တောင်စောင်းမှာအိမ် အိမ်ပေါ်မှာတောင် တောင်ပေါ်မှာဘုရား

မိုးကုတ်ကိုရောက်တော့ မနက်အိပ်ယာထလို့လမ်းလျှောက်တဲ့အချိန်
ကျနော်တည်းတဲ့မိုးကုတ်မိုတယ်ရဲ့ အရှေ့ဘက်က တောင်ပေါ်မှာ
အလွန်သပ္ပါယ်လှတဲ့စေတီကို တွေ့ရပါတယ်။
ပတ္တမြားစေတီဖြစ်ပါတယ်။
အဲဒီတောင်ရဲ့တောင်စောင်းမှာ လူနေအိမ်ကလေးတွေဆောက်ထားတာကို ချစ်စဖွယ်တွေ့ရပါတယ်။
အောက်ခြေမြေပြင်ကနေစလို့ တစ်ဆင့်စီတစ်ဆင့်စီမြှင့်ပြီး အိမ်လေးတွေတည်လို့ထားပါတယ်။
အိမ်လေးတွေက အုဌ်ခံအိမ်လဲပါတယ်။
ထရံကာသွတ်မိုးရောပျဉ်ကာသွတ်မိုးရော။
တစ်ထပ်အိမ်ရော နှစ်ထပ်အိမ်ပုံစံအမျိုးမျိုးပါဘဲ။
တစ်အိမ်နဲ့တစ်အိမ်ဆင့်စီပြီးဆောက်ထားသလိုပါဘဲ။
ဒါကတော့အောက်ခြေကနေ အိမ်တွေပေါ်ကိုတက်ဘို့လမ်းအဝင်တံတားလေး။
ဒါလေးကတော့ အဆင့်ဆင့်မြင့်တက်သွားတဲ့အိမ်လေးကို သွားရာ အုဌ်လှေခါးလေးပေါ့။
အိ်မ်တွေရဲ့အပေါ်မှာတည်ထားတဲ့ဘုရားလေးပါ။
ဒါကတော့ မိုးကုတ်မြို့အနောက်တောင်ဘက်ခြမ်းမှာရှိတဲ့ ဖောင်တော်ဦးဘုရားပေါ်ကနေမြင်ရတဲ့မြင်ကွင်းပါ။
အဲဒီဘက်မှာလဲ အိမ်ကလေးတွေက တောင်နံရံမှာအနီမ့်အမြင့်စီလို့ဆောက်ထားတာ လှတပတ။
ဒါကတော့မြို့အနောက်မြောက်ဘက်ခြမ်းကအိမ်လေးတွေပေါ့.
သူတို့ကလဲတောင်ကုန်းပေါ်မှာပါဘဲ။
မြို့ရဲ့မြောက်ဘက်ခြမ်းကို ဖောင်တော်ဦးဘုရားပေါ်ကနေစီးမြင်ရတဲ့ပုံလေးပါ။
မိုးကုတ်မြို့ကတောင်ပါတ်လည်ဝိုင်းတဲ့မြို့လေးဖြစ်တော့ တောင်စောင်းအဆင့်ဆင့်မှာ လူနေအိမ်တွေဆောက်လို့နေကြပါတယ်။
သူတို့နေတဲ့အိမ်အထက်မှာတော့ တောင်ရှိပြီး တောင်ပေါ်မှာတော့ ဘုရားစေတီတွေကို တည်ထားပါတယ်။
စေတီတွေတောင်ပေါ်တည်တော့ ဘာလုပ်မှာလဲလို့ အငေါ်တူးပြီး မေးလို့ရပေမယ့်။
ကျနော့်အမြင်ပြောရရင် စိတ်ကြည်နူးစရာကောင်းတယ်လို့ခံစားရပါတယ်။
လူတစ်ယောက်မှာအဓိကအကျဆုံးအချက်ကတော့ စိတ်ကြည်နူးတယ်ဆိုတာလဲ တစ်ခုပါဝင်ပါတယ်။
ဒါကြောင့်လဲ ကျနော်ဓါတ်ပုံများတင်ပေးတဲ့အခါ စိတ်ကြည်နူးစေဘို့ ရည်ရွယ်လို့တင်ပေးပါတယ်။

4 comments

  • အခုရက် မိုးကုတ်ပုံတွေချည်းတင်တာ စိတ်တော့မရှိနဲ့နော်။
    တကယ်ကို နှစ်သက်လွန်းလို့ လှလွန်းလို့တင်ပေးတာပါ။

    Reply

  • ဆူး

    July 29, 2011 at 11:10 pm

    မိုးကုတ် အလွမ်းပြေပေါ့။

    Reply

  • mandalarthu

    July 29, 2011 at 11:11 pm

    Yeah! Really Pleasant photos!
    I also feel pleasant feeling to see these lovely scenic photos.
    Yr. shooting hit the target!
    Thanks for sharing us.

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.