ပိုပြီးတော့ ထမင်းဝ တဲ ့ တိုင်းပြည် ဖြစ်ဖို ့….

alinsettAugust 1, 20111min012

တိုင်းပြည် တစ်ခု ကောင်းစားဖို ့.. ဒါမှမဟုတ်… လူ ့ အဖွဲ ့အစည်းတစ်ခု ပို ကောင်းမွန်လာ ဖို ့ .. အချက် ကြီး 3 ခု ကို အချိုးညီညီ အသုံးပြု နိုင်မှ ဖြစ်မယ်..တဲ့ ။
တိုးတက် လှ ပြီ ဆိုတဲ ့တိုင်းပြည်ကြီးတွေ မှာ….တော့…knowledge ဆိုတဲ ့ ဉာဏ်ပညာ ရယ် ..၊
technology ဆိုတဲ ့ နည်းပညာ..ရယ်…
migration ဆိုတဲ ့….ရေကြည်ရာ မြက်နုရာ..ရွှေ ့ပြောင်းနေထိုင်မှု. ရယ်..ကို ဟန်ချက်ညီညီ အသုံးပြု နိုင်လို ့လည်း. ဖွံ ့ ဖြိုးတိုးတက် နေကြတယ် ..။
ကျွန်တော် တို ့နိုင်ငံ မှာရော……….
နည်းပညာကို ဘယ်လောက် အသုံးပြု နိုင်သလဲ…..
ဉာဏ်ပညာကို ဘယ်လောက် အသုံးပြုနေနိုင်သလဲ…
ရွှေ ့ပြောင်းနေထိုင်မှု ကိုရော ဘယ်လိုတွေ သုံးနေကြသလဲ….
သိချင်ပါရဲ ့။
ကဲ……. ဝိုင်း ပြီး စဉ်စား လိုက်ရအောင်နော့။

အလင်းဆက်
1.8.2011

12 comments

  • pan pan

    August 1, 2011 at 4:46 pm

    (၁) ဉာဏ်ပညာအတွက်က ခုခေတ်ကျောင်းသားတွေရဲ့ ပညာရေးကိုကြည့်ပေ့ါ (အားရစရာကြီး)
    (၂) နည်းပညာကတော့ တက္ကသိုလ်ကျောင်းတွေကနေ မွေးထုတ်လိုက်တဲ့ ကျောင်းသားတွေရဲ့ ဉာဏ်ပညာကနေဖြစ်ပေါ်လာမှာမို့ ဘွဲ့ရပညာတတ်ဆိုသူတွေကိုကြည့် (တတ်လည်း တတ်နိုင်ကြပါတယ်)
    (၃) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းနေထိုင်မှုကတော့ နည်းပညာရှင်တွေက နည်းပညာတိုးတက်တဲ့ နိုင်ငံကိုပြောင်းသွားလေသတည်းတဲ့ 😀 (တွေးကြည့်ပေ့ါ)

    Reply

  • Mee2

    August 1, 2011 at 6:25 pm

    (၁)ဉာဏ်ပညာအတွက်ကတော့ ခုခေတ်ကလေးတွေ ပေးတဲ့စာကိုရအောင်ဖတ် ဒါဘဲမေးမှာ ဆိုတာ တောင်မရဘူး(အရမ်းတော်ကြလို ့)
    (၂)နည်းပညာကတော့ ရှင် လွယ်ပါတယ် ရှာမှီးပြီး ညာဖို ့ကိုသင်ပေးထားပြီးသား ခေါက်ရိုးကျိ ုးနေပီ
    (၃)ရေညြ်ရာမျက်နုရာရွှေ ့ကြမယ်ဆိုတော့ လဲတိုင်းရင်းသားကို လူများစုဖြစ်တဲ့ ဗမာက သိပ်မကြည်ကြဘူးရှင့်

    Reply

    • alinsett

      November 29, 2013 at 8:51 pm

      ဟုတ်ပါ့.. ဟုတ်ပါ့.. ။
      :kwi:

      Reply

  • Mee2

    August 1, 2011 at 6:31 pm

    ဉာဏ်ပညာအတွက်ကတော့ ခုခေတ်ကလေးတွေ ပေးတဲ့စာကိုရအောင်ဖတ် ဒါဘဲမေးမှာ ဆိုတာ တောင်မရဘူး(အရမ်းတော်ကြလို ့)၊
    နည်းပညာကတော့ ရှင် လွယ်ပါတယ် ရှာမှီးပြီး ညာဖို ့ကိုသင်ပေးထားပြီးသား ခေါက်ရိုးကျိ ုးနေပီ၊
    ရေကြည်ရာမျက်နုရာရွှေ ့ကြမယ်ဆိုတော့ လဲတိုင်းရင်းသားကို လူများစုဖြစ်တဲ့ ဗမာက သိပ်မကြည်ကြဘူးရှင့်

    Reply

  • naywoonni

    August 1, 2011 at 8:41 pm

    ဗမာပြည်မှာ ထမင်းငတ်သေတဲ့ မသာမရှိဘူးတဲ့ ဟုတ်လား မဟုတ်လားတော့ မသိဘူး…။ ဆရာအော်ပီကျယ်ရဲ့ စာပေဟောပြောပွဲတွေမှာတော့ ဒို့ဗမာတွေ ထမင်းတော့ မငတ်ပါဘူး ဒါပေမဲ့ ဟင်းငတ်သတဲ့..။ တစ်နေ့တစ်နေ့ လိုအပ်တဲ့ အဟာရပြည့်ဖို့ အသားဘယ်လောက်သားစားနေရပါသလားတဲ့…။ ထမင်းဝတိုင်း ဗိုက်ပြည့်တိုင်း လိုအပ်တဲ့ အဟာရ မပြည့်နိုင်ပါဘူးတဲ့..။

    Reply

    • alinsett

      November 29, 2013 at 8:48 pm

      အဲဒီ ..အော်ပီကျယ်ရဲ ့ စကားကို.. သူ ့ဟောပြောပွဲတွေနားထောင်တော့..ကြားဖူးတယ်..အဘနီရေ. ။
      အစစ်ပေါ့ .. ။

      Reply

  • maungmoenyo

    August 2, 2011 at 7:27 am

    ဗမာပြည်မှာ ထမင်းငတ်မသေပါဘူးဆိုတဲ့ စကားတိမ်ကောတာ နှစ်ရာစုတဝက်ရှိနေပါပြီ။ ဝေးလံခေါင်ေျားဒေသတွေမှာ တင်မကပါဘူး၊ ရန်ကုန်နဲ့ မိုင်(၅၀) ဧရိယာအတွင်းမှာ မီးထွန်းမရှာဘဲ တွေ့ နိုင်တင်ဆိုရင်ယုံမလား။ လှိုင်သာယာဘက်ကိုဘဲသွားကြည့်ကြပါလို့ညွှန်ပါရစေ။

    Reply

    • pan pan

      August 2, 2011 at 9:08 am

      ကိုယ်တိုင်လည်း အဲလိုလူတွေနဲ့ ကြုံဖူးပါတယ်
      ကော်ဖီမစ်၅ဝတန်တစ်ထုပ်နဲ့ အီကြာကွေးတစ်ချောင်းကို သားအမိသုံးယောက် မနက်စာတဲ့
      အမေလုပ်တဲ့လူကပြောတာပါ (သူတို့ လှိုင်သာယာမှာနေတယ်)
      ကော်ဖီမစ်ကို ခပ်ကျဲကျဲ သုံယောက်သောက်လို့ရအောင်ဖျော်တယ်တဲ့
      အီကြာကွေးလေးတစ်ချောင်းကို ဝေမျှစားကြသတဲ့
      စုစုပေါင်း ၁၅ဝကျတယ်
      တခြားဟာစားရင် ဒီထက်ပိုကုန်မယ်လေ
      အမေလုပ်တဲ့လူက မိုးတွင်းဆိုရင် အလေ့ကျပေါက်တဲ့ ကန်စွန်းရွက်တွေရောင်းတယ်
      တခြားအချိန်တွေ ကြုံရာကျပန်းပေ့ါ
      လက်ထဲမှာ ထောင်ဂဏန်းထက် ပိုမရှိဘူး
      တနေ့လုပ် တနေ့စားပဲ
      မလုပ်တဲ့နေ့ ငတ်ပဲ
      ရပ်ကွက်ထဲမှာ မုန့်ဦးနှောက်လာရောင်းတဲ့ဈေးသည်၊ ပဲပြုတ်လာရောင်းတဲ့ဈေးသည် (ကိုယ်နဲ့လည်းခင်တော့ မေးကြည့်မိတာပေ့ါ) သူတို့တွေလည်း သိပ်အဆင်ပြေကြတဲ့လူတွေမဟုတ်ဘူး
      မိုးတွင်းမှာ အိမ်မှာမိုးယိုလို့ မိုးစရာအတွက် ပိုက်ဆံမရှိဘူး
      တချို့ဆို ညဘက်တွေမိုးသည်းရင် အိပ်လို့တောင်မရဘူး
      တညလုံး ငုတ်တုပ်ထိုင်နေရသတဲ့ (မိုးယိုတာလည်း တစ်အိမ်လုံ ရွဲလို့)
      တကယ်ရှိတာပါ

      Reply

  • maungmoenyo

    August 2, 2011 at 7:28 am

    သိပ်အခက်အခဲရှိရင် ဒေါ်သန်းမြင့်အောင် တို့ လူမှုရေးအဖွဲ့မှာမေးကြည့်ရင်လဲသိနိုင်ကြောင်းပါ။

    Reply

  • ရွှေဘိုသား

    August 2, 2011 at 10:44 am

    ကျနော်တို. နိုင်ငံလား နံပါတ် 3 အချက်တော. လုပ်ဆောင်ပါတယ်ဗျ
    အကုန်လုံး ထိုင်းဘက် ပြောင်းကုန်ကြပြီလေဗျာ
    ဒါလည်း ရွှေ့ပြောင်း နေထိုင်မှုပဲ
    ရေကြည်ရာ မြတ်နုရှာ တာတော. မဟုတ်ဘူး
    မြန်မာနိုင်ငံထက်တော. ဘယ်နိုင်ငံမှ မဆိုးလောက်ပါဘူးဆိုပြီး သွားကြတာ

    Reply

    • alinsett

      November 29, 2013 at 8:50 pm

      အင်းးး

      အရင်တုန်းက.. ကျွန်တော်က.ပိုစ့်တင်ပြိးရင်..
      ကွန်မန့်တွေ.. ရီပလိုင်းပြန်လုပ်ရမှန်းတောင်.. သိပ်မသိသေး..

      အခုမှ..ပြန်ဖတ်မိတော့…
      ဆွေးနွေးထားတဲ ့သူတွေကို.. အားနာလိုက်တာ ..။

      Reply

Leave a Reply to alinsett Cancel Reply

Your email address will not be published.