မြို့(၁၇)မြို့တွင် မိုးသက်လေပြင်းများကျ

klnMay 6, 20101min01

ပုခုက္ကူတွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ လူအသေအပျောက် မရှိခဲ့သော်လည်း ပျက်စီးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။ ယင်းမိုးသက်လေပြင်းတိုက်ခက်မှုကြောင့် ရပ်ကွက်အချို့တွင် အိမ်အမိုးလန်ခြင်းများ၊ သစ်ပင်များ လဲပြိုခြင်းနှင့် ဓာတ်တိုင်လဲပြိုခြင်းများ ရှိခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ မိုးသက်လေပြင်းတိုက်ခတ်မှုသည် ယခုလ ၂၆ရက်တွင် တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လေပြင်းကျချိန်သည် မိနစ်(၂၀) ဝန်းကျင်ခန့်ကြာမြင့်ခဲ့ကြောင်း၊ ပခုက္ကူမြို့တွင် ယခင်တိုက်ခတ်ခဲ့ဖူးသော လေပြင်းများထက် ပိုမိုကြာမြင့်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောကြားသည်။ ပခုက္ကူဒေသအပြင် မိုးသက်လေပြင်းများသည် အောင်လံ၊ ဆင်ပေါင်ဝဲ၊ နန်းယွန်း၊ ကွန်ဟိန်း၊ ကျိုင်းတုံ၊ တန့်ယန်း၊ ဘုတလင်၊ ကသာ၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ တီးတိန်၊ ကျောက်မဲ၊ ပခုက္ကူ၊ ညောင်ဦးမြို့နယ်များတွင် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ နန်းယွန်းမြို့နယ်ကြိုင်ရိုင်ကျေးရွာတွင် အိမ်လဲပြိုမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ နေပြည်တော်တပ်ကုန်းနှင့် ဘုတလင်မြို့နယ် တို့တွင် ခိုင်းနွားနှစ်ကောင်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ လေပြင်းတိုက်ခတ်မှုသည် ဧပြီ ၂၃ရက်မှ ၂၆ရက် အကြားတွင် မိုးသက်လေပြင်းများ ဆက်တိုက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ဧပြီလတတိယပတ်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးသက်လေပြင်းများ ကျရောက်ခဲ့၍ လူ(၁၄)ဦးဒဏ်ရာရရှိခဲ့ပြီး ကလေး(၂)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

One comment

  • susunosuki

    May 6, 2010 at 6:11 am

    လေတွေတော့တိုက်တယ်ဗျ
    မိုးတော့မရွာဘူး
    ကျွန်တော်တို့မိုးမျှော်နေကြတယ်
    အိုက်လှပြီလေ

    Reply

Leave a Reply

Your email address will not be published.