက ဟိုးအရင်က ဘာမှ မဖြစ်ဘူး။ သူတို့ခေတ်က ဖိနပ် သေချာစီးကြသေးတာ မဟုတ်တော့ ဒီအတိုင်းသွားလည်း ပြဿနာ မရှိဘူး။

အခုဟာက ငါတို့က မြို့ထဲကို ဖိနပ်မပါပဲ သွားရင် အားလုံးက ငါ့ကိုဝိုင်းကြည့်မှာပေါ့။ ဖိနပ်ဆိုင် မရောက်မချင်း ဒီလိုကြီး ဘယ်လိုလုပ်
လျှောက်မလဲ…….ဒါကြောင့်မို့ပါကွာ… အဟီး

နောက်တစ်ခါတော့ ကြုံဦးမှာပေါ့…….အခုတော့ ခွင့်လွှတ်ကွာ .. ပြီးတော့ဘယ်သူ့မှလည်း လျှောက်မပြောနဲ့နော် ….အဟီး

သူများတွေ..သိသွားရင် ငါတော့ သွားပြီ…၊တသက်လုံးလေကျယ်လာခဲ ့သမျှ…ဟီး

ကဲ..။ ဂန္ဓီကို အားကျပြီး ဂန္ဓီလိုမျိုး ဖိနပ် လွှင့်ပစ်ချင်တယ် ဆိုတဲ့
ပြူး-ကျယ်မ တစ်ယောက်အကြောင်းပါ။ ဘယ်သူ့မှ မပြောရဘူးနော်…၊ အဟဲ..
ရေးပြလိုက်တာပါ။

ဂန္ဓီကြီးရဲ ့ဖိနပ်ကိုလည်းကြည့်ပါအုံး

ပြူး-ကျယ်မဧ၊်ဖိနပ်ကိုကြည့်ပါ

အဲ ့ဒိပြူး-ကျယ်မက…

ချစ်ခင်လေးစားသော
ရွှေအိမ်စည်

ကျမတို ့တွေ ရဲ ့ဘဝမှာအောင်မြင်ကျော်ကြားသူ၊ လူတွေလေးစားချစ်ခင်သူတွေက အကြောင်းမဲ ့သက်သက်တော ့အောင်မြင်ကျော်ကြားလာကြတာ၊ လူတိုင်းလေးစားချစ်ခင်လာတာမဟုတ်ပါဘူး…ကျမတို ့အတုယူအားကျကြပါသော်လည်းသူတို ့လိုတော့
အရာအားလုံးလိုက်မလုပ်နိုင်ကြပါဘူး…ဒါတွေ ကကျမအတွက်တော့သင်ခန်းစာကောင်းပါဘဲ..ကိုယ့်ကိုကိုယ့်အရင်ပြင်ဖို ့လိုတယ်ဆိုတာ

12 comments

  • kai

    August 3, 2011 at 4:25 am

    GANDHI’S SHOES

    As Mahatma Gandhi (1869-1948) was boarding a train, he lost a
    shoe. The train was already moving, and he could not go back to
    pick it up. He quickly took off his other shoe and threw it back
    near where he had lost the first one. A passenger asked, “Why did
    you do that?” Gandhi said, “So that the poor chap who finds my
    shoe will have a pair.”
    ==
    ဂန္ဒီကြီးက.. ရထားဆိုတော့ ..ဖိနပ်ပြန်ကောက်လို့မှ.. မဖြစ်နိုင်တာပဲ..။
    ဒါကြောင့်..ဖိနပ် တဖက်စီနဲ့.. အလဟဿမဖြစ်အောင် လုပ်တယ်မှတ်ပါတယ်..။

    ်ပြူးကျယ်မ အဖြစ်မှာကတော့…ကားမို့.. အဲဒီလို(ဂန္ဒီကြီးလို)မလုပ်တာမှန်တယ်ထင်ပါတယ်..။
    ဘာပဲဖြစ်ဖြစ်.. ဒီ၂ခုကို ယှဉ်ရေးပြတာ.. အနုပညာပါပဲ..။

    Reply

  • Grace

    August 3, 2011 at 7:33 am

    ရွာတစ်ရွာက ဘုန်းတော်ကြီးတစ်ပါးဟာ သားသေလို့ ပူဆွေးသောကရောက်နေတဲ့ ဒကာမကြီးတစ်ယောက်ကို လူသားတိုင်း ရှောင်လွဲမရနိုင်တဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေ ဟောပြလို့ အဲဒီ ဒကာမကြီးလည်း ဖြေဆည်ရာရသွားတယ်။ နောင်နှစ်တွေ တော်တော်ကြာတော့ ကျောင်းကိုရောက်တဲ့အခါ ဘုန်းကြီးက မျက်ရည်မဆည်နိုင်လောက်အောင် ပူဆွေးသောကရောက်နေတာတွေ့တော့ အကျိုးအကြောင်းမေးကြည့်တဲ့အခါ ဘုန်းကြီးတူမသေသွားတာကြောင့်မှန်း သိသွားတယ်။ အဲဒီတော့ ဒကာမကြီးက ဘုန်းကြီးကို သူ့သားသေတုန်းက ဘုန်းကြီးဟောပြောပြသဆိုဆုံးမလို့ သူစိတ်သက်သာရာရသွားတဲ့အကြောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားတွေပါပဲ လူသားတိုင်း ရှောင်လွဲလို့ မရနိုင်ကြောင်း ပြန်လည်တရားပြတဲ့အခါ ဘုန်းကြီးပြောလိုက်ပုံက “ဒါက ကျုပ်တူမအရင်းကြီးကိုး ဗျ” တဲ့လေ။
    ခုလည်း “ဒါက ကျုပ်ဖိနပ် အသစ်စက်စက် အကောင်းစားကြီး ကိုး ဗျ။”
    😀

    Reply

  • ကြောင်ကြီး

    August 3, 2011 at 7:36 am

    ပြူးကျယ်မ – ပြကျယ်မူး…. အဟီး ဆိုင်တော့ဆိုင်ဘူးနော်၊ ကဗျာစပ်တာ အကျင့်ပါနေလို့… 😀

    Reply

  • pan pan

    August 3, 2011 at 9:48 am

    ဂနီ္ဒဖိနပ် အမ်မကေ
    ပစ်ချနိုင်တယ်လေ
    ပြူးကျယ်ဖိနပ်က တန်ဖိုးရှိ
    နှမြောလိုက်ပါဘိ
    ကိုယ့်ဖိနပ်ကို ဆင်းကောက်တယ်
    ဘာဖြစ်သလဲကွယ်
    မကောက်စေချင် ပြန်ဝယ်ပေး
    လေးသောင်းရှစ်ထောင်(၄၈၀၀၀)ဈေး

    Reply

  • ရွှေဘိုသား

    August 3, 2011 at 10:39 am

    သူများ အထင်ကြီး အောင်လုပ်တဲ. လူတွေကလည်း အများသား
    မြို.ကြီး တွေမှာ ပိုဆိုးတယ် တကယ်လုပ်နိုင်ရင်တော. အကောင်းဆုံးပေါ.ဗျာ

    Reply

  • ogre

    August 3, 2011 at 11:29 am

    ဟုတ်တယ်လေ ပြန်ဆင်းကောက်လို့ရတော့
    ငါလည်း…ပြန်ကောက်မှာပဲ…
    အိမ်သာခွက်ထဲ ဖုန်းကျသွားတာတောင်ရအောင်ပြန်ကောက်ခဲ့သေးတာပဲ
    မရွံပါဘူး….ဖုန်းက တစ်သိန်းနားကပ်နေတာ….
    ဖိနပ်လဲကောက်လို့ရရင်ပြန်ကောက်သာ…ကောက်..။။။

    Reply

  • ရွှေအိမ်စည်

    August 3, 2011 at 11:44 am

    ဟားဟား….
    အိမ်သာထဲ ကွန်ပြူတာဘဲထားချင်တာ….(ကိုယ်တစ်ယောက်ထဲ ထင်နေတာ)
    အေးပေါ ့..အိမ်သာထဲ ဖုန်းပြောရတာတော့….မမိုက်ဘူးဗျာ…
    ***********

    ကျနော်ငယ်ငယ်ကဖတ်များတာ…သာဓုစာတွေ ကောဗျ….
    သူကလမ်းသွားရင်ဘာဘဲတွေ ့တွေ ့ကောက်တယ်…
    အံမယ်..ကျနော်လိုက်လုပ်ကြည့်သေးတယ်..ငယ်ငယ်ကပါ…

    အဆင်ပြေသားဗျ..ချိန်ကောက်ခဲ ့တာလေ..
    ကောင်မလေးတစ်ယောက်ဖိနပ်ပျက်တော့.အဆင်ပြေသားဗျ….

    ကောင်းမလေးကျနော့်ကိုကျေးဇူးတင်ကြောင်းတွေ ပြောတာလူတောင်မနေတတ်တော့ဘူး…

    Reply

  • yaungchikha

    August 4, 2011 at 10:11 am

    ပြူကျယ်မအဖြစ်က ရီရတယ်နော်၊ ဖတ်လို့လည်းကောင်းတယ်၊နောက်လည်း အခုလိုမျိုးလေးတွေ အများကြီးရေးပါဦးနော်………….

    Reply

  • moethidasoe

    August 4, 2011 at 11:05 am

    သူ့ဖိနပ်ကို ကား တက်ကြိတ်သွားရင် သုံးမရဖြစ်မှာစိုးလို့ ပြန်ကောက်တာ နေမှာလို့ ဖြည့်တွေးပေးလိုက်ပါတယ်

    Reply

  • Mee2

    August 4, 2011 at 1:07 pm

    Pan Pan ကဗျာစပ်အရမ်းတော်ပါလား ဟိ ဟိ။တထပ်တည်းကိုကျလို ့။ပြ ူးကျယ်မ တင်မဟုတ်ပါဘူး. ကျွန်မတို ့ဆိုရင်လဲ မပစ်ရက်ပါဘူး။ဖိနပ်တရံ အသစ်ဝယ်မယ်ဆိုတိုင်းဈေးနှုန်းတွေကြောင့် အတိုင်းလေးနဲ ့ဝယ်စီးနေရတယ်လေ

    Reply

  • ရွှေအိမ်စည်

    August 4, 2011 at 2:34 pm

    ဟီး….တကယ်တော့အဲ ့ဒိနေ့ ကဖိနပ်က ကတီဘာပါ..ဟီး…
    ဘလော ့ရေးတော့လေ….တသက်မှာတခါသာဝယ်ဘူးသော..ဖိနပ်လေးထည့်ကြွားလိုက်တာ…
    မနေနိုင်တော့လို ့အမှန်လာဝန်ခံတာ….

    Reply

  • nature

    August 4, 2011 at 5:39 pm

    ဂန္ဓီ ရဲ့စိတ်ဓါက်က မြင့်မြတ်လို့ လေးစားမိပါတယ်။ သူ့ကို အားကျလို့ လိုက်လုပ်မယ်ဆိုရင်တော့ အပြောလွယ်လျှက် အလုပ်ခက်ပါတယ်။သင်လည်းပြူးကျယ်မနေရာဝင်ပြီး စဉ်းစားကြည့်ပါ။ ဖိနပ်က အသစ်မို့ မပြစ်နိုင်ဘူးထား။ အဟောင်းဆိုရင်ကော ပြစ်နိုင်မှာလား။ ဖိနပ်မပါပဲ မြို့ထဲ လျှောက်သွားနိုင်မှာလား။ မိန်းခလေးမို့ မသွားနိုင်ဘူးထား ၊ ယောကျင်္ားလေးဆိုရင်ကော။
    ကားကို ရပ်ခိုင်းလို့ရရင် ပြန်ကောက်ပေါ့။ မရရင်တော့ ကျန်တဲ့တဖက်ကို ပြစ်ချခဲ့ပေါ့။

    Reply

Leave a Reply to Grace Cancel Reply

Your email address will not be published.