ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း

ETJuly 27, 20111min015

ကျွန်တော် မနှစ်က ဒေါ်ညိမ်းကျေးရွာမှာ တာဝန်ထမ်းဆောင်စဉ်က ရေးထားတာလေးပါ

ကျွန်တော် ရဲ့ကိုယ်ပိုင်ဘလေ့ာမှာလည်း ရေးတင်ထားပြီးသားပါ

အခုပြန်လည်ဖော်ပြရခြင်းဖြစ်ပါတယ်။

ခင်မင်စွာဖြင့်

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း

ဒေါ်ညိမ်းငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ။
ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ။
မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ။
“မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။
နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ။
ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊ ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အဝစု ……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်။
ကြူံတုန်းပြောရဥိးမယ် ( ဖျာပုံ – ဒေါ်ညိမ်း) ကားလမ်းခရီးက လိုင်းကားနဲ့ဆို (၃)နာရီကျော်ကျော်မောင်းရပါတယ်။
ဆိုင်ကယ် Taxi  လည်းရှိပါတယ် (ဈေးတော့ နည်းနည်းကြီးပါတယ်)…………..
တစ်နေ့ ကျွန်တော် ဒေါ်ညိမ်းရွာမှ ဈေးသွားဝယ်ပါတယ်( ရောက်တုန်း ကြေငြာလိုက်ဦးမယ် ကျနေ်ာက အဲ့ဒီ ဒေါ်ညိမ်းရွာမှာ အလုပ်လာလုပ်နေတဲ့ ရောက်ခါစလူတစ်ယောက်ပါ)ဈေးဝယ်တော့ ဆိုင်ရှင်က ပိုက်ဆံ(၃၀၀) ပြန်အမ်းဖို့ရှိပါတယ် ကျနေ်ာကို ဒီလိုအမ်းပါတယ်

ပုံကိုကြည့်ပါ

ကျွန်တော်အံဩသွားတယ်၊ အဲ ဆိုင်ရှင်က ဆက်ပြောတယ်……………
“ ဒီလို (၁၀၀)ကျပ်တန် ကော်ဖီမစ်ထုတ် နဲ့ တန်ဖိုးခြင်းညီမျှတဲ့ မည့်သည့်ပစ္စည်းမဆို ဒေါ်ညိမ်းဆိုင်တိုင်းမှာ လာရောက်ဝယ်ယူ လဲလှယ်လို့ရကြောင်းပြော ရှင်းပြတယ်။။။
ကျွန်တော် ရန်ကုန်ကလာတာပါ (ဒီမှာ အဲ့လိုတွေ့လို့ရတော့ မအံဩပဲနေမလား……………ရန်ကုန်မှာဆို အမ်းစရာအကြွေမရှိရင် သကြားလုံး၊ ဆေးလိပ်သောက်တတ်တယ်ဆိုရင် ဆေးလိပ်။။။။။။။။။Tissue အစရှိသဖြင့်ပေါ့လေ
ဒါပေမဲ့ တစ်ခြားနေရာမှာ အဲ့ဒီတန်ဖိုးနဲ့အညီ ပြန်လည်လဲလှယ်သုံးလို့မရဘူးလေ)
ဒီရွာမှာတော့ ရတယ်ဗျ ၊ အဲ့ဒိနဲ့ ကျွန်တော်လည်း လမ်းမှာ အတွေးပေါငိးများစွာနဲ့ ပြန်လာပြီး ဒီစာကိုရေးလိုက်တာပါ
ကျနေ်ာသိထားတာက ငွေကြေးတန်ဖိုးလဲလှယ်သတ်မှတ်တာကိုဘဏ်ကပဲသတ်မှတ်ကြတာပါ………..
အခု “ဒေါ်ညိမ်းရွာက” သတ်မှတ်တာမို့ ဒေါ်ညိမ်းဘဏ်လို့သာ ပြောရမှာပဲ
ရွာမှကတော့ ဒေါ်ညိမ်းဒေါ်လာလို့တောင် ခေါ်ဆိုနေကြပြီ ဗျ
“လွင်မိုးခရီးသွားနေသည် ” မှာကြည့်လိုက်ရပါတယ်……….. ထားဝယ်၊ ကော့သောင်းနဲ့ မြိတ်မှာ ဒီလိုမျိုးငွေကြေးပိုက်ဆံတွေကို ကြွတ်ကြွတ်အိတ်နဲ့ပိတ်ပြီး သုံးစွဲကြနေတာကို ရိုက်ပြထားပါတယ်
အခုဒိမှာ “ဒေါ်ညိမ်း”မှာက ပိုက်ဆံ (၂၀)၊ (၅၀) (၁၀၀) (၂၀၀) တန်တွေအပြင် ကော်ဖီမစ်ထုပ်၊ ခေါင်းလျော်ရည်ထုပ်၊ စသည်တွေကို ကြွတ်ကြွတ်အိတ်ထဲထည့်ပိတ်ပြီး ၊ ငွေကြေးတန်ဖိုးသတ်မှတ်ပြီးသုံးလာကြတာ တော်တေ်ာတွင်ကျယ်နေပြီ
အကောင်းဘက်ကကြည့်ရင် ပိုက်ဆံတွေ စုတ်ပြဲမှုက ကင်းတာပေါ့
ရန်ကုန်မြိူ့မှာရှိတဲ့  ပိုက်ဆံ တွေဟာ အစုတ်အပြဲ များပါတယ်
ဘယ်လိုပဲပိုက်ဆံစုတ်ပြဲနေပါစေ  ရေစိုခံနိုင်အောင် တိပ်တွေနဲ့ ကပ်ပြီးသုံးနေကြတာ ပါပဲ  (ဟဲဟဲ………သိပါတယ်နော်)
နိဂုံးချုပ်ပြောရရင်
“ဒေါ်ညိမ်းရွာပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေအတွက်တော့ ဒီငွေကြေးတွေကို ကြွတ်ကြွတ်အိတ်ထဲ ထည့်ပြီး  သုံးစွဲနေကြတာကို အသားကျနေပါပြီ ၊သူတို့အတွက်တော့ အံဩစရာမဖြစ်ပေမဲ့ ကျနေ်ာအတွက်တော့ ရေးစရာတစ်ခုဖြစ်လာခဲ့တာပါပဲ
            ကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေသ၍တော့ ဒေါ်ညိမ်းငွေကြေးသတ်မှတ်မှု တွေလည်းရှိနေကြဦးမှာပါ ကျနေ်ာမသိသေးတဲ့နေရာတွေမှာလည်း ဒီလိုမျိုး ငွေကြေးသတ်မှတ်ပြးီသုံးနေကြတာကိုတော့ဘယ်သူမှ သိနိုင်ကြဦးမယ်မထင်ပါဘူး
            ဘာပဲဖြစ်ဖြစ် ဒေါ်ညိမ်းငွေကြေး (ကြွတ်ကြွတ်အိတ်ထဲထည့်တဲ့ ပိုက်ဆံ / ကြွတ်ကြွတ်အိတ်ထဲထည့်တဲ့ ကော်ဖီမစ် တွေကတော့ ) ဖျာပုံမြို့အထိ ခြေဆန့်နေကြောင်း သတင်းကောင်းပါရင်း

ဗဟုသုတတွေပွားများကြပါစေဗျာ

15 comments

  • leonus007

    July 27, 2011 at 10:30 pm

    စိတ်ဝင်စား စရာကောင်းပါတယ်။ ဒါပေမယ့် ဟိုတလောက မှ ပဲ ဒီလို အကြွေ အစားထိုး ဖလှယ်တာတွေကို တရားမဝင်ပါဘူးလို ့ကြော် ငြာ ထားတော့ ဒေါ်ညိမ်း ရွာကို သွားပြီး အရေးယူ မှာကို စိုးရိမ်မိတယ်။ တစ်နေ ့က တီဗွီ မှာ အကြွေနဲ ့ပတ်သက်လို ့ ပညာပေး အစီ အစဉ် ထုတ်လွှင့်တာ ကြည့်လိုက်ရတယ်။ တင်ပြထားတာက တော့ ပြည်သူ လူထု တွေဟာ အကြွေလိုအပ်ရင် မြန်မာ့ စီးပွားရေးဘဏ် မှာ သွားလဲလှယ်လို ့ရတယ်၊ လိုသလောက်လဲ လဲလှယ်နိုင်ကြောင်း ပြောပါတယ်။ သုံးပုံတစ်ပုံ အထက် မီးလောင်ပျက်စီးမှ သာလျှင် ဗဟိုဘဏ်မှာ လဲဖို ့လိုအပ်ပါတယ်။
    ပြောတော့ပြောတာပဲ တကယ် ဟုတ်ပါ့မလား။ ကျွန်တော်ကိုယ်တိုင်တော့ တစ်ခါမှ သွားမလဲဖူးတော့မသိဘူး။ သွားလဲဖူးတဲ့လူတွေ ပြော သလောက်ကတော့ကျပ် နှစ်ထောင်ဖိုးထက်ပို မရပါဘူး။ ပိုရချင်ရင်တော့ သိတဲ့အတိုင်း ရေလောင်းပေါ့။ မြန်မာ့ စီးပွားရေးဘဏ် အဲ့ဒီလောက်ဝန်ဆောင်မှုကောင်းရင် လူတိုင်း ဒီငွေစက္ကူ စုတ်တွေသုံးမယ် မထင်ပါဘူး။
    အဲဒီအစီအစဉ်မှာက ငွေ စက္ကူ စုတ်ရခြင်းအကြောင်းအရင်းက ငွေကိုင်သုံးတဲ့လူတွေ စည်းကမ်းမရှိလို ့၊ ငွေစက္ကူ အသစ် ကို ဘဏ်မှာ လဲလှယ် သုံးစွဲရကောင်းမှန်းလဲ မသိလို ့ စသည်ဖြင့် ပြောတာပဲ။

    Reply

    • ET

      July 27, 2011 at 11:21 pm

      ဘဏ်မှာသွားလဲလို့ရှိရင် ဘယ်လိုလုပ်အဆင်ပြေမှာလဲဗျာ
      လဲချင်ရင်တော့ ရေလောင်းပေးရပါမယ်ဆိုတာကတော့အမှန်ပါပဲဗျာ

      Reply

  • unclegyi1974

    July 27, 2011 at 11:09 pm

    လုပ်ရမယ့်သူကမလုပ်
    မလုပ်ရမယ့်သူကလုပ်
    အားလုံးကောင်းပါသည်ခင်ဗျာ

    Reply

    • ET

      July 27, 2011 at 11:21 pm

      မလုပ်ရမယ့်သူက လုပ်နေကြတော့
      ဘယ်လိုမှကြည့်မကောင်းဘူးဗျာ
      ဒါပေမဲ့လည်း အားလုံးကောင်းနေကြပါသည်။:)

      Reply

  • maungmoenyo

    July 28, 2011 at 7:43 am

    ကမ္ဘဦးလူတို့ အသက်ရှင်ရပ်တည်ရေးအတွက် ကုန်ပစ္စည်းချင်းဖလှယ်တဲ့ ဘဝရောက်မှန်းမသိရောက်နေပါပေါ့လား။

    Reply

  • koyinmaung

    July 28, 2011 at 8:25 am

    ကျောက်တုံးအပေါက်ဖေါက်သုံးတဲ့ခေတ်နဲ့စာယင်တော့တို့နိုင်ငံကြီးတော်တော်တိုးတက်နေပါသေးတယ်…ဟဲဟဲ

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 28, 2011 at 9:54 am

      အဲ့ဒါကိုပြောတာ
      အကောင်းမြင်ဝါဒဆိုတာ
      ဘုရားဟောတရားနဲ့လည်းကိုက်ညီပါပေဒယ်
      သာဓု သာဓု သာဓု

      Reply

  • နွယ်ပင်

    July 28, 2011 at 10:48 am

    ပိုက်ဆံကို အိတ်ထဲထည့်ပြီးသုံးတာ ဒီမှာလည်း ဘက်စ်ကားစီးတုန်းက တစ်ခါတွေ့ဖူးတယ်
    စပယ်ယာကနောက်နေလို့ ပိုက်ဆံပေးတဲ့ အန်တီကြီးက သူတို့ ဖားအံမှာ ပိုက်ဆံကို အဲလိုထည့်ပြီးသုံးတာတဲ့ ပြောပြီး သူမှာရှိတဲ့ အိတ်နဲံ့ထည့်ထားတဲ့ (200) တန်တွေကို တောင်ပြလိုက်သေးတယ် အများကြီးပဲ …..

    Reply

    • pan pan

      July 28, 2011 at 4:54 pm

      ကျွန်မလည်း တစ်ခါရဖူးတယ်
      MIT(Myanmar Info Tech)ကရလာတာ၊ ၂၀ဝတန်
      နယ်ဘက်တွေမှာတော့ အဲလိုအိတ်နဲ့ထည့်သုံးတာများတယ်လို့ ကြားဖူးတယ်

      Reply

  • good

    July 28, 2011 at 12:32 pm

    MRTV-4 ကနေ ( 26 July, 2011နေ့ လို့ ထင်တယ် ) သတင်းမှာ July လစာ ကို ဝန်ထမ်းတိုင်း ကို ထုပ်ပေးတဲ့ အခါ ငွေအကြွေ ၃၅၀၀ဝ ကျပ် ဖိုး ထည့် သွင်း ထုပ်ပေး သွားမယ် တဲ့။
    ဝန်ထမ်းတယောက် ကို ၂၀ဝကျပ် တန် ၁၀ဝကျပ်တန် ၅ဝ ကျပ်တန် တစ်အုပ် စီ လို့ ထင်တယ်။
    ဘာပဲ ဖြစ်ဖြစ် အရင် ကထက်စာ ရင် ငွေအကြွေ နဲနဲ ပြန် တွေ့ လာရတယ်။ ဒါပေမဲ့ လိုင်းကားက ပြန်အမ်း ငွေ ကတော့ အစုပ် တိပ် ကပ် ဘဝကနေ မလွတ်သေးဘူး။

    Reply

  • thit min

    July 28, 2011 at 1:22 pm

    Coupon is better. These goods have expired dates.

    Reply

  • manawphyulay

    July 28, 2011 at 1:44 pm

    ဒီနည်းက ရှေးခေတ်ကိုပြန်သွားနေတာ ဖြစ်မယ်နော်။ အရင်တုန်းကတော့ ရွာတွေမှာ လိုချင်တဲ့ပစ္စည်းနဲ့ လဲလှယ်အသုံးပြုကြတာကို မြင်တွေ့ဖူးတယ်လေ… ခုက အဲလိုပြန်ဖြစ်သွားတာနဲ့တူတယ်နော်…

    Reply

  • Grace

    July 28, 2011 at 5:18 pm

    (တန်ဖိုးခြင်းညီမျှတဲ့ မည့်သည့်ပစ္စည်းမဆို ဒေါ်ညိမ်းဆိုင်တိုင်းမှာ လာရောက်ဝယ်ယူ လဲလှယ်လို့ရကြောင်း…….)
    ဆိုတော့……… သူ့အရပ်နဲ့ သူ့ဇာတ် အဆင်ပြေအောင် ညှိနှိုင်းလုပ်ဆောင်နိုင်တာ အသိအမှတ်ပြုရမှာပေ့ါ။

    Reply

  • PMP

    July 29, 2011 at 10:27 am

    ရှေးထုံးလည်းမပယ်နဲ့၊ဈေးသုံးလည်းမလွယ်နဲ့စကားပုံလိုပေါ့..ဟိုးးးရှေးခေတ်ပြန်ရောက်သွားသလိုဘဲ..

    Reply

  • usnczn

    July 29, 2011 at 2:15 pm

    ပစ္စည်းတွေကို နောက်ဆုံး မသုံးဖြစ်ရင် ကထိန်မှာ
    ပဒေသာပင် သီးလိုက်ရင် ပိုက်ဆံ အစုတ်ထက်
    ပိုကြည့်လို့ကောင်းမှာဘဲ…ကုသိုလ်တော့ရမှာမဟုတ်ဘူးပေါ့။

    Reply

Leave a Reply to leonus007 Cancel Reply

Your email address will not be published.