ဟာသလေးများ

mickylayMay 7, 20101min04

ပြေးမယ်ကြံ ထရံကကျိုး

စိတ်ရောဂါကုဆေးရုံက လူနာတွေအားလုံး အစည်းအဝေးကြိတ်ထိုင်ကြပြီး ဆေးရုံက ထွက်ပြေးလွတ်မြောက်မယ့် လမ်းကိုရွေး ချယ်ဆုံးဖြတ် လိုက် ကြတယ်။
သူတို့က ဆေးရုံဝင်း ထရံကို ကြက်ဖတစ်ကောင်လို ခုန် ကျော်ဖြတ်နိုင်အောင် ကြက်ဖတစ်ကောင်ကို ရိုက်သတ်ပြီး ခွဲဝေစားကြတယ်။

ပြီးတော့
သူတို့အားလုံး ဝင်းထရံကိုခုန်ကျော်နိုင်အောင် တိုးတိုး
တိတ်တိတ်ကျိတ်ပြီး လေ့ကျင့်ကြလေတယ်။ နောက်ဆုံး အားလုံး
ခုန်ကျော်တတ်သွားကြတယ်။
ဒီလိုနဲ့ထွက်ပြေးမယ့် နေ့ကို ရောက်လာကြတယ်။ အခြေအနေကို စုံစမ်းလေ့လာဖို့ တစ်ယောက်ကို အရင်လွှတ်လိုက် ကြတယ်။
မကြာခင်မှာ ထိုလူက မျက်နှာမသာမယာနဲ့ ပြန်ရောက်လာလို့ အားလုံးက စိုးရိမ်စွာ
ဝိုင်းမေးလိုက်ကြတယ်။

” အခြေအနေ မကောင်းဖူးလား။ ဘာဖြစ်လာတာလည်း “

” ငါတို့ ပြေးလို့ မဖြစ်တော့ဘူး “

” ဘာဖြစ်လို့လည်း “

” သူတို့က ဝင်းထရံကို ဖြိုလိုက်ကြပြီ”

ဆရာဝန်တွေ ပြောတဲ့အတိုင်း

အရက်သမားတစ်ယောက် ဆရာဝန်ထံလာပြီး အရက်ဖြတ်လိုကြောင်းပြောတယ်။ ဒီတစ်ခါတော့ အရက်ကိုအမြစ်ဖြတ်ဖို့ သံဓိဌာန် ချထားတယ်လို့ ပြောတယ်။ ဒီတော့ဆရာဝန်က..

” ကူညီရမှာပေါ့ဗျာ။ ကောင်းတာလုပ်တာဘဲ။ အရက်ဆိုတာ တဖြည်းဖြည်းချင်းမျှဉ်းပြီး
ဖြတ်ရတယ်။ ဒါကြောင့် ဒီနေ့ကစပြီး တစ်ရက်ကို နှစ်ပက်ထက်ပိုပြီး
မသောက်မိစေဘဲ နေကြည့်စမ်းပါ။ နောက်တစ်ပတ် ကျွန်တေ့်ကိုပြန်လာပြပါ။
တိုးတက်မှုအခြေအနေကို ကြည့်ရအောင် “

၇-ရက်ကြာတော့ ထိုလူနာ တစ်ခေါက်ပြန်ရောက်လာတယ်။ သူ့ကိုယ်က အရက်နံ့တွေကတစ်ထောင်းထောင်း
ထွက်နေတယ်။ ဒီတော့ ဆရာဝန်က မနှစ်မြို့စွာနဲ့ ..

” ဘယ်လိုလည်းဗျ၊ တစ်ရက်ကို နှစ်ပက်ထက်ပိုမသောက်ရဘူးလို့ ခင်ဗျားကို ကျွန်တော်
ပြောထားတယ်လေ။ ခုတော့ အရက်ကန်ထဲ ကျလာသလား မှတ်ရတယ်။ မွှန်ထူနေတာဘဲ “

ဒီတော့အရက်သမားက လျှာလေး အာလေးနဲ့ပြောလိုက်ပုံက..

” ဘာလဲ.. ခင်ဗျားတစ်ယောက်ဆီမှာဘဲ ကျုပ်ကကုတယ်ထင်လို့လား “

မေ့နေလို့ပါဆိုမှ

အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။

” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “

” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”

” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “

လက်ချာပေးသူ

ည ၁၂နာရီခန့်တွင် ယိုင်တိယိုင်တိုင်လျှောက်လာတဲ့ အရက်သမားကို ကင်းလှည့်နေတဲ့ ရဲကား ကမေးတယ်။

” အချိန်မတော် ဘယ်သွားမလို့လည်း “

” လက်ချာသွားနားထောင်မလို့

” ဒီလို အချိန်ကြီး ခင်ဗျားလို ငမူးကို ဘယ်လိုလူက လက်ချာပေးမှာလည်း “

” ကျွန်တော့ မိန်းမ”

အားကျစရာ

” ကြက်ဖတွေဟာ ဘာဖြစ်လို့ တစ်သက်လုံး တွန်နိုင်ကြတာလည်း “

” သူ့မှာ မိန်းမတွေ အများကြီးရှိတယ်။ ဒါပေမယ့် ယောက္ခမ တစ်ယောက်မှမရှိဘူး။ ဒါကြောင့်
တွန်နိုင်တာ “

မျှော်လင့်ချက်

” မောင်.. ဒီမြစ်ထဲကို အချစ်ခုန်ချရင် မောင်.. ဆင်းကယ်မှာလားဟင်” လို့ ကောင်မလေးက
သူ့ချစ်သူကိုကနွဲ့ကရမေး လိုက်တယ်။

ဒီတော့ ချစ်သူဖြစ်သူက မျှော်လင့်လေသံလေးနဲ့ မေးလိုက်တာက

” ကယ်မှာပေါ့လို့ မောင်ဖြေရင် အချစ်က တကယ်ခုန်ချမှာလားဟင် “

4 comments

  • kopauk mandalay

    May 7, 2010 at 1:30 am

    အင်တာနက်ပေါ်မှာတင်ကြတာ နိုင်ငံခြားဖြစ်ဟာသတွေက ပိုများပါတယ်။
    ပြည်တွင်းဖြစ်ဟာသလေးတွေကို သိတဲ.သူများရှိရင်တင်ပေးကြစေလိုပါတယ်။
    ဖတ်ချင်လို.ပါ။

    Reply

  • etone

    May 7, 2010 at 3:01 am

    ဒီတခါ ဟာသလေးတွေက အသစ်တွေနော် ။ အရင်က ရထားတဲ့ fwd msg တွေနဲ့ မတူဘူးနော်

    Reply

  • susunosuki

    May 12, 2010 at 8:03 am

    သိပ်ရယ်ရပါတယ်
    ကောင်းပါတယ်
    စိတ်ပျော်လာတယ်

    Reply

  • kyi pyar

    August 1, 2010 at 4:49 am

    ဟာသလေး တွေ က တကယ် ရီ ရ ပါတယ်

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.