တမုတ်ရှင်ပင် ရွှေကူကြီး ပေါ်တော်မူ

မန္တလေး ကျောက်ဆည်လမ်းမကြီးအတိုင်းသွားတဲ့အခါ မန်းလေးဘက်ကနေသွားမယ်ဆိုရင်
ကျောက်ဆည်မြို့မှကြိုဆိုပါ၏ဆိုတဲ့ဆိုင်းဘုတ်လေးနဲ့မလှမ်းမကမ်းမှာ အနေ ာက်ဘက်ကိုကွေ့ဝင်တဲ့လမ်းကလေးကိုတွေ့ရပါမယ်။
အဲဒီအဝင်ဝမှာ ဆိုင်းဘုတ်လေးတစ်ခုထောင်ထားပါတယ်။
“တမုတ်ရှင်ပင် ရွှေဂူကြီးသို့ ခြောက်မိုင်”ဆိုတာလေးပါ။
အဲဒီကျောက်လမ်းလေးအတိုင်းလိုက်သွားမယ်ဆိုရင်
ပေါ်တော်မူ ရေဂူကြီးဘုရားကိုရောက်သွားမှာအသေအချာပါဘဲ။

ဒီပုံလေးကတော့အရှေ့ဘက်ဝင်ဝင်ခြင်းမှာတွေ့ရတဲ့ဆင်းတုတော်ပါ။
ဒီပုံတွေကတော့အတွင်းထဲမှာရှိနေတဲ့စေတီလေးတွေ။
ဝင်ပေါက်ကို မျက်နှာပြုထားတဲ့ဆင်းတုတော်ရဲ့အရှေ့ ဘေးတစ်ဖက်တစ်ချက်ကနံရံတွေမှာအရွယ်တူဆင်းတုလေးတွေကို မျက်နှာခြင်းဆိုင်လို့ ထားပေးပါတယ်။
အုတ်ခွက်ထဲမှာ ပူဇော်ထားတဲ့ဘုရားနဲ့ ကနုန်ပန်းတွေနဲ့အလှဆင်ထားတဲ့တံခါး။
ဂူထဲကလျောင်းတော်မူ။
စေတီတော်အပြင်ဘက်က ဘုရားသုံးဆူ။
2009ခုနှစ်မတိုင်မီကတော့ အပေါ်မှာစေတီတစ်ဆူရှိတဲ့ တောင်ကမူ။
နောက်တော့ ပြိုကျပျက်စီးတော့ ပေါ်တော်မူစေတီ။
ဆက်လက်တူးဖော်တော့ရှေးဟောင်းစေတီဆိုတာတွေ့ရ။
တစ်တစ်နဲ့လူသိများ။
ထူးဆန်းသောပုတော်တွေလဲတွေ့။
ဒါကတော့နံရံမှချိတ်ထားတဲ့ ဒီစေတီရဲ့ပြောင်းလဲလာပုံမှတ်တမ်း။
ဒါကတော့ တူးဖော်တွေ့လို့ရတာတွေကိုပြတိုက်ထဲမှာတွေ့ခဲ့ရတာ။
ဒါကတော့ အပြင်မှာတွေ့ရတဲ့ တူးဖော်လို့ရထားတဲ့အိုးတွေပါ
ဒါကတော့ဘုရားရဲ့ပြင်လက်စနေရာတွေ

ဒါကတော့ရေတွင်းလေးပါ။
အထက်ကပုံတွေကတော့ အုဌ်အင်္ဂတေထောင်းတဲ့ဆုံပါတဲ့
ဒါကတော့တူးထားတဲ့ကျောက်စာ
ဒါကတော့လမ်းပြမြေပုံလေးပါ။
ဒါဆိုရင်လုံလောက်ပြီထင်ပါရဲ့။

10 comments

  • pooch

    July 22, 2011 at 12:01 am

    အင်း တစ်ခေါက်လောက်တော့ သွားကြည့်ချင်တယ် လေးပေါက်

    Reply

  • hmee

    July 22, 2011 at 1:01 am

    လေးပေါက် ကျေးဇူးပါ။ တကယ်ကို ပြည့်ပြည့်စုံစုံ ကြည့်လိုက်ရလို့ပါ။ ကိုယ်တိုင်သွားကြည့်ရင်တောင် ဒီလောက်စုံမယ် မထင်ဘူး။

    Reply

  • ဆူး

    July 22, 2011 at 1:19 am

    အနော်ရထာ မင်းကြီး တည်ထားတယ်လို့ ရေးထားတယ်နော်..
    ပုဂံ ခေတ် လက်ရာတွေနဲ့ တူတယ်လို့ ခံစားမိတာ.. အဟုတ်ဖြစ်နေတာပေါ့။

    Reply

  • shwe ni

    July 22, 2011 at 4:03 am

    ကျေးဇူး ကိုပေါက်ရေ ။ ကိုဟာကိုသွားရရင် ဒီလောက်စုံ့အောင်သွားနိုင်မယ်မထင်ဘူး .

    Reply

  • pan pan

    July 22, 2011 at 10:47 am

    လေးပေါက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေထဲမှာ အလည်သွားခဲ့ပါတယ်နော်
    လေးပေါက်က ဓါတ်ပုံနဲ့ စေ့စေ့ပေါက်ပေါက်မှတ်တမ်းတင်ထားတာပဲ
    ကိုယ်တိုင်ရောက်ဖြစ်ရင်တောင် အဲလောက်နှံ့မှာ မဟုတ်ဘူး

    Reply

  • Yan Shin

    July 22, 2011 at 11:10 am

    လေးပေါက် တကယ်ကို နှစ်နှစ်ကာကာကျေးဇူးတင်တာပါ။
    မရောက်ဘူးသေးတဲ့ နေရာဒေသ ဘုရားဆိုတော့ ပိုတင်ပါတယ်။
    ပြည့်ပြည့်စုံစုံ ရိုက်ပြတင်ပေးထားတဲ့အတွက်လဲ ပါပေါ့။

    Reply

  • 007James

    July 22, 2011 at 10:07 pm

    ကျောက်ဆည်မြို့ ကတော့ဖြတ်သွားဖြတ်လာပဲ။ဒီလိုရှေးဟောင်ပုထိုးတော်တွေဖူးခွင့်ရအောင် နောက်တခါရောက်ရင် ဝင်ဖူးရမယ်။ ကျေးဇူးပါ။

    Reply

  • TRUTH

    July 22, 2011 at 11:33 pm

    ဓာတ်ပုံ နှင့် တကွ အသေးစိတ်ဖော်ပြပေးတဲ့ အတွက် ကိုပေါက် ကို အထူးကျေးဇူးတင်ရှိ ပါတယ်။မြန်မာပြည် အရပ်ရပ် မှ လုပ်သားပြည်သူတွေ ကြည်ညိုဖူးမြော်နိုင်အောင် တင်းပေးထားတဲ့ အတွက်ပါ။ဒါပေမယ့် စေတနာသဒ္ဓါတရား ထက်သန် ့တဲ့ အလှူရှင်များ ဆက်သွယ်လှူဒါန်းနိုင်မယ့် လိပ်စာ မပါတာတော့ နည်းနည်းဆိုးပါတယ်။ဖြစ်နိုင်ရင် လှူဒါန်းနိုင်မယ့် လိပ်စာ ကိုထည် ့ပေးစေချင်ပါတယ်။

    Reply

  • နောက်တစ်ခေါက်ထပ်သွားဖြစ်ရင် လိပ်စာတောင်းခဲ့ပါမယ်နော်၊
    အဝေးကလူတွေဘယ်လိုလှူလို့ရမယ်ဆိုတာကို။

    Reply

Leave a Reply to TRUTH Cancel Reply

Your email address will not be published.