ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို အင်္ဂလိပ်ဘာသာဖြင့် စာအုပ်အဖြစ် ထုတ်ဝေရောင်းချ

klnMay 7, 20101min01

ယခုနှစ်တွင် ကျင်းပသွားရန်စီစဉ်ထားသော ရွေးကောက်ပွဲများအတွက် သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသော စာအုပ်များကိုစတင်ထုတ်ဝေရောင်းချလျက်ရှိကြောင်းသတင်းရရှိပါသည်။ အဆိုပါစာအုပ်များကို ဧပြီလ ၂၃ရက်နေ့မှစ၍ စတင်ထုတ်ဝေရောင်းချလျက်ဖြစ်ကြောင်းရန်ကုန်မြို့ကုန်သည်လမ်းမကြီးရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်းတစ်ဦးကပြောကြားခဲ့သည်။ ယခုထွက်ရှိလာသော အင်္ဂလိပ်ဘာသာပြန်စာအုပ်များမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေစာအုပ်များဖြစ်ကြသည်။ စာအုပ်များ၏ ဈေးနှုန်းမှာကျပ် ၂၀ဝနှင့် ကျပ် ၅၀ဝဖြစ်ကြောင်း ဝယ်ယူရရှိသူများ၏ ပြောကြားချက်အရသိရသည်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို မတ်လ ၉ရက်နေ့မှစ၍ နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ် ထည့်သွင်းဖော်ပြခဲ့ပြီး စာအုပ်များအဖြစ်လည်းပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့သည်။ အဆိုပါ ရွှေးကောက်ပွဲဆိုင်ရာ ဥပဒေစာအုပ်များကိုလည်း တစ်အုပ်လျှင် ကျပ်၂၀ဝနှင့်ကျပ် ၅၀ဝစသည့် ဈေးနှုန်းများဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်တွင်ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။ မြန်မာနိုင်ငံတပ်မတော်အစိုးရသည် ယခုနှစ်အတွင်းလွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများကျင်းပသွားမည်ဟု ပြောကြားထားသည်။ ကျင်းပသွားမည့် ရွေးကောက်ပွဲများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂ဝအတွင်း ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲများဖြစ်ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 9:12 am

    အင်္ဂလိပ် လိုပြန်တယ်ဆိုတော့ နိုင်ငံတကာစံချိန်မှီပေါ့
    အထဲမှာဘာတွေရေးထားတာလဲ သိချင်လိုက်တာ
    ဝယ်ဖတ်ဦးမှ

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.