…..ခစ်…….

ထာ၀ရJuly 24, 20111min04

အချိန်အားလေး ရတုံး ပျောက်နေတဲ.စာရွက်စာတမ်းတွေရှာရင်း
ဘီဒိုအံဆွဲ ဒေါင်.တနေရာကနေ ငယ်ငယ်ကျောင်းသားဘဝတုန်းက
ကြိုက်လွန်းလို.သိမ်းထားတဲ. ကဗျာစာရွက် ဝါကြင်ကြင်လေးတွေကို
တွေလိုက်ရတော. လက်တွေဘဝ ကခဏကင်းကွာသွားပြီး
ကဗျာတွေ ထဲမျောပါသွားမိတယ်
ရွာသားတွေလဲ ကျွန်တော်သိမ်းထားခဲ.တဲ. ကဗျာလေးတွေကို
ခံစားကြည်.နိင်အောင်ဝေမျှပေးလိုက်ပါတယ်

ပထမဆုံးကဗျာက ပန်းလှိုင်စိုး (ကျုံပျော် ) ရေးတဲ. …ခစ်…တဲ.

ဒီရွှေခေတ် မှ
လူဖြစ်လာသလား…သားရယ်၊

ရွှေလို ဘာမဆိုတန်ဘိုးရှိ
မထိရဲ…မကြည်.ရဲ…
တကတည်း…ဒီခေတ်မှမွေး
သားလေးရယ်..သနားပါဘိ
….ခိ….

ချဉ်ပေါင်ရွက် စားရလွန်းလို.
မန်ကျည်းရွက် စားရလွန်းလို. ..
ဟွန်း..အသားတွေလဲချဉ်
သေရင်…….
ယင်တောင်မနား
လင်းတတောင်မစား
သွားကြိမ်းမှာစိုး…
အိုး……ငါ.သား မင်းကိုသနားပါဘိ
….ခွိခွိ………

သစ္စာ တဲ.
အလွန်တရာလှပ ဟိုးရှေးရှေးတုန်းကဝေါဟာရ
ဘာနဲ.လက်တွေ.ပြရမယ်မသိ
ကြည်. …လောကထဲမှာလူဖြစ်
အမေချစ်တဲ.သား မင်းကိုသနားတယ်ကွယ်
…အဟတ်…ဟတ်..

ပုခက်လွဲရင်း ညည်းချင်းသစ်ဖွဲ.
ဇနီးသည်ရဲ. စကား သားလေးကမြူတယ်ထင်လို.
တွင်တွင်ရယ်မော ကျွန်တော်ကတော. စိတ်မော…လူမော

အင်း…ကြိုးစားပါမှ နိုးကြားပါမှ
အဲ..ရိုး..ရိုးသားပါမှ သားရယ်…
…ခစ်….

၁၉၉ဝပြည်.ကျော်ခေတ်တုန်းကကဗျာလေးပါ
ကိုယ်တိုင်ရေးမဟုတ်ပေမယ်.အခုခေတ်ထိ မှီနေသေးတဲ.ကဗျာ အသစ်ခံစားရအောင်တင်လိုက်တာပါ
ကဗျာဆရာကိုလဲဒီနေရာကနေခွင်.တောင်းပါတယ်

4 comments

  • koyinmaung

    July 24, 2011 at 2:59 pm

    ကောင်းလိုက်တဲ့ကဗျာလေးပါဘဲ……

    Reply

  • Han Lin

    July 24, 2011 at 4:14 pm

    လန်းတယ်…

    Reply

  • maungaung

    July 25, 2011 at 2:06 pm

    ဘဝရဲ. ခံစားမှုရသ စာမြောက်ပါပေတယ်

    Reply

  • R Ga

    July 25, 2011 at 3:17 pm

    ခစ် နဲ့ ခေတ် အသံထွက်ခြင်းတူပေမဲ့….
    ခံစားရတဲ့ခံစားချက်ခြင်း
    မတူညီတော့ဘူး..။

    Reply

Leave a Reply

Your email address will not be published.