ရေတွင်းဆယ်ခြင်း

moonpoemJuly 29, 20111min07

ရန်ကုန် မြို ့ထဲ၊ မန ္တလေးမြို ့တွင်းမှာသာ ရေမီတာတွေ အသုံးပြု နေရတာ။ နယ်မြို ့လေးတွေမှာ ဆိုရင်
အဆင်ပြေတဲ့သူက ကိုယ့်အိမ်ခြံဝင်းထဲ မှာ ရေစက်တူးပြီး ရေသုံးပေမယ့် အဆင်မပြေတဲ့ ရပ်ကွက်လေးမှာတော့
လမ်းထိပ်တွေ ၊ လမ်းထဲမှာ ရေတွင်းတွေ ထားရှိတတ်ကြပါတယ်။ ရေတွင်းရေကန်မှာလည်း တချို ့ရေတွင်းတွေဆိုရင် အမိုးအကာမပါတတ်ကြပါဘူး။ မိုးရွာတဲ့အခါမှာဆိုရင် မိုးရေတွေ၊ လေတိုက်တဲ့အခါ သစ်ရွက်တွေ ဖုန်တွေဟာ ရေတွင်းထဲမှာ ကျတဲ့အတွက်ကြောင့် တစ်နှစ်လောက်ရှိပြီ ဆိုရင် ရေတွင်း ဟာ အတော်ညစ်ပတ်လာပါတယ်။ ဒါကိုမှ မပြင်ဆင် မသန် ့ရှင်းဘူးဆို ရင် သုံးလို ့မရတော့ပါဘူး ။ များသောအားဖြင့်ရေတွင်းဆယ်တဲ့အခါ နှစ်ဆန်းတစ်ရက်နေ ့မှာ လုပ်တာများပါတယ်။ နှစ်ဟောင်းက အညစ်အကြေးတွေ သန် ့စင်တဲ့ အထိမ်းအမှတ်တစ်ခု အနေနဲ ့ပေါ့။ ရေတွင်း ဆယ်ပြီ ဆိုရင် ရေငုပ်ကျွမ်းကျင်တဲ့အ မျိုးသားတစ်ဦးက ရေတွင်းထဲထိဆင်းပြီး
ရေငင်တဲ့ပုံးတွေထဲကို အမှိုက်တွေ ထည့်ပေးလိုက်ပါတယ်။ ဆယ်ပေးလိုက်တဲ့ အမှိုက်တွေကို ရေတွင်းနှုတ်ခမ်းဝမှာ စောင့်နေတဲ့ ယောက်ျားကြီး ၄ယောက်၅ယောက်လောက်က ဝိုင်းဆွဲပြီး အမှိုက်ပစ်ကြပါတယ။် တဖြည်းဖြည်း ဆယ်လို ့အမှိုက်သိပ်မရှိတော့ဘူး ရေကြည်လာတော့မှ ရေတွင်းဆယ်ခြင်းဟာ ပြီး ဆုံးသွားပါတယ်။ ကျွန်မဒီနှစ်သင်္ကြန် မန္တလေးပြန်တော့ အိမ်အနီးမှာ တွေ ့ခဲ့တဲ့
ရေတွင်းဆယ်ခြင်းကို ပြန်လည်မျှဝေခြင်းပါ။

7 comments

  • weiwei

    July 29, 2011 at 2:14 pm

    နယ်မှာဆို အိမ်တိုင်း ရေတွင်းရှိတော့ နှစ်တိုင်းရေတွင်းဆယ်ရတာ မထူးဆန်းပါဘူး …

    ကျွန်မတို့အိမ်ဘေးအိမ်က ရေတွင်းတစ်တွင်း ဒီနှစ်ပြိုကျသွားတာတော့ နဲနဲထိတ်လန့်စရာကောင်းတယ် …. ရေတွင်းက သာမန်တွင်းတွေထက် အဝပိုကျယ်တဲ့ရေတွင်း၊ အိမ်နောက်ဘေးမီးဖိုဘက်နဲ့လဲနီးတဲ့နေရာမှာ … ဝုန်းကနဲအော်သံကြီးနဲ့ တွင်းပြိုကျသွားတာ တိုက်အိမ်တောင် နဲနဲနိမ့်သွားတယ် …

    Reply

  • pan pan

    July 29, 2011 at 2:15 pm

    “မန္တလေးပြန်တော့ အိမ်အနီးမှာ တွေ ့ခဲ့တဲ့
    ရေတွင်းဆယ်ခြင်းကို ပြန်လည်မျှဝေခြင်းပါ”
    ပုံတွေပါလားဟင်
    မတွေ့ရလို့

    Reply

  • pisikway

    July 29, 2011 at 2:28 pm

    ဟိုးတလောကကျမတို့နေတဲ့တိုက်ခန်းအိမ်ယာရေကန်ထဲကြောင်ပြုတ်ကျပြီးသေသွားလို့ ရေကန်ဆယ်ကြတယ်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ကန်ဆေးခြင်းပဲ။ မိုက်တယ်နော်။

    Reply

  • ဆူး

    July 29, 2011 at 8:52 pm

    ရေတွင်းထဲက အမှိုက်ကောက်တယ် ဆိုတော့.. ရေတွင်း အောက်ခြေမှာ မတ်တပ်ရပ်တာမျိုး လုပ်လို့ ရလို့လား..

    Reply

    • မင်းပြည့်ရှိန်

      July 29, 2011 at 11:53 pm

      ရသပါ့…မမဆူးရယ်..
      ကျယ်တဲ့ ရေတွင်းများဆို… အိပ်ယာခင်းပြီး အိပ်လို့ရတယ်..
      ရေတွင်းဆယ်တာတော့ နွေအခါ ပေါ့.. ရေခန်းချိန် ဆို ဆယ်ကြတယ်…
      နွံတွေ..နုံးတွေ.. မတော်တဆ ကျထားတဲ့ အမှိုက်တွေ…ဆယ်ကြတယ်..
      နည်းနည်းလည်း ထပ်တူးတာပေါ့….

      Reply

  • တညင်သား

    July 30, 2011 at 12:51 am

    ရေတွင်းဆယ်တာကတော့ ရေခန်းတဲ့အချိန် မိုးမလာခင် ဆယ်ကြတာများတယ်…………ရေတွင်းဆယ်ရင် တော်တော်သတိထားရမယ် ..တွင်းထဲ အောက်စီဂျင်ပျက်ပြီး အသက်အန ္တရာယ် ရှိနိင်တယ်…..မနှစ်ကတောင်ဆယ်သေးတာပဲဆိုပြီး ပေါ့လို့မရဘူး……တွင်းထဲမဆင်းခင် အောက်စီဂျင်ရှိ။ မရှိ စမ်းသပ်ပြီးမှ ဆင်းသင့်တယ်..
    အလွယ်ကူဆုံးနည်းကတော့ ဖယောင်းတိုင်မီးထွန်းပြီး တွင်းထဲချကြည့်ပါ မီးသေသွားရင် တွင်းထဲကို မဆင်းသင့်ပါဘူး..

    Reply

  • moethidasoe

    July 30, 2011 at 6:36 am

    ဒီနှစ် အဝီစိတွင်းတွေ ရေနည်းလာကြတယ်နော် .. မိုးတွင်းတောင် ရေ သိပ် မလိုက်ချင်ကြဘူး
    ကန် ဆယ်တယ် ဆိုတာ .. ကိုယ့် ကံကို မြှင့်တင်တဲ့ လုပ်ငန်း တခုလို့လဲ မှတ်ပေးကြပါ ..
    ကန်ဆယ် .. ကန်တူး .. ညောင်ထောက် (လမ်းရှင်းတာ) .. တံတားထိုးတာတွေ ပေါ့
    သာဓု သာဓု သာဓု

    Reply

Leave a Reply to moethidasoe Cancel Reply

Your email address will not be published.