ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို အလေးပြုပါသည်……………

yaungchikhaJuly 19, 20111min07

ဇူလိုင်းလ (၁၉)ရက်၊ နံနက် ၁ဝ နာရီ ၃ဝ မိနစ်အချိန်တွင် အဖိုးက ငါ့မြေးလာဆိုပြီး ရေဒီယိုရှေ့တွင် ရပ်ခိုင်းပါတယ်၊ ၁ဝ နာရီ ၃ရ မိနစ်အချိန် မြန်မာ့အသံရေဒီယိုမှ ဥဩဆွဲသံစကြားတာနဲ့ မလှုတ်မယှက်ရပ်နေရပါတယ်၊ ကျမ အသက် (၅) နှစ်လောက်အရွယ်ကတည်းက အာဇာနည်နေ့ရောက်တိုင်း ကျမအဖိုးနဲ့အတူ ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုရပါတယ်၊ အာဇာနည်နေ့ရောက်တိုင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများကို လေးပြုပြီးတိုင်း ကျမအဖိုးပြောနေကျစကားရှိပါတယ်၊ ငါ့မြေး တို့တိုင်းပြည်ကို သူ့ကျွန်ဘဝကလွတ်မြောက်အောင် တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်သွားကြတဲ့ ခေါင်းဆောင်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေးနဲ့တကွ လွတ်လတ်ရေးရဖို့တိုက်ပွဲဝင်သွားကြတဲ့ ရဲဘော်ရဲဘက်တွေကို အမြဲလေးစားနေရမယ်၊ အာဇာနည်နေ့ရောက်တိုင် အဖိုးမရှိလဲ ငါ့မြေအခုလို အမြဲအလေးပြုရမယ်လို့မှာခဲ့ပါတယ်၊ ကျမအသက်ငယ်သေးပေမယ့် အဖိုးပြောတဲ့စကားတွေဟာ ကျမအတွက်တော့ ယခုထိအမှတ်ရနေသလို၊ နိုင်ငံနဲ့လူမျိုးကိုချစ်ဖို့လဲ အမြဲမှာကြားခဲ့ပါတယ်၊ ကျမအဖိုးဆုံးသွားပြီးနောက်ပိုင်းလဲ အာဇာနည်နေ့ရောက်တိုင်း အမြဲသတိအနေထားနဲ့ ကျမ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဆဲပါ………… ဥဩသံတွေမကြားရပြီဖြစ်သော်လည်း ကျမအတွက်အတွက်တော့ ဇူလိုင်လ (၁၉)ရက်၊ နံနက် ၁ဝ နာရီ ၃ရ မိနစ်အချိန်မှာတော့ အလေးပြုလျှက်ယခုအချိန်ထိမပျက်ခဲ့သေးပါ……………

 

အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ဆယ့်သုံးဟာ

ဗိုလ်ချုပ်မွေးနေ့ပါ၊

တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊

ရှေ့နေဦးဖာသား၊

ဇာတိနတ်မောက်မကွေးခရိုင်

သိကြများခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား

မိခင်ဒေါ်စုသား၊

တစ်ထောင့်ကိုးရာလေးဆယ့်ခွန်၊

ပြောင်းကြွတမလွန်၊

မျက်ရည်ဖြိုင်လို့ ဘဝင်ညှိး၊

ဇူလိုင်တစ်ဆယ့်ကိုး။

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်၊

ပြည်ချစ်ဒို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ

ဗိုလ်ချုပ်ချမှတ်သွား၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်

ဗိုလ်ချုပ်တို့ဖခင်၊

ကောင်းစေချင်တဲ့မှာစကား

ငါတို့မမေ့အား………

 

ဗိုလ်ချုပ်နှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို အစဉ်ထာဝရ အလေးပြုလျှက်………………..

7 comments

  • etone

    July 20, 2011 at 11:35 am

    လွတ်လပ်ရေးလည်း ရပြီးပြီ .. အစီအနှစ်တွေလည်း အတော်တက်လာပြီဖြစ်တဲ့အချိန် … ဘယ်သူတွေကြောင့် လွတ်လပ်ရေးရခဲ့သလဲဆိုတဲ့ ရာဇဝင်ဖျောက်ချင်နေကြတယ် … ။ ကျေးဇူးကန်းသူတွေ ၊ ကျေးဇူးတင်ရကောင်းမှန်းမသိသူတွေ တပုံကြီးရှိသေးတယ် ။

    Reply

  • MOEPWINTPHYU

    July 20, 2011 at 1:06 pm

    လေးစာပါတယ် ဒီနေရာကပဲ အလေးပြုလိုက်ပါတယ်

    Reply

  • -

    July 20, 2011 at 6:12 pm

    yaungchikha ရဲ့ အတွေးကို လည်း သဘောကျတယ်………..အခုခေတ်မှာ အာဇာနည်နေ့ ကို မသိတဲ့သူတွေ တော်တော်များနေကြပြီ…..ဒါပေမယ့် ကျွန်မ တို့က အခုခေတ်ကလေးတွေက အာဇာနည်နေ့ကို သူတို့ မမေ့ဖို့ နှလုံးသွင်းဖို့က ကျွန်မတို့ရဲ့ တာဝန်ဖြစ်နေပြီ ထင်ပါတယ်

    Reply

  • Ma Sweet

    July 21, 2011 at 10:57 am

    မရောင်ခြည်ခ ရေ .. အရမ်းကောင်းပါတယ်။ လေးလဲလေးစားပါတယ်

    Reply

  • Yan Shin

    July 27, 2011 at 5:07 pm

    ဖ္ခင်ကိုတောင်ပြစ်မှားရဲတဲ့သူတွေ
    ကျေးဇူးရှင်ကိုတောင် မေ့ရဲတတ်သူတွေ
    ကျေးဇူးတရားကို ဖျောက်ပြစ်ခြင်သူတွေရဲ့ လက်ထဲက
    သာမန်ပြည်သူတွေရဲ့ ဘဝ………………………

    Reply

  • mgpyichit

    July 31, 2011 at 11:48 am

    အမျိုးသားခေါင်ဆောင်ကြီးနဲ့အာဇာနည်တွေကို လေးစားစွာဖြင့်ရေးသားသော ဘယ်သူဘယ်ကမှန်းမသိသော

    ရောင်ခြည်ခ ကိုကျေးဇူးတင်တယ်ဗျာ၊တော်လဲတော်တယ်၊အရေးအသားလေးလဲမဆိုးဘူး၊

    ဆက်ပြီးလဲတင်ပေးပါအုံး၊ခင်များရဲ့တိုင်းပြည်ရဲ့အမျိုးသားခေါင်ဆောင်ကြီးပေါ်ထားတဲ့ဖြူစင်တဲ့စိတ်ထားကိုလဲ

    ဂုဏ်ယူနေမှာပါ၊ ထပ်ပြီးလဲကြိုးစားပေါ့ဗျာ။

    Reply

  • suicide blind

    July 31, 2011 at 4:23 pm

    အဲ့ကဗျာလေး….အခု အငယ်တန်းကျောင်းသားတွေဆီမှာ…ပါသေးလားမသိတော့ပါဘူး..
    မပါတော့ဘူးဆိုရင်တော့…သူတို ့ဗိုလ်ချုပ်အောင်ဆန်း ဆိုတာ ဘာမှန်းသိချင်မှသိတော့မယ်

    Reply

Leave a Reply to Ma Sweet Cancel Reply

Your email address will not be published.