သူတို့ပြောတော့သာမာန်ပြည်သူတစ်ယောက်တဲ့

အာဂJuly 27, 20111min013


ဂျူလိုင်လ (၂၅)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်အစိုးရအဖွဲဝင် ဝန်ကြီး ဦးအောင်ကြည်နဲတွေ့ဆုံဆွေးနွေးပွဲကို အားလုံးသိပြီးသားဖြစ်မှာပါ.။ အချို့ကလည်း အကျိုးရှိမယ့် ရလဒ်ကောင်းတွေထွက်ပေါ်လာမယ်လို့ထင်တဲ့လူက ထင်ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒါဟာ အကျိုးရှိမယ့် ရလဒ်ထွက်ပေါ်လာမယ်လို့ ကိုလုံးဝမထင်မိပါဘူး။ ဒီလိုတွေ့ဆုံမှုကိုလည်း အချိန်ကိုက် လုပ်ဇာတ်တစ်ခုလို့ ပဲမြင်မိပါတယ်။ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလို့ အန်တီစု နဲ့ တွေ့တဲ့နေ့ က တိုက်တိုက်ဆိုင်ဆိုင်ဆိုရမလားပဲ။ သိန်းစိန် အဆိုးရ ရဲ့ပြည်ထောင်စု ဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအစည်းအဝေးပွဲမှာ လက်ရှိအာဆီယံ ဥက္ကဌ နဲ့တွေ့ဆုံပြီး နောက်လာမယ့် နှစ်မှာ မြန်မာပြည်က အလှည့်ကျဥက္ကဌ ဖြစ်ဖို့ အပြုသဘောဆောင်မဲဆွယ်နေသတဲ့..။ ဒီတော့ သူတို့က တော့ အာဆီယံကိုပြောပါလိမ့်မယ် မြန်မာပြည်မှာတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ အတွက် အခုအချိန်မှာ အန်တီစုနဲ့တွေ့ဆုံပြီးပြင်ဆင် နေပြီပေါ့။ ဒီတော့ မဲပေးပေါ့ ပေါ့ဗျာ.။ ဘန်ကီမွန်းတို့ဘာတို့ကလည်းကြိုဆို တယ်၊အမေရိကန်ကလည်း ကြိုဆိုတယ်ဆိုတဲ့ သတင်းတွေတက်လာမှာပဲလေ.။ သေချာပြောရရင် ဒါက နအဖ ရဲ့ လက်ကျန်ထွင်လုံးကြီးပါပဲ။ ဘာတဲ့မကြာသေးခင်ကမှ သီဟသူရတင်အောင်မြင့်ဦးပြောထားတာ ဒေါ်စုက သာမာန်ပြည်သူတစ်ယောက်ပါတဲ့လေ..။ သူတို့ပြောသလိုသာမာန်ပြည်သူဆိုရင် သာမာန်ပြည်သူ တစ်ယောက်ကို ဘာကြောင့်တိုင်းပြည်အတွက်ဆိုပြီး ဆိုင်းဘုတ်တင်ပြီးအချိန်ကိုက်တွေ့ဆုံသလဲ။ စာနယ်ဇင်းတွေဘာတွေဘာကြောင့်ခေါ်သလဲ.။ သတင်းဘာကြောင့်ချက်ခြင်းထုတ်ပြန်သလဲ။ ပြီးတော့ အဲဒီမှာသတင်းယူရမယ့် သတင်းသမားတွေကိုဆိုရင်လည်း မေးခွန်းကို အကန်အသတ်နဲ့ ပဲမေးခွင့်ပြုထားတယ်။ပြည်တွင်းသတင်းထောက်က မေးခွန်းတစ်ခု ၊ပြည်ပက သုံးခုသာမေးခွင့်ပြုထားပါတယ်။ ကျွန်တော်ဆိုလိုချင်တာက သာမာန်ပြည်သူတစ်ယောက်လို့ ပြော ထားတာမကြာသေးတဲ့ကာလမှ နိုင်ငံအတွက် အလွန်တရာအရေးကြီးလှတဲ့ပုဂ္ဂိုလ် တစ်ဦး အဖြစ် ပလောင်းပလဲလုပ်ပြလိုက်တဲ့လုပ်ရပ်ပါ။ ဒါကဘာလဲဆိုတော့ သူတို့အကျိုးလိုရင်ထထ ထုတ်သုံးတတ်တဲ့အကွက်ဖြစ်နေလို့ပါပဲ။ ရွှေဝါရောင်ဿသန့အရေးအခင်းတုန်းကလည်း ပြည်သူ တွေအာရုံလွဲမှားအောင် သန်းရွှေက ဒေါ်စုနဲ့တွေ့တော့မယ်ပုံသဏာန်ကြေငြာချက်တွေဘာတွေ ထုတ်လို့ထုတ် ။ ဂန်ဘာရီကလာလို့လာနဲ့ ပြည်သူတွေအာရုံပြောင်းအောင်လုပ်ခဲ့တာပဲလေ။ ဒေါ်စု နဲ့ အောင်ကြည် တွေ့ဆုံခဲ့တဲ့ ၉ ကြိမ်လုံးမှာ ဘာတိကျတဲ့ရလဒ်၊ပြောင်းလဲတဲ့ရလဒ်များ ထွက်ပေါ်ခဲ့ဖူးသလဲ…သူတို့အကျိုးအတွက်သူတို့ထုတ်ထုတ်သုံးသွားတဲ့မဟုတ်လားလို့မေးခွန်း ထုတ်လိုက်ချင်ပါတယ်။

13 comments

  • pan pan

    July 27, 2011 at 3:51 pm

    သဘောကောင်းသလိုလိုနဲ့ အကျိုးလိုလို့ ထုတ်သုံးသလိုဖြစ်နေပြီပေ့ါ
    အသုံးချနေကြတာပေ့ါလေ
    ဘွားဆူးရဲ့ ပိုစ့်ခေါင်းစဉ်ယူသုံးလိုက်ပြီ
    “အသုံးမချသင့်ဘူး”

    Reply

  • နွယ်ပင်

    July 27, 2011 at 3:54 pm

    သာမန်ပြည်သူတော သာမန်ပြည်သူပဲလေ
    ဒါပေမယ့် နည်းနည်းတော့ ကြောက်တယ်လို့ ပြောရမလားပဲ

    Reply

    • R Ga

      July 27, 2011 at 4:08 pm

      ဒီလိုကြောက်တတ်လို့လည်းသူတို့တွေ ထမီဝတ်ထားကျတာပေါ့.။ပြီးတော့ ဥဏ်နီ၊နက်၊ပြာ၊ဝါ အကုန်သုံးနေတော့တာပါပဲ။

      Reply

  • MOEPWINTPHYU

    July 27, 2011 at 4:00 pm

    အဲဒီလိုသတင်းတွေတင်ပေးတာကောင်းပါတယ် ဘွဲတစ်ခုရပြီးပေမဲ နိုင်ငံရေးဆိုတာဘာလဲ သူတိုဘယ်လိုတွေလုပ်ကိုင်နေကျလဲ မသိပါဘူး ဒီလိုသတင်းတွေဖတ်ပြီးအော်ဒါကဒီလိုပါလားဆိုပြီးသိရတာပါ

    Reply

  • meocyrus

    July 27, 2011 at 4:07 pm

    သူတို့လုပ်တဲ့ကိတ်စတွေကို ေ-ာက်ရေးေ-ာက်ရာလုပ်ပီးမရေးစေချင်ဘူး။ (ရိုင်းသွားရင်ဆောရီး)။ ဝေဖန်ရန်အဆင့်မရှိလို့ပါ။ မရေးလို့ကလည်းမရ။ ရေးသာရေးပါ။ အရေးတွေတက်လာလိမ့်မယ်။ တွေးသာတွေးပါ။ အတွေးတွေထက်လာပါလိမ့်မယ်။

    Reply

    • R Ga

      July 27, 2011 at 4:11 pm

      ကောင်းပါပြီ ဗျာ အမှန်တော့ ကျွန်တော်လည်း သူတို့(သိန်းစိန်အစိုးရ) အကြောင်း ေxာက်ရေးလုပ် မရေးချင်ပါဘူး ။ ဒီကောင်တွေဒီလိုလုပ်ပြီး လူတွေကို ဟိုလိုလိုဒီလိုလို မြင်အောင် လုပ်နေလို့ပါ။ ဒင်းတို့လုပ်ရပ်တွေက မြန်မာရုပ်ရှင်ကားတွေလိုပဲ ပထမ ၁ဝ မိနစ်လောက်ကြည့်မိတာနဲ့တင် ဇာတ်သိမ်းကိုကြိုကြိုသိနေတယ်ဗျ.။

      Reply

  • moethidasoe

    July 27, 2011 at 4:38 pm

    ဌာနဆိုင်ရာ ရာထူးကြီးကြီးမရှိလို့ သာမန်လူ
    နိုင်ငံတကာက စောင့်ကြည့်ရတဲ့ ပုဂ္ဂိုလ် မို့လို့ သတင်းထုတ်ပြန်တယ်

    လာမယ် –ာ မယ် ပေါ့

    Reply

  • ရွှေဘိုသား

    July 27, 2011 at 9:45 pm

    မမ မိုးပွင်.ဖြူကလည်း ရွှေဘိုမှာတုန်းက ဆိုင်ကယ်လေးနဲ. လှည့်နေပြီး
    အခုမှ နောင်တရသလို ဖြစ်နေတာပေါ.
    လေ.လာလိုက်ပါ ကောင်းပါတယ်
    နိုင်ငံ.ရေးပဲ မလုပ်ချင်လို.ရတယ် မသိချင်လို.မရဘူးနော်

    Reply

  • minthakhin

    July 27, 2011 at 11:34 pm

    ဒီသတင်းတွေဖတ်ရ၊ကြားရ၊မြင်ရ ရင်လေ “ဒို ့ဗမာ့လက်ရွေးစင်ဘောလုံးအသင်းပွဲတွေကိုကြည့်နေရသလိုပဲ”
    (ပြောမိပြန်ပြီ) ကြည့်၊မြင်၊ကြား ပြီးဒေါသ သာထွက်နေရတာ ကိုယ်တိုင်ဘာမှမတတ်နိုင်ဘူး။
    တတ်နိုင်လို ့ကတော့ ဖနောင့်နဲ ့ကန်၊နားရင်းပိတ်တီးလုပ်ပလိုက်ချင်တာ (ဘောလုံးသမားများကိုပြောပါတယ်) အဟဲ

    Reply

  • koyinmaung

    July 28, 2011 at 8:50 am

    ဆန်းလိုက်ဆပ်ပြာနဲ့ပွတ်ထားလို့ပြောင်နေတဲ့မျက်နှာကြီနဲ့ပထွေးခိုင်းလို့လုပ်နေရတာပါ….(ရှက်ရကောင်းမှန်းလဲမသိ) တိဘက်က လင်းတ တွေထက်တောင်ရွံဘို့ကောင်းပါသေးတယ်….

    Reply

  • ကြောင်ကြီး

    July 28, 2011 at 11:01 am

    ဒေါ်စုဘက်က ပြတ်သားဖို့လိုတယ်။ ကိုယ်ကျိုးရှာသမား၊ စစ်အစိုးရအလိုကျ ဘေးတီးပေးမဲ့သူတွေ အပြစ်ပြောမှာကို စိုးရိမ်ဖို့မလိုဘူး။ ၂၀၀၃ခုနှစ် ဒီပဲရင်းလူသတ်ပွဲဖြစ်တာကို ပြန်မလုပ်ဘဲ ငြိမ်ခံနေတာတောင် ဒင်းတို့က အန်အယ်ဒီကို တင်းမာတယ်၊ ထိပ်တိုက်ရင်ဆိုင်ရေးသမား ဘာညာနဲ့ ပေါက်ပန်းဈေးပြောသေးတာပဲ။ နောင်လဲ စစ်ဗိုလ်အလိုကျ ပြောကြအုံးမယ်။ ဒီတော့ ရတဲ့အခွင့်အရေးကို အသုံးချပါ၊ ကိုယ့်လမ်းကိုယ်ဖောက်ပါ။ စစ်တပ်အစိုးရဖက်က တရားဝင် တန်းတူညီတူ အဆင့်တူသူများနဲ့သာ ဆွေးနွေးပါ။ ကိုယ့်ဖက်ကလည်း သူတို့လိုပဲ အဆင့်အမျိုးမျိုးနဲ့ ဆက်သွယ်ရေး လမ်းကြောင်းဖွင့်ထားပါ။ စစ်အစိုးရ အရူးလုပ်တာခံပြီး အချိန်မဖြုန်းပါနဲ့။ ဆွေးနွေးပွဲရလဒ်များကို ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်ပါ။ လျှို့ဝှက်သဘောတူညီချက်မျိုး မလုပ်ဘူးလို့ ပါးစပ်က ကတိပေးရုံနဲ့မပြီး၊ ဆွေးနွေးပွဲအချက်တိုင်းကို ပြည်သူလူထုကို အသိပေးပါ။ ကိုယ်ဖက်က ကတိတည်ပြနေလည်း စစ်အစိုးရက သူတို့လိုတဲ့အခါကြရင် သံတမန်များ၊ သတင်းပေးများ၊ မီဒီယာများကတဆင့် တဖက်လှည့်နဲ့ ဖွင့်ချအသုံးချခဲ့တာ မမေ့ပါနဲ့။ တိကျနဲ ့အချိန်သတ်မှတ်ချက်နဲ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက်များကို ဘောင်ခတ်ထားပါ။ လျှော့သင့်တာ လျှော့ရမှာဖြစ်ပေမဲ့ လိုအပ်တဲ့တောင်းဆိုမှုများကို အတိအကျတောင်းဆိုရမှာဖြစ်တယ်။ ကိုယ့်ဖက်က လျှော့ခဲ့တာများပြီဖို့ စစ်တပ်က လိုက်လျောမှု တစုံတရာပြတဲ့အခါ ဟိုးအရင်ထဲက သူပေးရမဲ့အကြွေး (long overdue bill) အခုမှရတယ်လို့ သဘောထားပါ။ တဖက်သားကို ဆယ်ခါလျှော့ခိုင်းပြီး ကိုယ်ကတခါလောက်သာ လျှော့ပေးအနိုင်ကျင့်တဲ့ စစ်အစိုးရရဲ့ ထောင်ချောက်ထဲ မဝင်မိပါစေနဲ့…။

    Reply

  • zawthulay

    July 28, 2011 at 4:58 pm

    ဒါတွေကသူတို့လုပ်နေကြအလုပ်တွေလေ..သူတို့ကတော့
    ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့အတိုင်းပဲ

    Reply

Leave a Reply to တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။ Cancel Reply

Your email address will not be published.