လှပသော အမျိုးသမီးများနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်

chitpyaeJuly 23, 20111min08

အမျိုးသားများ(အကုန်လုံး ဟု မဆိုလိုပါ)  မိန်းမချောလေးများနှင့် တွေ့သောအခါ ……

နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးများနှင့် တွေ့ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီးဖြစ်သည်။

ယခုအခါ သူတေသနအသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်မျှသာ တွေ့ဆုံရုံနှင့်စိတ်ဖိစီးမှုများ လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက်ဆိုးရွားစေကြောင်းသိရသည်။

“ငါဒီလိုလူစားမျိုးမဟုတ်ဘူး”ဟုတွေးလိုက်မိသောအခါ၊ အဆိုပါ အမျိုးသမီးက အနားကပ်ထိုင်သောအခါ၊ သို့မဟုတ်အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကိုရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့က

အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါအမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှခုန်ချရသည့်အခါ ဖြစ်ပေါ်သောနှုန်းနှင့် ညီမျှသည်ဟုဆိုသည်။ အဆိုပါ အမျိုသားတို့၏ ကော်တီဆော ဟော်မုန်းပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ ခုန်ချရသည်ထက်ပင် ပို၍မြင့်မားနိုင်သည်ဟု ပညာရှင်တို့က ဆို၏။ ယင်းသို့ ကော်တီဆော ဟော်မုန်းမြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့်
နှလုံးရောဂါကြောင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟု
ဆိုသည်။

စပိန်နိုင်ငံ ဗလင်စီယာတက္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏ သုတေသနတွင် အမျိုးသား ၈၄ဦးကို ပါဝင်စေလျှက် တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆော ဟော်မုန်းပါဝင်မှုနှုန်းကို တိုင်းတာကာ တွက်ချက်သုတေသန ပြုခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Source : Good Health

 

ထိုသို့သောအကြောင်းအရာများကြောင့် … ရွာထဲမှ ရွာသား ကိုကို ၊ မောင်မောင် ၊ ဦးလေး တို့ ဆင်ခြင် နိုင်ရန် အလို့ငှာ တင်ပြပေးအပ်ပါသည် ….

ရွာသူချောချော လေးတွေနား သိပ်မကပ်ကြနဲ့ နော် ….. ကျန်းမာရေးကို ထိခိုက်နိုင်တယ်တဲ့ 🙂 🙂 🙂

” မိန်းမချော လေး များ အနားကပ်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည် ”

ပုံ / အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု အသင်းကြီး  🙂

8 comments

  • ogre

    July 23, 2011 at 11:09 am

    “““မိတ်ဆွေ …
    ကောင်မလေးကိုစိုက်ကြည့်နေပါ..”””
    “““မကြည့်ဘူးဗျာ…”””
    “““မကြည့်ရင်အခုလေယာဉ်ပေါ်ကခုန်ဆင်းပါ”””

    Reply

  • နွယ်ပင်

    July 23, 2011 at 11:11 am

    chitpyaeရေ အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု အသင်းကြီး မှာ ဘယ်သူများ ဥက္ကဌ
    လုပ်ပါသလဲ ဒီရွာထဲကလူများလား … 🙂

    Reply

  • i love this

    July 23, 2011 at 11:14 am

    ဟိုက်.. မဖြစ်ချေဘူး…
    ဒါဆို ဘယ်လို ကာကွယ်ရမတုန်းဗျ…
    ကယ်ကြပါ….

    Reply

    • memeseku

      July 23, 2011 at 1:41 pm

      see the guys
      🙂

      Reply

  • windtalker

    July 23, 2011 at 1:16 pm

    အနာသိ ရင် ဆေးရှိရမှာပေါ့ ကွယ်
    လှပတဲ့ မိန်းမ နား သွားကပ်လို ့
    နှလုံးခုန်နှုန်း မြန်လာတယ် ဆိုရင်
    ဘယ်သူ ့ကြောင့်ခုန်တာ ဖြစ်မလဲ
    ဒီအတွက် ကျန်းမာရေး ထိခိုက်မယ် ဆိုရင်
    မထိခိုက်အောင်
    အဲဒီ လှပတဲ့ မိန်းကလေး ကို သာ
    အမြန်ဆုံး ဖက်ပြီး အာပွားတစ်ဝကြီး ပေး လိုက်
    ကျန်းမာရေး ထိခိုက်တဲ့ ကိစန က နေ
    ကျန်းမာရေး ကောင်းမွန်တဲ့ ကိစန ဖြစ်သွားမယ်
    ( တစ်ခု တော့ ရှိတယ်…. လက်ဖဝါး ဝဲ သိုင်း တွေ ရောက်လာတာမို ့ အာပွားပေးပြီးတာနဲ ့ ရှောင်လင် ကိုယ်ဖော့ သိုင်း ကို ချက်ချင်း သုံးဖို ့တော့ လိုမယ် နော် )

    Reply

  • MOEPWINTPHYU

    July 23, 2011 at 3:26 pm

    ကောင်းတယ်အဲလိုဖြစ်တာ

    Reply

  • မမလေး

    July 23, 2011 at 9:29 pm

    ဟေး ဟေး … ကြိုပြောထားမယ်နော် … သမီးနဲ့ နီးနီးနေလို့ အဆင်မပြေတော့ဘူး … :P:P:P

    Reply

  • chitpyae

    July 25, 2011 at 7:45 am

    မမနွယ်ပင်ရေ …. ရွာထဲက အမျိုးသား ကျန်းမာရေးစောင့်ရှောက်မှု အသင်းကြီးမှာတော့
    ဥက္ကဌ အဖြစ် သူကြီး နှင့် အတွင်းရေးမှုးအဖြစ် ဦးအောင်ပု ၊ အဖွဲ့ ဝင်များ အဖြစ် ဦးကြောင်၊ ကိုပေ ၊ ရွှေဘိုသား အစရှိသဖြင့် ပါဝင်ပါကြောင်း ….. 😛

    Reply

Leave a Reply

Your email address will not be published.