လှတော့လှတယ် ဒါပေမယ့်……………….


နေဝင်ချိန်တိမ်တောက် အရုပ်သူတောင်လှတယ်ဆိုတဲ့အချိန်
မနေ့ညနေ ထမင်းစားပြီးအိမ်အပြင်ထွက်ကြည့်တော့ လှပသောမြင်ကွင်းကိုအတွေ့……………
သိပ်မကွာခြားတဲ့အချိန်မှာ တစ်နေရာထည်းကရို်က်တော့ ပုံလေးတွေကသိပ်တော့မကွာပါဘူး။
ကောင်းကင်ကို ကြည့်ရမြင်ရတာ တကယ့်ကိုလှပါတယ်။
ဒါပေမယ့်လောကမှာ ဘာမှအကုန်ကောင်းတယ် ပြည့်စုံတယ်မရှိဘူးဆိုတာကို သက်သေပြလိုက်သလို အောက်ကိုုငုံ့ကြည့်မိတဲ့အခါမှာတော့
အပေါ်ကလှသလောက်အောက်က မြေပြင်မှာတော့ အမိူက်တွေရှုပ်ပွ…………
အပေါ်ကလှသလောက်အောက်ကတော့ ညစ်ပတ်နေတဲ့မြင်ကွင်းကို တွေ့လိုက်ရပါတယ်။
ဒါလောက ရဲ့ သစ္စာတရားပါဘဲလို့ဆိုချင်ပါတယ်။
ကောင်းတာလဲပါ ဆိုးတာလဲရှိဆိုတဲ့သဘောလေးပေါ့

11 comments

  • windtalker

    July 31, 2011 at 11:45 pm

    လှတော့ လှတယ်
    ဒါပေမယ့်
    ဓါတ်ပုံ မှတ်တမ်းတင်သူ ၊ ကင်မရာမင်းက
    ပို ခန် ့ညားတယ်
    ( မန်းတလေး သားအချင်းချင်း အရှိကို အရှိတိုင်း ဖော်ပြလိုက်ပါ၏ ) ဟီဟိ

    Reply

  • maythakhin

    August 1, 2011 at 12:52 am

    လှတော့လှတယ် ဒါပေမဲ့ဆိုလို့ ဝင်ပြီးပြောလိုက်ဦးမယ်။
    ၁။ လောကကြီးမှာ ဘယ်အရာမှပြည့်စုံခြင်းမရှိဘူးလို့ သရုပ်ပြပေးနေသလိုပဲ။
    ၂။ အပေါ်ယံကိုကြည့်လို့ မရဘူးလို့ လည်းပြောနေသလိုပဲ။
    ၃။ ဒီဓါတ်ပုံဟာ လူတွေရဲ့သဘောတရားနဲ့လည်း ဆင်နေသလို့ဘဲ
    မေတွေးမိတာလေးကို ရေးတာပါ။
    ပုံမှန်ကြည့်မိရင် ဘာမှမပေါ်ပေမဲ့ အတွေးနဲ့ကြည့်မိတော့ အတွေးပေါ်လာတာလေးကို ဝေဖန်တာနော် ကိုပေါက်ရေ အတွေးကတော့ ပါးလားထူလားလို့ ကိုပေါက်ပဲ ဆုံးဖြတ်လိုက်ပါတော့။

    Reply

    • redbull

      August 1, 2011 at 12:04 pm

      မေတွေးမိတာလေးကို ရေးတာပါ။….ဆိုပဲ…
      လေ့လေ့ လေ့လေ့ မေလားမောင်လား……
      ဝါးတားတား…ဟားးးး

      Reply

  • pan pan

    August 1, 2011 at 10:31 am

    ဆန့်ကျင်ဘက်နှစ်ခု အားပြိုင်နေတာပဲနော်
    အောက်ဘက်ကအမှိုက်တွေများလာတာနဲ့အမျှ အပေါ်ဘက်ကလှပတဲ့ရှုခင်းလည်း ကြာကြာခံမယ်မထင်ပါဘူး
    အမှိုက်တွေမမြင်ခင် အပေါ်ပုံတွေကြည့်ရတုန်းက ဆွတ်ပျံ့နေတဲ့စိတ်လေး အောက်ကပုံတွေမြင်တော့ ပျောက်သွားတယ် 🙁

    Reply

  • အဲဒီနေ့ညနေက တိမ်ကို ဘဲ အလှတွေမြင်နေတော့ ဒီအတိုင်းရိုက်ထည့်လိုက်ပါတယ်။
    ည ကွန်ပြူတာထည်းထဲ့ကြည့်တဲ့အခါ မှ အမှိူက်တွေပါလာတာမြင်မိပါတယ်.။
    အစကတော့ ဖိုတိုရှော့သုုံးပြီးပြင်ဘို့ စဉ်းစားပါသေးတယ်။
    နောက်တော့လောကကြီးမှာ လှပခြင်းနဲ့တွဲရက် အကျည်းတန်တာလဲရှိပါတယ်ဆိုတာ
    ကိုတင်ပြချင်တာနဲ့ မပြင်ဘဲတင်ပေးလိုက်ပါတယ်။
    အပေါ်ကပုံတွေကို ဆွတ်ပျံ့စွာခံစားကောင်းနေတုန်းအကျည်းတန်တာမြင်မိလို့
    ဖီးလ်တွေများကွေးကုန်ရင် တောင်းပန်ပါသဗျာ။
    ပါးပါးလေးဘဲတွေးတတ်တဲ့ ကိုပေါက် ကို ခွင့်လွှတ်ကြပါနော်။

    Reply

  • moethidasoe

    August 1, 2011 at 1:25 pm

    ကမ်းခြေမှာလဲ ကျောက် ရှိမှ
    လမ်းဆိုရင်လဲ ချိုင့် ရှိမှ
    အိမ်တိုင်းမှာလဲ ဖယောင်းတိုင် ရှိမှ ..
    နေရာတိုင်းမှာလဲ အမှိုက်ရှိမှ ..
    (အိမ်နားက ပလတ်စတစ်ကောက်သမားကို လက်တို့လိုက်ဖို့ ဘယ်နားလဲ ဟင်)

    Reply

  • မမိုးရေ
    မန်းလေးကန်တော်ကြီးနားမှာပါ။
    လွှတ်လိုက်နော် စောင့်နေမယ်လို့။

    Reply

  • etone

    August 1, 2011 at 2:14 pm

    လေးပေါက် မိုးတွင်းကြီး ကင်မရာမန်းလုပ်နေတာ ကျွတ်လည်း တွယ်ဦးမယ် သတားထိပါဗျို ။။။။။။။။။။

    Reply

  • naywoonni

    August 1, 2011 at 9:19 pm

    ကျွတ်တော့ မရှိဘူး မျှော့နဲ့တွေ့မယ်..။ အကျည်းတန် လှချိန်ကို မြင်ရတဲ့အတွက်ကျေးဇူးပါ….။ စာလည်းရေးပါဦး …။

    Reply

  • စာရေးဘို့မအားရင် ဘဲဖြစ်ဖြစ်
    စာရေုးဘို့ စိတ်မပါရင်ဘဲဖြစ်ဖြစ်
    ရွာထဲကလူတွေက
    ကိုပေါက် ကိုမေ့သွားမှာစိုးတော့ ဓါတ်ပုံတွေတင်ပေးပါတယ်။

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.