အီလက်ထရွန်းနစ်ပုံမှားရိုက်ရောင်းချမှုသတိပြု

klnMay 7, 20101min01

ရာသီချိန်မှာ အရောင်းသွက်နေတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတချို့ကို နာမည်ကြီးတံဆိပ်ပုံစံမျိုးပြောင်းပြီး ရောင်းချမှုတွင်ကျယ်နေကြောင်း သိရတယ်။ ခုလိုအချိန်မှာအဲကွန်း၊ ရေခဲသေတ္တာကအရောင်းသွက်နေတာကြောင့် ဒါတွေကို တံဆိပ်ပြောင်းရောင်းတာပါ။ ဂျပန်အဲကွန်းတစ်ကောင်အားဆိုရင် ကျပ်သုံးသိန်း၊ တစ်ကောင်ခွဲဆိုရင်သုံးသိန်းကိုးသောင်း၊ သူ့ထက်မြင့်တာလေးသိန်းသုံးသောင်းရှိပါတယ်။ တရုတ်အဲကွန်းတစ်ကောင်အားဆိုရင် နှစ်သိန်းဝန်းကျင်၊ တစ်ကောင်ခွဲဆိုရင် နှစ်သိန်းလေးသောင်းဝန်းကျင်ပါ။ တရုတ်တံဆိပ်ကို ဂျပန်တံဆိပ်နဲ့ပြောင်းရောင်းတဲ့အတွက် ရှစ်သောင်း၊ တစ်သိန်းလောက်အမြတ်ရရှိတယ်လို့သိရတယ်။ မသမာတဲ့နည်းနဲ့ရောင်းတဲ့ဆိုင်တချို့ဟာ တရုတ်အီလက်ထရွန်းနစ်ကိုတံဆိပ်ပြောင်းလဲရာမှာ ဘူးခွံကို တံဆိပ်အသစ်ရိုက်ဖို့စက်ရုံအပ်တယ်။ ပစ္စည်းဘော်ဒီမှာ ကပ်ထားတဲ့တံဆိပ်ကိုခွာပြီးလိုချင်တဲ့တံဆိပ်ကို ပြောင်းကပ်ပါတယ်။ နောက်ကျောတံဆိပ်ကိုစတေကာပြန်ကပ်ပါတယ်။ ရီမုတ်ဒ်အမျိုးအစားအမှန်ကိုလည်း ဆေးမှုတ်ပြီးတံဆိပ်ပြောင်းရိုက်တာပါ။ ကတ်တလောက်ကိုကွန်ပျူတာနဲ့ရိုက်ပြီးမိတ္တူထည့်ကြတယ်လို့ဆိုကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • kopauk mandalay

    May 8, 2010 at 1:14 am

    တရုပ်ကလာသောပစ္စည်းကို ဂျပန်နာမည်ကြီးတံဆိပ်ကို အတုရိုက်လို.ဈေးကြီးကြီးနဲ.ရိုက်ထည်.လိုက်ပါတယ်။
    ဝယ်သူကပျက်လို.ပြင်တဲ.ဆိုင်ကိုပို.မှ တရုပ်မှန်းသိပါတယ်။
    သည်တော.တရုပ်ကလာတဲ. ကောင်းပြီးဈေးသက်သာတဲ.အမျုးိအစားကို ရွေးဝယ်တော.တာပေါ.။
    တစ်ချို.ပစ္စည်းလေးတွေဆို ဈေးကထက်ဝက်ကွာတာကိုး။
    တရုပ်ပြည်က ပစ္စည်းပိုရောင်းရအောင် သွယ်ဝိုက်သောနည်းနဲ.ကူညီလိုက်သလိုပါဘဲ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.