ငါတွေ ့ခဲ့တာ ဒီလိုပါ ( ခေမာသို ့) သို ့(မန်းတလေး ပျင်းခြင်း)

မောင် ပေJuly 30, 20111min08

ည…

ထုံးစံ အတိုင်း မဲမဲမှောင်

အမှောင်ရိပ် က ထွက်ထာတာ ပျိုမေ တစ်သိုက်

အလဲ့….

ဆိုင်ကယ်တွေ ကိုယ်စီ နဲ ့၊ ဆိုပါကလား

ဈေးသိပ်မကြီး တဲ့ ရေမွှေးရနံ ့ တွေ

လေထုထဲ ကို ရောက်လာတယ်

အဝေးက လှမ်းကြည့်ရင်

ကလီယို ပတ်ထရာ ရှုံးတယ်

ဓါတ်တိုင် တစ်ချို  ့ရဲ  ့နီယွန်ဟာ

သူတို ့ခိုဝင်မှ ပိုလင်းနေလား

ဖွေးဖွေး ဖြူဖြူ လှလှပပ

သေချာမကြည့်ရင်

ဗိုက်ကလေး ပူတာကို မသိဘူး

သောက်ခဲ့တဲ့ လစ်ကွာ ပမာဏ ဟာ

သူမ တို ့တစ်တွေ ရဲ  ့

လှပမှု ကို ဆုံးဖြတ်တယ်

ကိန္နရီချောင်း ကြားမှာ  ရဲနှစ်ယောက် ဆိုင်ကယ် နဲ ့ဖြတ်သွားတုန်း

လေလံ မအောင်တဲ့ အင်းသူကြီး တစ်ယောက် လို

ငါးတွေ ကို အံကြိတ်ရင်း ကြည့်သလို မျိုး

ဒီ တွေ ့ဆုံပွဲကိုတော့

သူမ တို ့တစ်သိုက် လိုလိုလားလားရှိတယ်

ဟိတ်……………………

နင်တို ့တွေ ဘာရပ်လုပ်နေတာလဲ

ဘာများ ကူညီပေးရမလဲ လို ့

သိ ချင် ရုံ သပ်သပ် ပါလို ့ ဆိုမိတော့

ဖရုသ ဝါစာ ကို ဗဟိုပြု တဲ့

အင်အားပြင်း

မုန်တိုင်းငယ် တစ်ခု ဟာ

ငါ့ နား ၂ ဖက် ကို

ဖြတ်သန်း သွားခဲ့တယ်

ခေမာရယ် ။

( လွမ်းချင်း ဟု ရှိသော်လည်း ။ ကျွန်တော် ခံစားရနေသည် မှာ ပျင်းရိခြင်း သာကြောင့် ပျင်းခြင်း ဟု ခေါင်းစဉ်တပ်ပါသည် )

8 comments

  • PaukPhaw

    July 30, 2011 at 10:13 am

    ကဗျာအမျိုးအစား အသစ်ပေါ်ထွက်လာပါပကောလား..

    ဘာတဲ့…..ပျင်းခြင်း ဆိုပဲ

    ပျင်းခြင်း။……….။..ပျင်းတဲ့အခါ စပ်ဆိုသောကဗျာကို ပျင်းခြင်း ဟုခေါ်သည်။

    Reply

  • mzm

    July 30, 2011 at 12:23 pm

    အော်ဒုက္ခ ပျင်းတာတောင် ကဗျာကစပ်နိုင်သေးတယ် ဂုဏ်ယူပါတယ် ကိုငပျင်းရေ

    Reply

  • ogre

    July 30, 2011 at 1:13 pm

    ပျင်းပျင်းနဲ
    ပျင်းလို့
    ဖတ်သွားတယ် ပျင်းလိုက်တာ

    Reply

  • ဖရုသ ဝါစာ ကို ဗဟိုပြု တဲ့

    အင်အားပြင်း

    မုန်တိုင်းငယ် တစ်ခု ဟာ

    ငါ့ နား ၂ ဖက် ကို

    ဖြတ်သန်း သွားခဲ့တယ်

    ခေမာရယ် ။
    နင့်ပေးဘို့အတွက်
    ငါ့အိပ်ထဲမှာ ငွေတစ်ကျပ်တောင်မရှိ
    နင်ဒါကိုသာသိရင်
    ငါ့ကို ငါ့ကို
    ငါ့ကို ငါ့ကို
    ငါ့ကို ငါ့ကို
    ငါ့ကို ငါ့ကို
    ငါ့ကို ငါ့ကို………………………………

    Reply

  • ရွှေဘိုသား

    July 30, 2011 at 10:44 pm

    ကိုပေ ကျနော်.ကိုလည်း သင်ပေးအုံး ကို.ပေ.အကြောင်း အပြည်.အစုံ မဟုတ်ပါဆိုတဲ.ပို.စ်
    တင်သလို အဲဒီမှာတင်ချင်တယ် မတင်တတ်ဘူးဗျ ကူညီပါအုံး

    Reply

  • unclegyi1974

    July 30, 2011 at 11:22 pm

    နင့်ပေးဖို့ငွေ၁ကျပ်တောင်မရှိ
    ရှိရင်ငါလည်းဒီပိုစ်ရေးဖြစ်မှာမဟုတ်

    Reply

  • windtalker

    July 31, 2011 at 12:50 am

    ရှိရင်လည်း အပြင်ထွက် ကဲ မယ် ဆိုတဲ့
    သဘောနဲ ့လား ဗျ
    အန်ကယ်ကြီး ရ
    ဖြေပါဦး
    သိချင်စမ်းပါဘိ

    Reply

  • kai

    July 31, 2011 at 4:35 am

    တမ်းချင်း..။ သီချင်း..၊ လွမ်းချင်း… ဖြစ်တာမို ့…
    ပျင်းချင်း ဆိုရင် ပိုလှမယ်ထင်တယ်..။

    ပျင်းစရှိလျှင် ပျင်းချင်ချင်တည့်
    ပျင်းပင်ပျင်းရိုး ပျင်းပင်ပျိုးသည်
    ပျင်းရိုးမယ့်မောင် ပျင်းစထောင်သည်
    ယွင်းအောင်မောင်ခွေး ပျင်းနဲ့လေး….

    တဲ့..။

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.