X-Men First Class (2011)

blazeJuly 13, 20111min07

x-men ကားတွေတော့ ကြည့်ဖူးကြမှာပါ။ ဒါကတော့ နောက်ဆုံးထွက်ထားတာပါ။ အရှည်အသွေးကတော့ R5 အဆင့်ဖြစ်ပါတယ်။ တော်တော်ကြည်ပါတယ်။ လိုချင်သောလူများ အောက်မှာဒေါင်းနိုင်ပါတယ်။

500 MB

MEDIAFIRE LINKS
http://adf.ly/23Yut
http://adf.ly/23YvS
http://adf.ly/23Yvs

7 comments

  • kai

    July 13, 2011 at 2:19 pm

    ကြည့်ဖူးသူတွေ နည်းနည်းပါးပါး..ဝေဖန်ရေးလေးလုပ်ကြပါဦး…။
    ရုပ်ရှင်တို့.. ပန်းချီတို့. စတဲ့ အနုပညာ.. .ဝေဖန်ရေးတွေ ကြိုဆိုပါတယ်ခင်ဗျား…။

    Reply

  • moethidasoe

    July 13, 2011 at 3:48 pm

    လေးကားတွဲ အခွေ တွေ့လို့ မနေ့က ဝယ်ပြီး ညက ကြည့်ဖြစ်ပါတယ် .. X-Men ရဲ့ အစလို့ ပြောလို့ ရတဲ့ ဇာတ်လမ်းပါ .. ဇာတ်သိမ်းမှာ နောက်ပိုင်းဇာတ်လမ်းနဲ့ ဂေဟာကြီးဖြစ်လာတာ ပါတယ် အသေးစိတ်ကို ညကျ ပြန်နွှေးပြီး ရေးပေးပါ့မယ် .. ဇာတ်ကောင်နာမည်နဲ့ ရေးမှ အဆင်ပြေမှာမို့လို့ပါ

    Reply

    • kai

      July 13, 2011 at 4:02 pm

      The Last Stand ကားမှာX-Men တွေရဲ့ စွမ်းရည်အာနိသင်ပျယ်စေတဲ့ ဆေးထိုးမိပြီး… စွမ်းရည်ပျယ်နေတဲ့ မက်ဂနက်တိုက.. နောက်ဆုံးမှာ တယောက်ထဲစစ်တုရင်ကစားရင်း… စိတ်တန်ခိုးနဲ့ ဘုရင်မရုပ်လားမသိ.. လှုပ်ပြတာလေးနဲ့ ဆုံးထားတာမို ့.. ဇတ်လမ်းက..ဆက်ဦးမယ် ထင်တာပါပဲ..။

      Reply

  • weiwei

    July 13, 2011 at 8:25 pm

    အိမ်က တူတော်မောင်ကတော့ အရမ်းကြိုက်တာပဲ … စူပါ ပါဝါ အစွမ်းတွေနဲ့ ရုပ်ရှင်တွေကို ကလေးတွေကြိုက်ကြတယ် …

    Reply

  • naywoonni

    July 13, 2011 at 9:12 pm

    အဲဒိ မီဒီဖိုင်းယား လင့်က ဒေါင်းလော့ခ် မလုပ်တတ်ဘူးဗျ ဘယ်လိုလုပ်ရမှာလဲ? ကျွန်တော်ဖတ်ချင်တဲ့ စာအုပ်တွေရှိနေလို့ပါ..။

    Reply

    • blaze

      July 14, 2011 at 8:34 am

      http://adf.ly/23Yut

      http://adf.ly/23YvS

      http://adf.ly/23Yvs

      အခုကျွန်တော်ပေးထားတဲ့ links အရဆိုရင် mediafire ကိုမရောက်သေးပါဘူး။ အဲ့မှာ SKIP ADD စာလုံးလေးကို တွေလားမသိဘူး။ website ရဲ့ ညာဘက် အပေါ်နားမှာရှိပါတယ်။ အဲ့ဒါကို နှိပ်မှ mediafire ကိုရောက်ပါလိမ့်မယ်ခင်ဗျာ။

      Reply

  • moethidasoe

    July 14, 2011 at 10:55 am

    X-men first class
    ဇာတ်လမ်းအကျဉ်း (၁၉၄၄ ခု)
    သုံ့ပန်းစခန်းမှာ သံတခါးကို ကွေးသွားအောင် လုပ်တာ Erick .. နောက်ပိုင်းမှာ Magneto ဖြစ်လာမယ့်သူ .. Erick ငယ်စဉ်မှာပဲ သုံ့ပန်းစခန်းက Shaw က စိတ်ဝင်စားလို့ သံလိုက်စွမ်းအင်ကို ပြခိုင်းတာ မပြနိုင်လို့ Erick ရဲ့ အမေကို သတ်ခဲ့ .. အဲဒီအခါကျမှ သံလိုက်စွမ်းအင်တွေ ပြတယ် ..

    Charles က ငယ်ငယ်လေးကတည်းက mutant, ရာဗင်နဲ့ တွေ့ခဲ့တယ် ရာဗင်က Mystery အငယ်စားလေးပါ .. အေမီက ချားလ်စ်ရဲ့ ငယ်သူငယ်ချင်း သူလဲ mutant သူတို့တွေ ကြီးပြင်းလာတယ်
    Shaw က စွမ်းအင်တွေကို စုတ်ယူနိုင်တဲ့ အစွမ်းရှိသလို သူ့မှာ စိန်လူသားမိန်းမ၊ လေပွေလူသားယောက်ျား၊ ကိုယ်ဖျောက်ရွှေ့ပြောင်းနိုင်တဲ့ အမြီးရှိလူသား တို့ ရှိနေ .. စစ်ဖြစ်အောင် ကြံစဉ်ဖို့လုပ်တယ် .. ဒါကို စုံထောက်မ မွိုင်ရာ က သိလို့ လိုက်ကြည့် ပြီး အခြေအနေကို သက်ဆိုင်ရာကို တင်ပြတာ အစိုးရက မယုံ .. ဒါကြောင့် သူကိုယ်တိုင် mutant ဖြစ်ရင်ကောင်းမယ် လို့ စဉ်းစားပြပြီး Charles ကို လိုက်ရှာ .. အဲဒီအချိန်မှာကတည်းက Striker က အစိုးရအဖွဲ့ထဲမှာ ရှိနေပြီ။
    Charles က မွိုင်ရာကို ကူညီပြီး ရာဗင်နဲ့အတူ mutant ဆိုတာ ကို အစိုးရ အဖွဲ့ကို ရှင်းပြ .. striker က သဘောပေါက်တယ်

    Erick က Shaw ကို လိုက်သတ်ဖို့ ကြိုးစားတယ် .. မသတ်နိုင်ဖြစ်တယ်.. Charles, striker, ravin, မွိုင်ရာ တို့က ကူညီ ဟန့်တားခဲ့ တယ်

    နောက်တော့ striker က သူ့စခန်းကို ခေါ်သွားတယ် .. ဟန့် က mutant ဖြစ်နေတယ် .. သူက mutant ကနေ လူသားပြန်ဖြစ်ချင်လို့ ဆေးဖော် နေတဲ့လူ .. ရာဗင်ကလဲ လူသားပြန်ဖြစ်ချင်နေတယ် .. ဒါကြောင့် ဟန့် က သူဖော်တဲ့ ဆေး ထိုးပေးဖို့ လုပ်သေးတယ် .. အဲဒါကို Erick က တားခဲ့ တယ်
    Erick ကို Charles က ပူးပေါင်းဖို့ ပြောတယ် .. နောက်ပိုင်း striker က သူထွင် ထားတဲ့ mutant ရှာဖွေတဲ့စက်အတွက် ကူညီဖို့ Charles ကို အကူအညီ တောင်းတယ်

    Charles နှင့် Erick တို့ mutant တွေ ရှာဖို့ ထွက်လာကြတယ် .. မီးကွင်းဖန်တီးတဲ့ အဲရစ်စ်၊ တောင်ပံ ပါတဲ့ မိန်းကလေးပုစဉ်းမယ်၊ မိချောင်းရေခွံနဲ့လူ၊ လေစွမ်းအား ရှင်တွေ ရှိလာ .. wolverine က မလိုက်ဘူး၊
    Shaw က ရေငုပ်သင်္ဘောကို သုံးပြီး အမေရိကန် ရုရှား စစ်ဖြစ်အောင် ကြံစည်တယ် တချိန်ထဲမှာ striker ဆီက mutant တွေကို ဆွဲခေါ်ဖို့ လုပ်ခဲ့ တွေထဲက သူတို့တတွေ shaw ဘာလုပ်တယ်ဆိုတာကို ထောက်လှမ်းကြတယ် .. စိန်မိန်းမဆီကနေ ကျူးဘားကို အခြေခံပြီး အမေရိကန် ရုရှားစစ်ဖြစ်အောင် လုပ်မယ် ဆိုတဲ့ အကြံ သိလာတယ်

    အဲဒီအချိန်မှာ shaw ကဲ striker ဆီက mutant တွေကို အစွမ်းပြပြီး သူတို့နဲ့ ပေါင်းဖို့ လာဆွယ် .. ပုစဉ်းမက လိုက်သွား .. မိချောင်းအရေခွံနဲ့လူက အသေခံပြီး တားခဲ့ ၊ ဂေဟာကို ဖျက်ခဲ့လို့ Charles တို့က နေရာသစ်ကိုရှာ . Charles က သူ့အိမ်ကို ဂေဟာအဖြစ် အသွင်ပြောင်းလိုက်တယ်
    shaw က ရုရှားကို အစွမ်းပြပြီး အကျပ်ကိုင်ခဲ့ တယ်

    Charles အဖွဲ့ကလဲ ကြိုးစား လေ့ကျင့်နေကြတယ် .. Erick ရဲ့ အားနည်းချက်ကိုလဲ Charles က ထောက်ပြ ပြုပြင်ပေးတယ် Erick လဲ ကြီးမားတဲ့ သံထည်တွေကို ရွှေ့လာနိုင်တယ်
    အမေရိကန်နဲ့ ရုရှား ရန်စောင်ကြ shaw က ကြားထဲက စစ်ဖြစ်အောင် လုပ်မယ်လို့ Charles တို့ တွက်ဆကြ ၊ Charles က တားရုံတားချင်တာ ။ Erick က သတ်ချင်တာ

    Hank ဟန့် ဟာ လူသားပြန်ဖြစ်ဖို့ ဆေးဖော်ထားတာကို သူ့ကိုယ်သူ ထိုး .. ပိုဆိုးလာပြီး လူဝံလိုဖြစ်လာတယ်
    Erick က ရေဗင်ကို သူ့ဖက်ပါအောင် ဆွဲဆောင်တယ်
    Shaw က ရေငုပ်သင်္ဘော သုံးပြီး နှစ်ဖက် အထင်မှားအောင် လုပ်တာကို Charles အဖွဲ့က လေယာဉ်သုံးပြီးတားမြစ်တယ် .. Shaw ကို Erick က လက်စားချေ သတ် လိုက်တယ် .. နောက်ပိုင်း စိတ်ရိုင်း ဝင်လာတယ် .. စစ်တပ်တွေကလဲ mutant တွေကို သတ်ဖို့ ဒုံးပျံတွေနဲ့ ပစ်ကြတယ် .. Erick စိတ် ပိုရိုင်းလာပြီး ပြန် တိုက်ခိုက်တယ် .. Charles က ဝင်တားတယ် .. မွိုင်ရာက Erick ကို သေနတ်နဲ့ ပစ်တာ ကျည်ဆံက Charles ကို မှန်ပြီး ခါးအောက်ပိုင်း မလှုပ်နိုင်တော့ (နောက်ပိုင်း ဘီးတပ်ကုလားထိုင်နဲ့သာ သွားရ)
    Erick အဖွဲ့ခွဲ ထောင်လိုက်တယ် .. ရာဗင် ထပ် လိုက်သွားတယ် ..
    Charles နဲ့အတူ မွိုင်ရာ က အာဏာပိုင်အဖွဲ့ထဲမှာ ကျန်ခဲ့ပြီး ကျန်တဲ့ mutant တွေကို လေ့ကျင့်ပေးတယ် ဒါနဲ့ အဆုံးသတ်ထားတယ် ..
    အကျဉ်းချုပ်တော့
    Magneto ဖြစ်လာမယ့် Erick က သူ့အမေကို Shaw သတ်ခဲ့တာ ပြန် လက်စားချေချင်တဲ့ စိတ် ပြင်းထန်ပြီး ထိန်းမနိုင်ဖြစ်လာတာ .. mutant တွေနဲ့ ကြီးစိုးချင်စိတ် ဖြစ်လာသူ
    Charles က နဂိုကတည်းက mutant တွေအတွက် စိတ်ကောင်းထားတဲ့လူ .. လောကမှာ လူသားနဲ့ mutant သဟဇာတ ဖြစ်အောင် နေချင်သူ .. Erick ကိုလဲ သံယောဇဉ် ရှိနေသူ
    Striker က အာဏာပိုင်အဖွဲ့ထဲကနေ .. mutant တွေကို စိတ်ဝင်စားနေသူ .. mutant ကို အခြေခံပြီး တခုခု လုပ်ဖို့ ကြံနေသူ
    အဲဒီအထိ wolverine က သီးခြားနေဆဲ
    သရုပ်ဆောင်တွေကတော့ ငယ်ဘဝကို ဖော်ပြတာဆိုတော့ နည်းနည်း စိမ်းနေတယ် .. လက်ရှိဘဝကလူ ဆိုလို့ wolverine တယောက်ပဲ ပါတယ်
    သဂျီးမင်းရေ .. ဝေဖန်ရေးတော့ သိပ် များများမလုပ်တတ်ပါ ကြည့်ထားတာလေး မျှဝေလိုက်တာပါ

    Reply

Leave a Reply to naywoonni Cancel Reply

Your email address will not be published.