သင်္ကြန်တုန်းက ဗုံးခွဲသူ တစ်ယောက်တော့ မိပြီ။

chitkayMay 7, 20101min04

မြန်မာနိုင်ငံတွင် သင်္ကြန်ကာလ အတွင်း ဧပြီလ ၁၅ ရက်နေ့က ဖြစ်ပွား ခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖော်ထုတ်ရရှိမှု အခြေ အနေများနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို မေလ ၆ ရက်နေ့က နေပြည်တော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးတွင် ကျင်းပ ခဲ့ရာ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သံတမန်များနှင့် သတင်းစာ ဆရာများကို ရှင်းလင်း ပြောဆိုရာ၌ ဗုံးဖေါက်မှုကို ကျူးလွန်သော တရားခံ လေးဦးအနက် တစ်ဦးကို ဖမ်းဆီး ရမိထားပြီး ဖြစ်ပြီး ကျူးလွန်သည့်အဖွဲ့မှာ စွမ်းအားမြင့် မြန်မာကျောင်းသား စစ်သည်တော်များအဖွဲ့ (VBSW-Vigorous Burmese Students Worriors) မှ အဖွဲ့ဝင် များဖြစ်ကြောင်း၊ ခေါင်းဆောင်သူ ရဲသီဟ(ခ)သူရ (ခ)စန်းနိုင်မှာ မဲဆောက်မြို့တွင် နေထိုင်ကြောင်း၊ သီဟဇော် (ခ) သူရဇော်၊ အောင်ကြီး (ခ) အုန်းကျော်ဌေး၊ မျိုးအေး (ခ) စိုးမိုး၊ ဖြိုးဝေအောင် (ခ) မိုဟာမက်ယှာဗန် (ခ) သက်ခိုင်တို့ လေးဦးက ကျူးလွန်ခဲ့ခြင်းဖြစ်ကာ ဖြိုးဝေအောင်ကို ဖမ်းဆီးရမိပြီး ကျန်သူများမှာ ထွက်ပြေး လွတ်မြောက်နေ ဆဲဖြစ် ကြောင်း၊ ဖြိုးဝေအောင်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ လှုပ်ရှားမှုကို စောင့်ကြည့်ပေးရသူဖြစ်ပြီး အောင်ကြီးက ပထမ နှင့် တတိယဗုံးကိုနှင့် သီဟဇော်က ဒုတိယဗုံးကို ခွဲခဲ့ပြီး မျိုးအေး(ခ) စိုးမိုးက အဝေးထိန်းကို ခွဲရန် တာဝန်ယူထားသော် လည်း အောင်မြင်စွာ မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ဖြစ်စဉ် မှတ်တမ်း ဓါတ်ပုံများ၊ အသုံးပြုသော ဗုံးအမျိုးအစားနှင့် ပတ်သက်သော အချက်အလက်များ၊ ဓါတ်ပုံများ ၊ ကျူးလွန်ခဲ့သူများ၏ ကိုယ်ရေးရာဇဝင်များနှင့် ဓါတ်ပုံမှတ်တမ်း များကို ပြသထားပါသည်။ ထွက်ပြေး တိမ်းရှောင် နေသူများကို ဖမ်းဆီးရမိနိုင်ရေး အတွက် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရဲချုပ်က ရှင်းလင်းပြောပြသွားသည်များကို မြန်မာ့ရုပ်မြင်သံကြားသတင်း အစီအစဉ်များမှ ထုတ်လွှင့်ပြသသွားပါတယ်။

4 comments

  • kyawgyi

    May 7, 2010 at 8:44 am

    ဆရာ မောင်မျီုးမင်း ပြောသလို လူဖြစ်ပြီး လူနှလုံးသား ။ လူအသိဉာဏ်မရှိတဲ့ ….လူသဏ္ဏာန် ..တိရိစာ္ဆန်တွေရဲ့
    နောက်ဆုံး လမ်းဟာ ဘာဖြစ်လာအုံးမလဲ?…

    Reply

  • reviver

    December 22, 2011 at 1:19 pm

    မိတာတော့တော်ပါတယ်………..မဖြစ်အောင်တော့မလုပ်ကြဘူး

    Reply

  • nigimi77

    December 22, 2011 at 2:23 pm

    ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ သန့်စင်ခန်း ဝန်ထမ်း မမြစမ်းရည် အသက် ၃ဝ နှစ်ဖြစ်ပြီး

    ဒဏ်ရာရရှိသူမှာ သန့်ရှင်းရေးဝန်ထမ်း မခင်မြတ်နွယ် အသက် ၂၄ နှစ်ဖြစ်သည်ဟု သိရပါသည်။

    (သွန်းနေစိုးမှ)

    Reply

  • ပစ်တိုင်းထောင်

    December 22, 2011 at 3:01 pm

    ဒီဗုံးအကြောင်းက သင်္ကြန်တုန်းက ဗုံးအကြောင်းပြောတာလေ။ တပ်မ 77 ရဲ့။

    Reply

Leave a Reply

Your email address will not be published.