သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့်ကုန်ဆုံးချိန်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နာဂစ်သင့်ဒေသပြန်လည်ထူထောင်ရေးအတွက် ညှိနှို်င်းဆောင်ရွက်မှုတာဝန်ယူမည်

klnMay 7, 20101min01

သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့် ဇူလိုင်လတွင် ကုန်ဆုံးချိန်၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နာဂစ်သင့်ဒေသပြန်လည်ထူထောင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုတာဝန်ကိုလွှဲပြောင်းတာဝန်ယူသွားမည်ဖြစ်ကြောင်း နာဂစ်လွန်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အာဆီယံအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဒေါက်တာဝီလီယံဆဘန်းဒါးကပြောကြားခဲ့သည်။ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများအရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ကို ၂၀၀၈ခုနှစ် မေလတွင် ဖွဲ့စည်းခဲ့ပြီး ယင်း၌ မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂနှင့် အာဆီယံမှ အဆင့်မြင့်အရာရှိကြီးများပါဝင်ကာ အဖွဲ့၏ လုပ်ပိုင်ခွင့်သက်တမ်းမှာ ယခုနှစ်ဇူလိုင်လအထိသာဖြစ်သည်။ နာဂစ်လေဘေးသင့်ဒေသတွင်တိုးတက်မှု အချို့ရှိသော်လည်းအရေးပေါ်နေထိုုင်စရာ နေအိ်မ်များဆောက်လုပ်ပေးရေး၊ သန့်ရှင်းသည့် သောက်ရေရရှိရေး ဆောင်ရွက်ပေးနိုင်ရေးနှင့် ရပ်ရွာအသိုင်းအဝိုင်းနှင့် အိမ်ထောင်စုများအတွက် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်ရန်နှင့် ဝင်ငွေအခွင့်အလမ်းများရရှိနိုင်ရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးရန် လိုအပ်နေသေးကြောင်းသိရသည်။ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ လုပ်ပိုင်ခွင့် ဇူလိုင်လတွင် ရပ်ဆိုင်းမည်ဖြစ်သော်လည်း လေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၂၀၁၁ဒီဇင်ဘာလအထိ ဆက်လက်ဆောင်ရွက်သွားမည်ဟုသုံးပွင့်ဆိုင်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက မတ်လ၁၂ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော သုံးပွင့်ဆိုင်ဗဟိုအဖွဲ့၏ ဒုတိယအကြိမ် ပြန်လည်ထူတောင်ရေးဖိုရမ်၌ ပြောကြားခဲ့ကြောင်း ၂၀၁ဝခုနှစ် မေလ ရရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင်ဖော်ပြထားပါသည်။

One comment

  • susunosuki

    May 12, 2010 at 8:52 am

    သူတို့ဘဝတွေမြန်မြန်တိုးတက်ပါစေ
    မြန်မြန်အခြေကျပါစေဗျာ
    အလုပ်အကိုင်အခွင့်အလမ်းတွေ များများရှိလာရင် လူကုန်ကူးမှုတွေ နာဂစ်ဒေသမှာ တော်တော်ထိန်းလို့ရသွားမယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.