ဖွားဆူး မှ ဖိုးပေ သို့ လမ်းညွန်

ဆူးJuly 17, 20111min016

အဖွားတယောက် အနေနဲ့ မြေးကို ပြောချင်တယ်.. လောကကြီးမှာ လိင်ကိစ္စဆိုတာ အရွယ်ရောက်တဲ့ သူတိုင်း သင်စရာ မလိုပဲ တတ်ကြတယ်။ ဖွားတို့ ခေတ်အခါ ရိုးလှပါချည် ထုံလှပါချည်လို့ ပြောတဲ့ မိအေး အခုတော့ ကလေးများ အေ… မွေးထားတာ ကလေးတွေ ၂ဒါဇင် ကျော်လို့ သူ့ကလေးတွေ နာမည်တောင် အကုန် အလွတ်မရတော့ပါဘူး အေ…
ဖိုးပေ.. ဒီလောက်ဆို သဘောပေါက်ပေါ့ အေ..
ဖွားတို့ခေတ်မှာ ဒီလို စာကြီး ပေကြီးတွေ မရှိဘူး ကျောက်သင်ပုန်း နဲ့ ကျောက်တံဆိုတာ ဟိုခြစ် ဒီခြစ်လောက်ပဲ သုံးတာ စာလည်း မယ်မယ်ရရ တတ်တာ မဟုတ်ဘူး အေ…
ဒါပေမဲ့ မိအေး တယောက် ရိုးလွန်း ထုံလွန်းလို့.. အိမ်ထောင်ကျတော့ အဆင်မှ ပြေပါ့မလားလို့ စိတ်ပူမိသေးတယ်။ နောက်တော့လည်း တနှစ်တခါ အချိန်မှန်မှန် ဗိုက်ပူလာတာ.. ကလေး ၂ဒါဇင်ကျော်မှပဲ.. မိအေး ဗိုက် အနားရတော့တယ် အေ…

မိအေးကို သင်ပေးတာ ဘယ်သူလဲ အဲဒီ အချိန်အခါတုန်းကတော့ ဖိုးပေ မဟုတ်တာ သေချာတယ်။
ငါပြောမယ် သေချာမှတ်ထား ဖိုးပေ.. မိအေး ဆရာက မိအေး ယောကျား…ကွဲ့..

အာဒံ နဲ့ ဧဝ နှစ်ယောက်တည်း ဆရာမရှိပဲ အလိုလို တတ်တဲ့ ဘာလဲ..
လူမရှိတဲ့ ကျွှန်းမှာ ကလေး ယောကျားလေးနဲ့ မိန်းကလေး သွားပစ်ထားကြည့်လိုက်.. အနှစ် ၂ဝ လောက်နေလို့ တခေါက်သွားပြန်ကြည့် နောက်ထပ် လူလေးတွေ အများကြီး ရှိနေလိမ့်မယ်။

ဖိုးပေ.. ဖွား တခု ပြောမယ်နော်.. ရွာထဲမှာ အသက်စစ်တမ်းကောက်တဲ့ အခါမှာ… အသက် ၃ဝကျော် ၄ဝကျော် ၅ဝကျော် ၆ဝကျော် အများသား.. အသက် ၂ဝကျော် နဲ့ ၁၈ အောက်က လူနည်းစု.. ရွာမှာ အသက်ကို အချိုးချရင်တောင် အသက် ၂ဝကျော်တွေ ၁ဝပုံ ၁ပုံတောင် မရှိဘူး ဒီတော့ ရွာထဲမှာ မသင်ပဲ တတ်တဲ့ အရာတွေကို အခုမှ သိတဲ့ ချာတိတ်က ငါသိတယ်နော်.. ငါသိတယ်နော်.. တဟင်း ဟင်းနဲ့.. မင်းတို့ သိကြလား.. ငါသင်ပေးမယ် ဆိုပြီး ရေးနေပြောနေတာ ဘယ်လိုနဲ့ တူမလဲ ဆိုရင် မူကြိုကလေးတယောက်က ဝလုံးရေးနည်း သိလို့ လူကြီးတွေကို ဝလုံးရေးနည်း သင်ပေးမယ် ဆိုပြီး ပြောသလို ဖြစ်နေတယ်။
ကိုယ့်ထက် ဝါကြီး စီနီယာကြီးတွေက ကြည့်နေကြတယ် ပြုံးပြုံးကြီးနဲ့ ကြည့်နေကြတယ်.. ဘယ်လို အကြည့်နဲ့ ပြုံးမည် ထင်သလဲ ဖိုးပေ.. တွေးသာ ကြည့်လိုက်ပေတော့… ကြည့်တဲ့ အထဲမှာ မိအေး ယောကျား ဘယ်နှစ်ယောက် ပါမလဲတောင် မသိဘူးနော်..

ဖိုးပေ.. ဖွားကို မင်းပြောခဲ့သလို ခင်ဗျားလို လူကို ကြိုက်တဲ့ လူကဟာ ရှေးဟောင်းသုသေသန က လူမျိုးပဲ ဖြစ်လိမ့်မယ် လို့ ပြောဖူးတယ်။ ဖွားကတော့ ရှေးဟောင်းသုသေသနက လူကပဲ ကြိုက်ကြိုက် တယောက်မှ မကြိုက်ပဲ နေနေ ဖွားကတော့ မတုန်လှုပ်ဘူး.. အဲဒီ အတွက်လည်း စိတ်မဆင်းရဲဘူး။ သိက္ခာရှိရှိ တည်တည်တံ့တံ့ နေရတဲ့ ဘဝကို ကျေနပ်တယ်.. လောကကြီးမှာ မသိသေးတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ ရှေးရိုးဆန်တယ် ပဲ ပြောပြော.. စိတ်မဆိုးပါဘူး။

ဖိုးပေ တယောက် တနေ့ တနေ့ ရေးနေတဲ့ ကိစ္စတွေကို ဝိုင်းပြောကြတဲ့ အကြောင်းတွေက ဘဝကြီးနဲ့ ချီပြီးတော့ ကြည့်လိုက်ရင်တော့ ဒီကိစ္စလေးတွေက အသေးအမွားလေးပါပဲ။ အသေးအမွား ကိစ္စကို အလေးထားတတ်တဲ့ လူတွေ ရှိသလို မသိသလို ကျော်သွားတဲ့ အပျိုကြီး လူပျိုကြီးတွေ အများကြီးပါ။ လူပျိုကြီးတွေ ထဲမှာ ကြိုက်လို့ ဝယ်စားတဲ့ သူတွေ ရှိသလို မကြိုက်လို့ ဝေးဝေးရှောင်တဲ့ လူတွေ ရှိတယ်။ ပတ်ဝန်းကျင် သေးသေးလေး နဲ့ ဒါပဲ ဒါပဲလို့ လာအော်မယ် ဆိုရင် မှားသွားလိမ့်မယ်။ လောကကြီးမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး။ မဖြစ်သေးတာပဲ ရှိတယ်။ မျက်စိတွေ နားတွေ အကျယ်ကြီး ဖွင့်နိုင်အောင် ကြိုးစားပါ။

ဖိုးပေ.. အတွက် စကားလက်ဆောင်ကတော့ မသိတာကို လေ့လာပါ။ ကိုယ်သိတာ သူများ သိနှင့်ပြီးသား ဖြစ်ပါလိမ့်မယ်။ ရွာထဲမှာ ကိုယ့်ထက် အသက်အားဖြင့်ကြီးသူ ဂုဏ်အားဖြင့်ကြီးသူ အတွေ့အကြုံရင့်ကျက်သူ စသဖြင့် အများကြီး ရှိပါတယ်။ မသိတာကို သင်ယူပါ။ အချိန်တန်လို့ လူတိုင်း တတ်မဲ့ အရာ အတွက် ဝင်္ကဘာ ထဲမှာ ချာချာ လည်မနေပါနဲ့.. အရာရာ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ နောက်ကျ မကျန်ခဲ့အောင် ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်။ တခြားလေ့လာစရာတွေ အများကြီး ရှိပါတယ်။

16 comments

  • shwe ni

    July 17, 2011 at 10:15 pm

    very conservative လို့ အမလဲပြောခံရဘူးတယ်ဆူးရေ

    Reply

  • padonmar

    July 17, 2011 at 10:27 pm

    ရေးပါစေဖွားဆူးရယ်။
    သူသိတာသူရေးတာက သူမသိတာရေးတာထက်စာရင် ကောင်းသေးတာပေါ့၊
    ဒီလို ဆူတော့ မောင်ပေလေးသနားပါတယ်။

    Reply

    • ဆူး

      July 17, 2011 at 10:38 pm

      မဆူပါဘူး ကွယ်.. ရွာထဲမှာ အများနဲ့ တယောက် ဖြစ်နေပြီ.. လူဆိုတာ တူရာ စုတဲ့ သဘောရှိတယ်။မတူညီတဲ့ လိုင်းတွေ ရှိနေတာပဲလေ.. လူတိုင်းက ကိုယ်သန်ရာ သန်ရာ ပြောတတ် တွေးတတ် လုပ်တတ်ကြတာ ဆိုတော့.. ရွာသားတွေ ရဲ့ ပြုံးပြုံးကြီး ကြည့်တဲ့ အကြည့်မှာ.. အတွေးတွေ ပါနေမှာပဲလေ.. အဲဒါလေး သိအောင် မြင်အောင် ပြောပြတာပါ။ အချိန်အတိုင်းအတာ တခုအရ ရွာထဲမှာ ဆူး လေ့လာ မိတာလေးတွေကို ပြန်ပြောပြတဲ့ သဘောနဲ့ ပြောပြတာပါ။ အများနဲ့ တယောက် ဘေးမထွက်သွားအောင် လမ်းညွန်တာပါ။

      Reply

  • unclegyi1974

    July 17, 2011 at 11:22 pm

    ကျွန်တော်တို့စာစဖတ်တာကာတွန်းရုပ်ပြလေးတွေပါ
    နောက်ဝတ္တ္ထုဖတ်တော့စုံထောက်စာအုပ် သိုင်းစာအုပ်
    နောက်အချစ်စာအုပ်
    ဒီနောက်တော့ဘာသာပြန်
    နောက်တော့စာတွေရွေးဖတ်လာပြီ
    လိုင်းပေါင်းစုံမထသ မဖတ်တော့ဖူး
    ကျွန်တော်ဆိုလိုတာ ဆူးသဘောပေါက်ပါတယ်နော်
    သူလည်းသူ့အရွယ်နဲ့သူ သူစိတ်ဝင်စားတာရေးတာ
    နောက်တော့သူ့ဖာသာသူ လို်င်းပြောင်းသွားပါလိမ့်မယ်
    ဆူးရေးသွားတာလည်းအကုန်ကောင်းပါတယ်
    နာခံတတ်တဲ့သူဆိုချက်ချင်းသဘောပေါက်သွားမှာပါ

    Reply

  • windtalker

    July 17, 2011 at 11:41 pm

    အဲဗျာ ချက်တင်းထဲ က စကားတွေ ပါ ပါလာတယ် ဆိုပဲ
    အိုဘာတဲ့
    ဖွားဆူး လို ရှေးရိုးဆန် တဲ့ သူ ကို ကြိုက်တဲ့ သူ ဟာ (ဖွားဆူး ချစ်သူ) ဟာ ရှေးဟောင်းသုတေသန ဌာန က လူ ဖြစ်ရမယ် ဆိုတာ က ဖွားဆူး ကို စတာပါဗျာ ။ တစ်ကယ်တန်းကြ ရန်ကုန်မြို ့ကြီး မှာ ကိုယ်ပိုင် ကားတစ်စီး နဲ ့ကျော့ကျော့မော့မော့ စမတ်ကျကျ ဝတ်စားဆင်ယင်တတ်တဲ့ ဖွားဆူး မှာ ရွေးချယ်စရာတွေ နဲ ့ဝိုင်းဝိုင်းလည်နေမယ် ဆိုတာ သိပါတယ် ။ အချစ်ရေးကို လုံးဝ စိတ်မဝင်စားလို ့အပျိုကြီး လုပ်နေတာ ကို လည်း မောင်ပေ သိနားလည်ပါတယ် ဗျာ ။
    အခု အထက်က ပို ့စ် ကို ဖတ်ရင်း မောင်ပေ တစ်ယောက် အရမ်းကို ကြည်နူး ပျော်ရွှင်ရပါတယ် ။ တစ်ကယ် ပြောတာပါ ။
    မောင်ပေ့ ကို မြေးငယ်တစ်ယောက်လို သဘောထားပြီး အဖွားတစ်ယောက် အနေ နဲ ့လိုက်လံ ဆုံးမ နေတာ ကို လည်း နားလည်လက်ခံပါတယ် ။ အရမ်းလည်း ကျေးဇူး တင်မိပါတယ် ။
    ဘာပဲဖြစ်ဖြစ် နောင်နောက် ကို ဖွားဆူး ဆုံးမ မှု အတိုင်း လိုက်နာ နေထိုင်သွားပါ့မယ် လို ့ ဒီ ကွန်မင့် က နေ မန် ့လိုက်ပါတယ် နော် ။

    Reply

    • etone

      July 18, 2011 at 10:39 am

      ပြောပြီး ဆုံးမလို့ မရလျှင် ခေါင်း နှစ်ချက်လောက်ခေါက်လိုက် … အဟီး 😀 😀

      Reply

      • နွယ်ပင်

        July 18, 2011 at 11:55 am

        နှစ်ချက်လောက်ခေါက်လို့မှမရရင် တုတ်ကြီးကြီးနဲ့ ခပ်စပ်စပ်လေး ရိုက်လိုက်ပါ … 😛

        Reply

  • weiwei

    July 17, 2011 at 11:44 pm

    လိမ်မာလိုက်တဲ့ မောင်ပေ … 😛

    Reply

  • ကြောင်ကြီး

    July 18, 2011 at 2:31 am

    ဟေ့မောင်ပေ
    ဖွားဆူးကို
    မှားဘူးလို့ထင်
    နင့်အပြင်
    မိုက်သူရှိမလား…

    Reply

  • Foreign Resident

    July 18, 2011 at 2:47 am

    ဒီလို ဆူတော့ မောင်ပေလေးသနားပါတယ်
    သူလည်း သူ့အရွယ်နဲ့သူ သူစိတ်ဝင်စားတာရေးတာ
    နောက်တော့သူ့ဖာသာသူ လို်င်းပြောင်းသွားပါလိမ့်မယ်

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 18, 2011 at 9:17 am

    ဖွားလေးဆူးပုတ်ရွက်ကပြောဒယ်
    အပျိုဂျီးဆိုပြီး
    ရှင်ဒို့မသနား ကျမက ကျားးးးးးးးးးဒဲ့

    Reply

  • ရွှေဘိုသား

    July 18, 2011 at 9:17 am

    ရွာထဲက လူကြီးတွေ အဲလို အတိုက်ခံလေးတွေဖြစ်မှ ရွှေဘိုသားတို.လည်း လမ်းမှန်တဲ.ဘက်
    ရွေးချယ်လို.ရမှာ
    အခုလည်း မမဆူး ပြောပြတာကို လက်ခံတယ်ဆိုတော. ပိုလို.တောင် အတုယူဖို.ကောင်းသွားသေးတယ်
    အမှားကိုအမှန်ပြင်နိုင်တာ မင်္ဂလာတစ်ပါး ပါပဲဗျာ

    Reply

  • Yan Shin

    July 18, 2011 at 9:38 am

    အားလုံးအတွက်
    ငါတို့ ရွာကြီးအတွက်
    ……သာဓုသာဓု သာဒု။

    Reply

  • kosharshi

    July 18, 2011 at 1:35 pm

    တရားမထူးပဲ..
    အများမူးအောင်..မလုပ်လိုက်ပါနဲ့..
    ဖွားဆူးရယ်….

    Reply

  • aungnng87

    July 18, 2011 at 2:24 pm

    မောင်ပေဆိုတာwindtalker လား။မသိလို.မေးတာနော်။ကိုယ်တို.ကအသစ်ဆိုတော့……။

    Reply

  • MOEPWINTPHYU

    July 18, 2011 at 2:48 pm

    အစ်မ ဆူးပြောတာ အရမ်ကောင်းတယ် လူအသက်အရွယ်လိုက် အတွေးအခေါ်ကွာတယ် မိုးပွင်ဖြူတိုငယ်ငယ်ကနဲ အခုတွေတာတွေ မတူတောဘူး

    Reply

Leave a Reply to ရွှေဘိုသား Cancel Reply

Your email address will not be published.