ကြောင်ချစ်သူတို့ ကြောင်ဒီလိုမွေးကြမလား

etoneJuly 14, 20111min028

သူငယ်ချင်းတစ်ယောက်က မိတ်ဆက်ပေးလို့ ကျွန်မ အင်္ကျ ီချုပ်ဆိုင် တစ်ဆိုင်ကို ရောက်သွားခဲ့ပါတယ်… ။ ကြောင်ချစ်တတ်လွန်းတဲ့ ကျွန်မတောင် အတော်လေး မျက်လုံးပြူးသွားရတဲ့ အဖြစ်ပါ … ။ ကြောင်အကောင် လေးဆယ်ကျော် မွေးထားတာပါ … အရောင်သွေး စုံလင်စွာနဲ့ …. အရွယ်စုံကြောင်တွေပါပဲ… ။ လုပ်တဲ့လုပ်ငန်းက အင်္က ျီ ချုပ်တဲ့ လုပ်ငန်းမို့ … ဘာလို့များ ဒီလို မွေးပါလဲ မေးတော့… ချစ်လွန်းလို့ မွေးရာကနေ … တစ်ကောင်က နှစ်ကောင် … နှစ်ကောင်က သုံးကောင်ထိဖြစ်လာတာ … အကောင်လေးဆယ်ကျော် အထိပါတဲ့… အဲ့ဒီအင်္က ျီ ချုပ်ဆိုင်က ရှစ်လွှာမှာ ဟောလ်တိုက်ပ် အနေနဲ့ တလွှာလုံး ဝယ်ထားတာပါ … ဒါပေမဲ့ … အနံ့ကတော့ လေး ၊ငါးလွှာ လှေကားမှာထဲက ရနေတာပါ … ။ ပထမရောက်ရောက်ချင်း မူးမေ့လဲမမတတ်အနံ့ဆိုး ခံရဖူးတယ် … ကြောင်တွေ ကို အပြင်လည်း ပေးမထွက်ပဲ အိမ်ထဲမှာပဲ နေစေတာပါ … ။ ကြောင်တွေရဲ့ ဆိုးချက်ကတော့ ဆိုဖာတွေရော တခြား ပစ္စည်းတွေပါ ကုတ်ဖဲ့ထားတာ တာပါပဲ … ။

နေရာတိုင်းမှာ ကြောင်ကရှိနေတတ်သလို … တစ်ခါတစ်လေ … အီးပါ သေးပေါက်ဆိုလည်း …. လူမြင်ကွင်းမှာ လုပ်တတ်ကြပါတယ်… သူတို့တွေကတော့ နေနေကြမို့ မသိပေမဲ့ …ကျွန်မအတွက်ကတော့ အတော်လေး အ နေကြပ်ခဲ့တာပေါ့ … ။ အမြန်ရတာရယ် ..လက်ယာသေသပ်တာရယ်ကြောင့် အဲ့ဒီဆိုင်မှာ သွားချုပ်ဖြစ်ပေမဲ့ … အခုတော့ မရောက်ဖြစ်တာ ကြာပါပြီ … ။ ရှစ်ထပ်တက်ရမှာ မောလွန်းတာရယ်… လေကောင်းလေသန့်မရပဲ … ကြောင်ချီးနဲ့ သေးနံ ့က ဆီးကြိုနေလို့ပါပဲ … ။ကျန်းမာရေး နဲ့ မညီညွတ်ပေမဲ့ ..ပတ်ဝန်ကျင်က ဘယ်သူမှ မကန့်ကွက်ကြပါဘူး …အကျီ င်္ ပုံကောင်းလေးတွေ ရနေတဲ့အတွက် .. ကြိတ်ပြီး အနံ့ ရှူနေသလိုပါပဲ… 😛

အဲ့ဒီအိမ်မှာ နေကြတာ … မိသားစု လေးယောက်ပဲပါ … ။ အားလုံး က ကြောင်တွေ အနွံနာခံနိုင်ကြပါတယ်… ။ ကဲ မေတ္တာတရားများ ဘယ်လောက်ဆန်းကြယ်လဲနော် … ။ ကြောင်တွေများတဲ့ အပ်ချုပ်ဆိုင်မှာ အပ်ပြီးတိုင်း အကျီ င်္ ကိုပြန်လျှော်ရတာ အမောပါပဲ … ။ ဒါပေမဲ့လည်း သူတို့ဆိုင်က အလုပ်ဖြစ်ပါတယ် … အ ရမ်းကို ချုပ်နေရတာ … ကြောင်လေးတွေများ လာဘ်ခေါ်ပေးလို့လား မတွေးတတ်အောင်ပါပဲ … ။ ။  🙄 🙄 🙄

28 comments

  • PaukPhaw

    July 14, 2011 at 5:11 pm

    ကြောင်တော့ ချစ်ပါတယ်
    ဒါပေမဲ့ အနံ ့မခံနိုင်ဘူး..

    တစ်ကောင်ဆို ချစ်လို ့ ခဏခေါ်ထားတာ..အီးခိုးပါသွားတယ်ဗျာ
    အနံ ့ရလို ့ လိုက်ရှာတာလဲ နေရာအနှံ ့ပဲ ..
    သက်သေခံပစ္စည်းရှာမတွေ ့တော့ သေးပေါက်တာပဲ ထင်ပြီး ရှိတာတွေ နေပူထုတ်လှန်း
    Air-Fresher တွေဖြန်း တာလဲ ဗူးအပြည့်က ဖင်ကပ်ပဲ ကျန်တော့တယ်..
    နံလာလိုက် ဖြန်းလိုက်..နံလာလိုက်ဖြန်းလိုက်နဲ ့တစ်နေကုန်..ခေါင်းတွေလဲ ကိုက်ပါ့

    သက်သေခံပစ္စည်းမတွေ ့လို ့ သေးပေါက်တယ်ထင်ပြီး ဟိုလှန်း.ဒီလှန်းနဲ ့ သေးခြောက်အောင် လျှောက်လုပ်နေတာ..
    ဘယ်ဟုတ်မတုန်း
    ဒင်းက ပါပြီး သူ ့အပုံကို ဖုံးသွားတာ

    Reply

  • pooch

    July 14, 2011 at 5:45 pm

    ကြောင်ချီးက ကိုယ်ဝန်ဆောင်တွေ စားသောက်တဲ့အထဲ မတော်တဆ ပါပြီး စားမိရင် အထဲက ကလေးကို
    ဆိုးဆိုးဝါးဝါးထိခိုက်စေတယ် လို့ ဒေါက်တာစိုးလွင် ရေးတဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ..
    ကြောင်မွှေးကလည်း ပန်းနာရောဂါ ရှိသူတွေနဲ့ မတဲ့ဘူး ဆိုတော့ …
    ကြောင်မွေးတဲ့ အိမ်က ဂရုတစိုက်နဲ့ နေသင့်တယ် … မဟုတ်ရင်ရေရှည်မှာ ကျန်းမာရေးတွေ ထိခိုက်ကုန်မယ်

    Reply

  • hmee

    July 14, 2011 at 5:45 pm

    ကြုံဖူးပါသကော အီးတုံးရေ မမှီ အဒေါ် အပျိုကြီးနှစ်ယောက်လေ ကြောင်တင် ဘယ်ကမလဲ ခွေးပါပါသေးတာ။ အိမ်နောက်ဖက် မီးဖိုချောင်မှာလည်းအပြည့် အိမ်ပေါ်ရော။ ခွေးတွေကလည်း အများကြီး လမ်းက ခွေးလေ ခွေးလွင့်တွေပါ ကျွေးလို့ ခွေးတွေက ဘယ်မှမသွားတော့ဘူး။ ခြံရှေ့၊ အိမ်အောက်၊ မီးဖိုအဝ မှာ တန်းစီလို့။ အနံပေါင်းစုံ အသက်တောင် ဖြောင့်ဖြောင့် မရှုနိုင်ဘူး။ ခဏနဲ့ ပြန်ပြေးရတယ် သူတို့ ကတော့ မနံတဲ့ အတိုင်း။ ရသမျှ လစာ တိရိစာ္ဆန်ကျွေးလို့ ကုန်တာပဲ။

    Reply

  • MaMa

    July 14, 2011 at 8:08 pm

    ကျနော်လည်းကြောင်မွေးဘူးတယ်။ ဘယ်လိုမွေးမွေး တခါမှ ၁၂ကောင် မကျော်ဘူး။

    Reply

  • Yin Nyine Nway

    July 14, 2011 at 8:20 pm

    ကြောင်ကိုတော့ ချစ်တယ်
    သူ့သေးနံ့နဲ့ ချီးနံ့တော့ မခံနိုင်ဘူး
    တခါတခါ အိပ်ယာပေါ်တက်အိပ်တာလဲ မခံနိုင်ဘူး

    Reply

  • ဆူး

    July 14, 2011 at 8:32 pm

    အိမ်နားက အမျိုးသမီးကတော့ ကြောင်တွေ အများကြီး မွေးထားတာ တနေကုန် လျောက်သွားတာ ဟိုအိမ်ဝင် ဒီအိမ်ထွက် လစ်ရင် လစ်သလို ဝင်ဝင်လာပြီး အမှိုက်ပုံးကလည်း ဖွ လိုက်သေးတယ်။
    သူကတော့ ပြောရှာပါတယ် ကြောင်တွေ များလို့ ကြောင်ကို သင်းထားတယ် ဆိုပဲ.. တကောင်လောက် မေ့ကျန်ခဲ့မိတာ.. အကောင် ၂ဝ လောက် ဖြစ်သွားလို့ တကောင်စီ ဖမ်းပြီး တနေ့ တခါ ဆရာဝန်ဆီ သွားတာတောင် အလျင်မမှီဘူး ဇီးကပ်တဲ့ အကောင်က ကပ်တာပဲတဲ့.. သူတို့ အိမ်ပြောင်းတော့မယ် ပြောတာပဲ.. အခုထိလည်း မပြောင်းကြသေးဘူး ကြောင်တွေ စိတ်ညစ်လွန်းလို့..

    Reply

    • etone

      July 16, 2011 at 8:58 am

      အင်း….ကြောင်တွေကို မမွေးနိုင်လျှင် မမွေးတာပဲ ကောင်းတယ် အစ်မရဲ့ … အခုခေတ်မှာ တိရိစာ္ဆန်ကုဆေးခန်းတွေက လုပ်ပေးတဲ့ သင်းပေးတာတို့ … တားဆေးထိုးပေးတာတို့ မလုပ်သင့်ပါဘူး … ကြောင်လည်း … နာတတ်ရှာမှာပဲလေ … မပွားစေချင်လျှင် မမွေးနဲ့ပေါ့နော် … ။ ကြောင်ထီးဆိုလည်း သင်းလိုက်လျှင် ပိုလှလာတယ် အိမ်ကပ်တယ် အဖော်မရှာဘူး ဆိုတာနဲ့ … လုပ်ကြပြန်ရော … ကြောင်မဆိုလည်း … တစ်လတစ်ခါ မှန်မှန် တားဆေးသွားထိုးပေးတာ မြင်ဖူးတယ် … ။ အပ်နဲ့ ထိုးတာ ကြောင်မပြောနဲ့ လူတောင် နာတတ်တာပဲလေ …. ကိုယ်ချင်းစာဖို့ကောင်းတယ် ..။ 🙄

      Reply

  • naywoonni

    July 14, 2011 at 9:51 pm

    ဘယ်တိရစ္ဆာန်ဖြစ်ဖြစ် ချစ်စရာဘယ်လောက်ကောင်းကောင်း လူတွေနဲ့ လက်ပွန်းတစ်တီး မနေသင့်ဘူး လို့ ထင်တယ်လေ…. ။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းတည်ဆောက်ပုံ ခုခံအားချင်း မတူတော့ ရောဂါတစ်မျိုးမဟုတ် တစ်မျိုး ရနိုင်တာပဲ..။

    Reply

  • weiwei

    July 14, 2011 at 10:15 pm

    ကြောင်ကိုချစ်တယ် .. မြင်ရင် မကိုင်ပဲ မနေနိုင်ဘူး … ဒါပေမယ့် ကြောင်ချီးနဲ့ ကြောင်သေးကိုတော့ ကြောက်တယ် 😛

    Reply

  • nature

    July 14, 2011 at 10:30 pm

    သူကြီးလည်း ကြောင်ချစ်တတ်လို့ ရွာထဲမှာ ကြောင်မွေးထားတယ်။ 🙂 🙂

    Reply

    • nature

      July 15, 2011 at 8:13 pm

      ကျနော်က သူကြီးကြောင်ချစ်လို့မွေးတယ်ထင်တာ။ တနေ့တော့ သူကြီးကမူးပြီးပြောတယ်။ တချိန်ကနာမည်ကြီးတဲ့ ကြောင်နှစ်ကောင်ခေါက်ဆွဲကြော်ဆိုင်ဖွင်ပြန်ဖွင့်မလို့
      ကြောင် နောက်တကောင်လိုနေတယ်တဲ့။

      Reply

      • ဆူး

        July 16, 2011 at 8:50 pm

        ကြောင် ၂ကောင် ခေါက်ဆွဲကြော် ဆိုင်က လူကလိစာ နဲ့ ချက်တယ် ဆိုလား.. ကြားဖူးတယ်။ စားလို့ သိပ်ကောင်းလို့ လူတွေ အရမ်းကြိုက်ဆိုပဲ.. ဟိဟိ..

        Reply

  • shwe ni

    July 15, 2011 at 12:49 am

    သူများ ထားခဲ့တဲ့ ကြောင်တွေ မေမေ က သနားလို့ကြွေးထားတာ (၁၅) ကောင်တောင် ဖြစ်လာဖူးတယ်။အတော်ဒဏ်ခံရတာ . အကောင်၄ဝ ဆိုတော့ တွေးကြည့်တာနဲ့တောင် မလွယ်ဘူး

    Reply

  • noob

    July 15, 2011 at 1:03 am

    ကြောင်ဆိုတဲ ့အကောင် ကြည်လို ကိုမရဘူး သူနဲ ့မသိပဲ နဲ ့လူကို လာလာ ပွတ်တယ် အဲဒါနဲ ့မကျေ နပ်သေဘူး အဝတ်အစားတွေ ကိုလဲ ကုတ်ပစ်သေးတယ် နောက်တမျိုး ခွေး ကျတော့ တွေ တာနဲ ့ဟောင်ရင် ဟောင် မဟောင်ရင်လျှာနဲ ့ရပ်ကော လျှာနဲ ့ရပ်လို အရသာငံတာကို ဒီအကောင်ကြိုက်နေသေးရင်တော့ သေပြီ ရေမချိုးထားမှန် သိကုန်မယ်လေ

    Reply

    • ကြောင်ကြီး

      July 15, 2011 at 6:29 am

      ဟေ့ ကြောင်တွေက လူမြင်ကွင်းမှာ ရိုးရိုးသားသားပွတ်တာ။ နင်တို့လူတွေလို ကွယ်ရာမှာ ခိုးကြောင်ခိုးဝှက် ပွတ်တာမျိုးမဟုတ်ဘူး။ 😡

      Reply

  • True Answer

    July 15, 2011 at 8:19 am

    ကျွန်တော့်တို့အိမ်မှာလည်း ကြောင် ရကောင်လောက်ရှိတယ်ဗျ။ အမေ တာဝန်ကြီးတာပေါ့ဗျာ။

    Reply

  • maungmoenyo

    July 15, 2011 at 9:33 am

    ကြောင်ချစ်တဲ့ အထဲ မောင်မိုးညိုတို့တင်မက ကျန်မိသားစုတွေကပါ ချစ်လိုက်ကြတာ တုန်လို့ပါဘဲ။ မွေးတုံးကတော့ ချစ်လို့ဆိုပေမဲ့ ချီးပါသေးပေါက် (ကတော့ပါရဲ့) သည်မောင်ဘဲလုပ်နေရတာ ခြောက်နျစ်ကော်လို့ ခုနှစ်ထဲတောင်ရောက်ပါပေါ့လား။

    Reply

  • ogre

    July 16, 2011 at 12:47 pm

    ခွေးတို့ကြောင်တို့နဲ့
    ကျွန်တော်နဲ့လုံးဝမတည့်ပါ…ဘာသဘောလဲတော့မသိပါဝူး
    သူတို့ကိုမြင်ရင်ကြည့်လို့မရဘူး အုတ်ခဲနဲ့ထုခြင်သလိုလို
    ကြောင်မြင်ရင်ကိုင်ပေါက်ခြင်သလိုလို
    တစ်ကယ်ပြောတာ ..လုံးဝမတည့်ဘူး။။။
    ဘာကြောင့်လဲတော့မသိပါ…………..

    Reply

  • zawmyothu

    July 16, 2011 at 1:31 pm

    ကြောင်တစ်ကောင်တော.မွေးထားပါတယ် ညညဆို ကြောင်အော်သံက ကလေးငယ်တစ်ယောက်အသံနဲ. တူလို. ကြောက်စရာ လိုလိုဗျာ။

    Reply

  • manawphyulay

    July 16, 2011 at 2:12 pm

    ကြောင်တွေ ဘယ်လိုမွေးတာလည်း သေချာသိချင်ရင် ဦးကြောင်ကြီးကို မေးကြည့်စေချင်ပါတယ်နော်… 😛

    Reply

  • pan pan

    July 18, 2011 at 2:17 pm

    အဲဒီတိုက်ကလူတွေတော့ သနားစရာပဲ
    ကြောင်ချေးကြောင်သေးနံ့လည်း အကျင့်ဖြစ်နေပြီထင်ပ
    ဘာပဲပြောပြော ကျမ္မာရေးတော့ ဂရုစိုက်ရမယ်

    Reply

  • moethidasoe

    July 18, 2011 at 4:02 pm

    ကြောင်တွေအတွက် ကုသိုလ်ကံလေးကောင်းတော့ ကျွေးမယ့်သူ အဆင်သင့်ရှိတာ .. အရင်ဘဝရဲ့ ကုသိုလ်တွေပေါ့ .. လူတော့ မဖြစ်ပေမယ့် .. အေးအေး သက်သာနေခွင့်ရတယ် ပေါ့
    မွေးတဲ့လူတွေအတွက် ပဋ္ဌာန်းဆက်ပါတယ်လို့ ဆိုကြတယ် .. ဒါကြောင့်လဲ သူများတွေ နံတယ် ထင်တာ မနံ ကြဘူးပေါ့ .. လူအတွက် ကုသိုလ် ဆက်တာ ပါတယ် .. တော်ရုံ ဇွဲတော့ မဟုတ်ပါ ..

    Reply

  • တညင်သား

    July 18, 2011 at 6:27 pm

    အင်း ………… ကြောင်နဲ့ခွေးချစ်သူတွေ တော်တော်များတာပဲ… ကြောင်ချေး ခွေးချေး မနံအောင် အပြင်စာ လုံးဝမကျွေးပဲ ကုန်တိုက်တွေမှာရောင်းတဲ့ ကြောင်စာ ခွေးစာ ကို ဝယ်ကြွေးကြည့်ပါလား.. လုံးဝ မနံပါဘူးတဲ့ဗျာ.. စမ်းကြည့်ပါလား .. အပြင်စာ ကိုတော့ ( ကြောင်၊ ခွေး စားတက်သော အစာမှန်သမျှ ) လုံးဝ မကျွေးနဲ့ပေါ့ဗျာနော်..

    Reply

  • မမလေး

    July 23, 2011 at 11:20 pm

    သူငယ်ချင်းအိမ်မှာဆို ကြောင် ၁၂၄ ကောင်လားမသိဘူးရှိတယ် … ငပိရည်နဲ့ ထမင်းကျွေးတယ် … ကြောင်နေဖို့ အိမ်တစ်လုံးသက်သက်ဆောက်ထားတာ … တစ်ခါတစ်လေ ထမင်းခွံ့ကျွေးတယ် … အဲ့လိုလည်းရှိတယ် .. ထူးဆန်းတယ် …

    Reply

    • etone

      July 25, 2011 at 8:37 am

      ကြောင်ကို ထမင်းခွံကျွေးတာတော့ တစ်သက်မှာ တစ်ခါပဲ မြင်ခဲ့ဖူးတယ်… ။
      လှည်းတန်းက အိမ်မက်စိမ်းဖိနပ်ဆိုင်ကို ဆိုင်ဖွင့်ဖွင့်ချင်းရောက်တော့ … ကောင်တာ မှာကြောင်ကြီးတစ်ကောင်ထိုင်နေတယ်… အဲ့ဒီကြောင်ကလည်း မြန်မာကြောင်တွေလိုပါပဲ သွင်ပြင်က တူပေမဲ့ …ကိုယ်ခန္ဓာက တခြား ကြောင်တွေထက် နှစ်ဆခွဲလောက်ပိုကြီးနေတယ်… ထိုင်နေတာများ ချစ်စရာကောင်းတယ် … ။ သွားကိုင်ပြီး ပ ွတ်သတ်ချင်ပေမဲ့ … အနားရောက်လို့ ကုတ်လိုက်လျှင် မလွယ်ကြောပဲ … 🙄 အကျီ င်္လည်း ပေးဝတ်ထားသလို ဦးထုတ်လေးတောင် ဆောင်းထားသေးတယ်… ။ အဲ့ဒီအချိန် ဆိုင်က ကောင်မလေးတစ်ယောက် ထမင်းခွံတာ မြင်လို့ စပ်စုတာ … ငါးသေတ္တာနဲ့ ထမင်း ခွံရတာ … ကလေးငယ်လေးတစ်ယောက်လိုစားတယ် .. ချစ်စရာကောင်းတယ် … ။ 😛

      Reply

  • nature

    July 23, 2011 at 11:42 pm

    မမလေး ပိုစ့်ကို ကိုကြောင်ကြီး ဖတ်ပြီး အဆိုတင်သွင်းနေဦးမယ်။
    ..ကြောင်သည် လူထက်မြတ်၏ ၊ အဘယ်ကြောင့်ဆိုသော် လူသည်ကြောင်ကို ထမင်းခွံကြွေးရသောကြောင့် ပေတည်း …လို့ ။ 🙂

    Reply

  • moethidasoe

    July 24, 2011 at 11:29 am

    တိရစာ္ဆန်တွေကို သင်းတဲ့ကိစ္စ ဘာသာရေးနဲ့ နွှယ်ပြီး နည်းနည်း ဆွေးနွေးချင်တယ်
    လူတွေ သားကြောဖြတ်တယ် ဆိုတာ သူတို့ကိုယ်တိုင် ဖြတ်ချင်ပါတယ် ဆိုပြီး တောင်းဆိုတာရယ် .. ဖြတ်ခွင့်လျှောက်လို့ ရတာရယ် ကြောင့် ဖြတ်ပေးတာ (ဖြတ်ခွင့်မရသော်လည်း အခြားမှာ ဖြတ်တာ လဲ ပါတယ်ပေါ့)
    တိရစာ္ဆန်တွေကို သင်းတဲ့ ကိစ္စ၊ တားဆေး ထိုးတဲ့ ကိစ္စမှာတော့ သူတို့ ဘာသာစကားကို ကိုယ်လဲ မသိ ။ သူတို့ ကိုယ်တိုင်လဲ တောင်းဆိုတာ မဟုတ် .. လတ်တလော ပိုင်ဆိုင်တယ်လို့ သတ်မှတ်ထားသူတွေက တားစေ၊ ဖြတ်စေ ဆိုပြီး သတ်မှတ်လို့ တားကြ ဖြတ်ကြတာ .. ဒါဆိုရင်
    ဘာသာရေးအရ သူတပါးကို သူ့ဆန္ဒ မပါပဲ ကိုယ်ဝန်မရအောင် လုပ်တဲ့လူတွေ အပြစ် ရှိမရှိ ?????
    အခု ကိုယ်ဝန်မရနိုင်ကြတဲ့ လင်မယားတွေဟာ အရင့်အရင် ဘဝတွေက အဲဒီလို အလုပ်တွေနဲ့ ဆက်စပ်မှု ရှိ မရှိ ..
    (ဒါတောင် လူကို ကိုယ်ဝန် ဖျက်ချပေးတဲ့ အလုပ်တွေနဲ့ ဆက်စပ် စဉ်းစားနေသေးတာ မဟုတ်ဘူးနော်)

    စကားမစပ် ကြောင်မွေးတာတွေနဲ့ ပတ်သက်လို့
    သခင်ကိုယ်တော်မှိုင်းရဲ့ အိမ်ကို ငယ်ငယ်တုန်းက ရောက်ဖူးတယ် ..
    ခွေးတွေ မွေးထားတာ .. ဧည့်ခန်းက ထိုင်ခုံတွေမှာ အခန့်သား ..
    ဆရာကြီးတစ်ယောက်ရဲ့ အိမ်ထဲ ဝင်လိုက်တာနဲ့ ကြောင်နံ့ (သူတို့ကတော့ ရိုးနေပေမယ့်) နံလို့ .. ဆိုဖာပေါ်မှာလဲ ကြောင်မွေးတွေနဲ့

    Reply

    • kai

      July 25, 2011 at 1:23 am

      ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှာ သခင်ကိုယ်တော်မှိုင်းကွယ်လွန်ခဲ့တာမို ့… ဇူလိုင်၂၃ရက်က… ဆရာကြီးကွယ်လွန်တာ ၄ရနှစ်ပြည့်တာပေါ့..။
      ဒေါက်တာမမ အနေနဲ့… ဆရာကြီးအကြောင်း အမှတ်တရလေးတွေရှိရင် ရေးပြပါဦးနော..။ 🙂

      Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.