ဧဒင်ဥယျာဉ် အဟတ်ခံရခြင်း လား

ဧဒင်ဥယျာဉ် အဟတ်ခံရခြင်း လား
မင်္ဂလာပါခင်ဗျာ

25 .7 .2011 ညနေ 4း30 လောက်အချိန်မှစ၍ လူတဦးမှ
ပင်မစာမျက်နှာကိုလာရောက်ပြီးစိတ်မချမ်းမြေ့စွာဖြင့် ယှက်ခဲ့ပါသည် ထိုအချိန်တွင် ဥယျဉ်မူးသည် လည်အရေးကြးီအလုပ်နှင့်အစည်းဝေးရှိနေသောကြောင့် မသိရှိလိုက်ပါသဖြင့် ခေတ္တခဏ သာ ပင်မစာမျက်နှာမှ Html ကုတ်များကို ဖျက်ဆီးနေပါတယ် ။

26 . 7 .2011မနက်တနာရီတွင် ဥယျဉ်မူး မှသိရှိပြီး ပြန်လည် ပြင်ဆင်ပေးခဲ့ပြီး ဧဒင်မောင် နှမများအားလုံးသို ့SMS များ ယခု ့လို ပေးပို ့ခဲ့ပါသည်

မင်္ဂလာပါ

အဖွဲ့သားများ ဧဒင်ကို ကျွန်တော် ပြန်ပြင်နေပါပြီ စိတ်မပူပါနှင့် မည်သည့် အချက်လက်ကိုမျှ ကျွန်တော်ဖျက်ခွင့်မပြုထားပါ ။ဧဒင်ကို ကိုင်တွယ်သော ဥယျာဉ်မှူး အားလုံး မိမိ အကောင့်များကို ချက်ချင်း ပြန်ဝင်ပါ ကျွန်တော် စစ်မည် ။

ဧဒင်အဟတ်ခံရသည်မဟုတ်ပါ ။ Admin အကောင့်တစ်ခု မလုံခြုံသောကြောင့် ယနေ့ အဖြစ်အပျက် ဖြစ်ပွားခြင်းကိုကျွန်တော် တာဝန်ယူပြင်ဆင်ပါမည် ။

ဥယျာဉ်မှူးအားလုံး အကောင့်များ Password ပြောင်းရန် ချက်ချင်းလုပ်ဆောင်ပါ ။မည်သည့် ဥယျာဉ်မှူး email ဖွင့်မရပါသည်ကို ကျွန်တော့်ထံချက်ချင်းအကြောင်းကြားပါ ။

ဧဒင်ဥယျာဉ်အား ယာယီ ပုံစံဖြင့် ပြန်တင်ပေးထားသည် ။ အစအဆုံးနဂိုအတိုင်းပြန်လည်အသုံးပြုနိုင်ပါသည်။

ဥယျာဉ်မှူး တစ်ယောက်ယောက်နှင့် အနီးစပ်ဆုံးသော ဧဒင်အား ပြင်ဆင်သွားသူအား IP မှအစ ဘန်းပြီးဖြစ်သည် ။

ယနေ့ ဥယျာဉ်မှူး တစ်ယောက်ယောက် ပေါ့လျှော့မှု့ကြောင့် ဖြစ်ပျက်သွားသမျှ ကျွန်တော် အားလုံးပြင်ဆင်ပြီးဖြစ်သည် ။

ဧဒင်ဥယျာဉ်အား အဖွဲ့သားများ စိတ်ပေါ့ပါးစွာ ပြန်လည်သုံးနိုင်ပါပြီ .
ကျွန်တော်ယနေ့ တာဝန်များစွာဖြင့် အလုပ်များသောကြောင့် ယခုမှ ပြန်ပြင်ပေးခြင်းကို နားလည်ပေးပါရန် ။

လေးစားလျှက်

KOMYO

အဖြစ်အပျက် အလုံးစုံ ။

မြန်မာစံတော်ချိန် ည 9 နာရီခန့်က စပြီးဥယျာဉ်မှူးဖုန်း ကို ခေါ်တဲ့ ခေါ်ဆိုမှု့ပေါင်း 182 call တိတိကို ကျွန်တော် ထပ်ဆင့်လက်ခံရရှိပါတယ်။ ဥယျာဉ်မှူး KOMYO အစည်းဝေး နာရီကြာမယ့်အကြောင်းမနက်ကတည်းက သိပြီး ဖုန်း Divert လုပ်ထားလို့လဲ ကျွန်တော် call အားလုံးကို သိရှိရပါတယ် ။

နောက်ဆုံး ဥယျာဉ်မှူး ဖုန်းကိုင်နိုင်တဲ့ အချိန်ရောက်လို့ အသိပေးတော့မှ ပြန်လည်ဖြေကြားထားတာက


” ညီလေး ဟတ်မယ်ဆို ဆိုဒ်တစ်ခုလုံးကို ဖျက်ချသွားလို့ရတယ် ဒါက ဟတ်တယ်လို့ပြောလဲရတယ် လက်တည့်စမ်းတယ်ပြောလဲရတယ် ဧဒင်က Ning Platform နဲ့ တည်ဆောက်ထားတာကြောင့် Hosting မှာ အားသာတယ် ။ Css နဲ့ HTML တွေမှာ အားနည်းမယ် ဘာပဲဖြစ်ဖြစ် အကို့အကောင့်ကို Secure လုပ်ထားလို့ မပူပါနဲ့”

ဆိုတဲ့ ပြန်ဖြေသံကို ကြားလိုက်ရတော့ နဲနဲ စိတ်အေးရပါတယ် ။ ကိုမျိုး Back up လုပ်ထားတဲ့ Data တွေအားလုံးက ကျွန်တော်တို့ကို ချက်ချင်း ပြန်လည် ပြင်ဆင်ဖို့ အားသာစေပါတယ် ။ ဒါကြောင့် နာမည်ကြီး နေတဲ့ Hacking အဖွဲ့ တစ်စုရဲ့ ရည်ရွယ်ချက်မဲ့ ရမ်းကားမှု့ကနေ မိနစ်ပိုင်းအတွင်း ကျွန်တော်တို့ ပြန်လည်ရယူ ထားနိုင်ခဲ့ပါတယ် ။

တခြားဆိုဒ်တွေလို လဲ အချက်လက် နှမ်းတစ်စေ့စာတောင် မပျောက်ပျက်သွာခဲ့ပါဘူး ။

ကိုမျိုးကတော့ ထုံးစံအတိုင်း လုပ်စရာတစ်ခုရှိလာရင် ချက်ချင်းထလုပ်တတ်တဲ့အတိုင်း ကျွန်တော်တို့ မျက်နှာပူစွာ ဧဒင်ကို ချက်ချင်း ပြန်လည်ကြည့်ရှု့တော့ ဥယျာဉ်မှူးအကောင့်ကို လုံးဝ ထိလို့မရပဲ ဒီအတိုင်းရှိနေတာ စတွေ့ရပြီး ရမ်းကားတဲ့ gmail အကောင့် service.psd@gmail.com တစ်ခုကို အသုံးပြုထားတဲ့ Boggy ဆိုတဲ့ အရှက်တရားမဲ့ လူသောင်းပေါင်းများစွာ အပန်းဖြေတဲ့ ဧဒင်ဥယျာဉ်ရဲ့ ပင်မစာမျက်နှာက Decoration အားလုံးကို ဖျက်ဆီနေပြီး ဧဒင်ကို ဟတ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ် ။

ထို့အတူ အရှက်မရှိ BHG စာမျက်နှာမှာ ဧဒင်ကို ဟတ်လိုက်ပါပြီလို့ ကြော်ငြာထားတာကိုလဲ အောက်ပါအတိုင်းတွေ့ရှိရပါတယ် ။

http://www.blinkhackergroup.net/2011/07/httpwww.html
====================================================
ဒါကကျမပင်တိုင်၂နှစ်ကျင်လည်စာရေးခဲ ့တဲ ့ဆိုဒ်မှာဖြစ်သွားတာပါ…ဖြစ်စဉ်တစ်လျောက်လုံး….အစမှအဆုံး ဆိုဒ်တခုလုံး စတင် ဖျက်ဆီးနေတာမြင်ရပြီး ည၂နာရီထိ ဆိုဒ်ထဲ က မထွက်နိုင်ခဲ ့ပါဘူး..။တညလုံးလည်း အိပ်မပျော်ခဲ ့ပါဘူး…။
ဒါနဲ ့ဘဲ ကျမလည်း .BHGအဖွဲ ့ထဲ ဝင်ရောက်ပြီး..သူတို ့ဘာကြောင့်ဖျက်ရခြင်းကို လေ ့လာခဲ ့ပါတယ်..။BHG ကအခုထိလည်း ဆိုဒ်ထဲ မှာအပြန်အလှန်ခြိမ်းခြောက်နေဆဲ ပါဘဲ….။
……

သူနိုင်ကိုယ်နိုင်ဟတ်ကာများနဲ ့အပြန်အလှန်စကားရန်ပွဲတွေကြား..ကျမလည်းဝင်ရောက်ဖြေရှင်းပြီး ကျေအေးခါနီးမှ..ဂျင်းတွေ ကလည်း တပွဲထပူကြပြန်ရောလေ…
စာလည်းမရေးနိုင်သလို ..နှစ်ဖွဲ ့ကြားဖြေရှင်းရင်းနဲ ့ဘဲ…ကျမဒီထဲ မှာလာရင်ဖွင့်လိုက်ပါတယ်..။

ကျမအတွက်ကလည်းဧဒင်ဥယျာဉ်မရှိရင်မဖြစ်ဘူးလေ…

ကျမစာတွေ…နှမြောတသဖြစ်ရင်း….
ကျမဟတ်တော့မကွဲချင်ဘူးလေနော်

ခင်မင်လေးစားသော
ရွှေအိမ်စည်

7 comments

  • koyinmaung

    July 28, 2011 at 4:33 am

    ဒါကြောင့်ထင်တယ်26ရက်နေ့က ဝင်ကြည့်တာဒီပုံဘဲမြင်တယ် …..

    Reply

  • manawphyulay

    July 28, 2011 at 11:18 am

    ရွှေအိမ်စည်လေးရေ… ဟက်မကွဲချင်ရင်လည်း ဒေတာတွေကို စတစ်နဲ့သိမ်းဆည်းထားခြင်းတို့ ကိုယ်ပိုင်ဆိုက်လေးတစ်ခုဖန်တီးထားခြင်းတို့ကို ပြုလုပ်ထားရင် ပိုကောင်းမယ်လို့ အကြံပြုလိုက်ပါတယ်နော်။ ဒီလိုပါပဲ လက်တည့်စမ်းတဲ့သူတွေပိုပေါလာနေတာတော့ ဆိုက်ကိုလုံခြုံအောင် လုပ်ကြရတော့မှာပေါ့ရှင်။

    Reply

  • ကြောင်ကြီး

    July 28, 2011 at 11:25 am

    နင်တို့ကို ဟက်တာ ငါပဲကွ… ။ မကျေနပ်ရင် မန်းလေးဂေဇကို ပြန်လာဟက်စမ်း.. မိုးရဲရင် ဆောင်းရဲတယ်ဟေ့…။ ဒါမျိုးတွေအတွက် မောင်ခိုင်ကို လခပေးပြီး သဂျီးအယောင်ဆောင် ခန့်ထားတာ…။ 👿

    Reply

    • shweaeimsi

      July 28, 2011 at 11:29 am

      ဟယ်….ဥိးကြောင်လည်းရန်ဖြစ်တတ်တာဘဲ…

      အမလေးမကြုံဘူးလို ့ပါ….
      ကျနော်တော့လန် ့တောင်သွားတယ်….
      ကျနော်နိုင်ဆိုဒ်www.shweaimsi.ning.com နဲ ့ဧဒင်ဥယျာဉ်ကပုံစံတူလုပ်ထားတာလေ…
      ငွေမတတ်နိုင်လို ့ဟီးးးး

      Reply

  • shweaeimsi

    July 28, 2011 at 11:26 am

    လုပ်ထားတယ်..များနေတယ်..အများကြီးဘဲ….
    တကယ်ဘဲ…အခုထိလည်း..ဟတ်ကာနဲ ့ဆိုဒ်ရှင်ကြားကြေလည်မှုမရသေးဘူး….
    ရန်ဘဲဖြစ်နေကြတယ်…
    ငါလည်းညစ်လို ့ဒီထဲစာလာဖတ်နေပါတယ်…
    ဒိကလူတေါ လည်း..ဖြစ်ကြတယ်နော်..ရန်

    Reply

  • windtalker

    July 28, 2011 at 8:20 pm

    ကျုပ် ဆိုက်လဲ ဟက်ခံ လိုက်ရတာ ဗျ
    ခုထိ ကို ပြန်မရသေးဘူး
    ဘယ်သူ ့သွားပြောလို ့ပြောရမှန်းကို မသိဘူး

    Reply

    • ရွှေအိမ်စည်

      July 28, 2011 at 10:11 pm

      ဟုတ်တယ်…BHGထဲ ကျနော်မန်ဘာဝင်ထားတယ်…
      သူတို ့ဟတ်တာသေချာရင်..ကျနော်ကြားကဖြေရှင်းပေးကြည့်ရမလား..

      သူတို ့ကဟတ်မယ်ဆိုကြိုသတင်းပေးတယ်..ဆိုဒ်နာမည်ပြောပြလေ..ကျနော်အဲ ့ဒိထဲ ဝင်ကြည့်ပေးမယ်

      Reply

Leave a Reply to ရွှေအိမ်စည် Cancel Reply

Your email address will not be published.