ကျောက်တန်းကရေလည်……………………..


2011 ဇူလိုင်မိုးရေစက်များနဲ့လုံးထွေးနေတဲ့တစ်နေ့ မှာ လမ်းပြသူနဲ့ပို့ဆောင်သူ အတွဲမိသွားချိန်မှာ
အဖော်အပေါင်းများကလဲ အတူသွားဘို့အဆင်သင့်ဆိုတော့ ရောက်ခဲတဲ့ ဧည့်သည်တစ်ယောက်အဖြစ် သံလျှင်(တညင်)ကိုရောက်ခဲ့ပါတယ်။
ပထမဆုံးအကြီမ် သိပ်မကြာသေးပါဘူး 1967မှာ ကျနော်မိဘများနဲ့ တစ်ကြိမ်ရောက်ပြီးကတည်းက ရောက်ခွင့်မကြုံခဲ့တဲ့နေရာလေးကတော့
ပုံမှာမြင်ရတဲ့ နာမည်ကျော်ရေလည်ကျောက်တန်းဘုရားပါဘဲ။
ကျနော်ငယ်ငယ်ကရောက်တုန်းက နှင်းတွေကျနေတဲ့ဒီဇင်ဘာလမှာပါ။
အခုရေတွေပြည့်နေတဲ့ကမ်းစပ်နားမှာက ရွှံညွံပြင်ကြီး။
အဲဒီအပေါ်မှာ ငါးပျံအသေးလေးတွေ ဖလပ်ဖလပ်နဲ့ခုန်။
ညီအကိုမောင်နှမတစ်တွေ လက်ညိုးတထိုးထိုးနဲ့ အမြင်တွေဆန်းလို့ အဆန်းတွေမြင်ခဲ့ကြရတာပေါ့။
လှမ်းကြည့်လို့မြင်နေရတဲ့ရေလည်ဘုရား ရေပြင်ကျယ်ထဲကို လှေငယ်ငယ်လေးနဲ့ကူးရတာလဲ တမျိုးပျော်စရာ။
ဒါလေးက ဘုရားဘက်ကို အကူးလှေပေါ်ကမြင်ရတဲ့မြင်ကွင်း။
လှေအဆင်းမြင်းအတက် ခက်တယ်ဆိုတာ ဒီတစ်ခေါက်မှ လက်တွေ့ကြုံရပါတယ်။
လူက ခပ်ဝဝဆိုတော့ ရေလှိုင်းပုတ်လို့လှုပ်ပဲ့ပဲ့ လှေပေါ်ကိုရောက်အောင်တက်ရတာလဲခက် ဆင်းရတာလဲခက်။
မိုးကလဲ မသဲပေမယ့်ခပ်ဖွဲဖွဲလေး ရွာလိုက်တိတ်လိုက်။
ဒါနဲ့ဘဲ ဘုရားပေါ်ကို အောင်မြင်စွာရောက်ခဲ့ပါတယ်။
ထူးထူးခြားခြားစေတီတော်အနားမှာ ကောက်ကွေးကွေးအုန်းပင်က သုံးပင်။
အုံ့မိူင်းနေတဲ့မိုးတွေကြောင့် ပါတ်ဝန်းကျင်တစ်ခုလုံးက မူံပြပြ၊
စေတီတော်လေးကတော့ ရွှေရောင်တွေဝင်းလက် လို့သပ္ပါယ်။
ဒါကတော့ထုံးစံအတိုင်းကျနော့်ရဲ့ အမြင်ဒေါင့်စောင်းစောင်းလေး။
ဒါလေးတော့ ဘုရားပေါ်ကနေမြင်ရတဲ့ရေပြင်ကျယ် လွမ်းစဖွယ်။
ဟိုအရင် ငယ်ငယ်ကရောက်ခဲ့တုန်းကတော့ ဆိုင်လေးတွေရှပ်ရှက်ခတ်နေတာကလွဲလို့ သိပ်မမှတ်မိ။
အခုတော့ သံပန်းအရံအတားများနဲ့သပ်သပ်ရပ်ရပ်။
နောက်တစ်ခေါက်ထပ်ရောက်ဘို့ဆိုတာကတော့ …………………….

6 comments

  • padonmar

    July 14, 2011 at 7:47 pm

    1967 ကနေ 2011 ထိဆိုတော့ ၄၈ နှစ်တောင် ကြာပြီ ။
    နောက်တစ်ခေါက်က နောက် ၄၈ နှစ်ပေါ့ ၊
    တညင်သားက ရေလယ်ဘုရား မပို့ဘဲ မန်းလေးသားကဘဲ ရွာသားတွေကို ပို့နေတာပေါ့လေ။
    မှော်ဝန်းမြစ်လယ်က ကျိုက်မှော်ဝန်းဘုရားဘွဲ့တော်လေး ဖြည့်ပေးပါရစေ။
    ဒီရေဘယ်လောက်တက်တက် ဘုရားရင်ပြင်ပေါ် မလွှမ်း ။
    ပရိသတ်ဘယ်လောက်များများ ရင်ပြင် မပြည့် ဆိုတဲ့ ထူးခြားချက် ကလေး ပါ ဆားဖြူးချင်ပါတယ်။

    Reply

  • တညင်သား

    July 14, 2011 at 8:48 pm

    ဒီလိုရှိပါတယ်ဗျာ… တညင်သား က ဆက်သွယ်မှု့ ဧရိယာအပြင်ဖတ် ရောက်နေလို့ ပါ အန်တီ ပုဒုမ္မာရယ်… ………:) 🙂

    Reply

  • pooch

    July 14, 2011 at 8:50 pm

    လေးပေါက်တို့များ ရန်ကုန်ခဏလေး သွားတာ ရောက်တဲ့ နေရာတွေကို စုံနေတာပဲ အားကျစရာကြီး….

    Reply

  • ကံကောင်းလို့ပါအေရယ်။
    စေတနာအပြည့်နဲ့လိုက်ပို့ပေးသူတွေကြောင့်ပါ။
    ကိုယ်စွမ်းကိုယ်စရှိလို့မဟုတ်ပါဘူးနော။

    Reply

  • စုံ စုံ

    July 15, 2011 at 10:12 am

    ကြားဖူးနားဝလေးတခုမေးချင်သေးတယ်
    တညင်မြို့ခံမဟုတ်တဲ့စုံတွဲတွေတညင်ကိုသွားမိရင်
    ကွဲတတ်တယ်ဆို ဟုတ်လားမသိ 🙂

    Reply

  • Mလုလင်

    March 15, 2012 at 1:54 am

    အချိန် ရရင် လိုက်ပို့ ပေးမယ် နော့ .. ခုတော့ စက်လှေ (စက်တပ်လှေ) တွေနဲ့ဖြစ်နေပြီဗျ .. လက်လှော်လှေ တွေလဲ ရှိပါသေးတယ်။

    Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.