ဘဝဆိုတာဒီလိုဘဲလား

kpJuly 10, 20111min011

ဘဝဆိုတာဒီလိုဘဲလား

သတ္တဝါတစ်ခု ဖြစ်လာရင် လူဖြစ်စေနတ်ဗြဟ္မာဖြစ်စေကြက်ငှက်ဝက်ဖြစ်စေ၊

တစ်နေ့တော့ဘဝကိုနိဂုံးချုပ်ကြရမှာဖြစ်ပါတယ်။ဒါကိုဘယ်သူမှ မလွန်ဆန်နိုင်ကြပါဘူး။

ဒါပေမဲ့ သတ္တဝါတွေဟာ သူတို့ဖြစ်တဲ့ဘဝမှာပျော်ကြတယ်ဗျ။ဒါကတော့ကောင်းတဲ့သဘောပေါ့နော်

ဗုဒ္ဓစာပေတစ်ခုထဲမှာ “ငရဲကျတဲ့သူတွေကော ပျော်ကြရဲ့လား” လို့မေးတာကိုဖြေတဲ့သူက “သူတို့လည်း ပျော်တဲ့အချိန်တော့ရှိမှာပေါ့” လို့ဖြေထားတာဖတ်ရပါတယ်။

သတ္တဝါတိုင်းပျော်ချင်ကျတာထင်ရှားပါတယ်လေ။မြတ်စွာဘုရားလက်ထက်က ဘုရားဒေသစာရီကြွရင်း ရွာတစ်ရွာကိုရောက်သွားတယ်။ရွာသူရွာသားတွေက မြတ်စွာဘုရားကို ဖူးမြော်ပူဇော်ကြရင်းမေးခွန်းတစ်ခုမေးပါတယ်။မြတ်စွာဘုရားတပည့်တော်တို့ အနေနဲ့ အိမ်ထောင်သားမွေးအလုပ်ကိုလည်းမစွန့်နိုင်ပါဘူး။ စီးပွါးရှာတဲ့အလုပ်ကိုလည်းမစွန့်နိုင်ပါဘူး။

အဲ့သလိုဘဝကိုရုန်းကန်နေရင်း ယခုဘဝမှာကော နောင်တမလွန်ဘဝမှာကော ကောင်းကျိုးချမ်းသာ

ရနိုင်တဲ့နည်းများရောရှိပါသလားလို့ မေးကြပါတယ်။

ဒီအခါမြတ်စွာဘုရားက “အေး ခုဘဝရော နောက်ဘဝရော ကောင်းကျိုးချမ်းသာရနိုင်တဲ့ နည်းလမ်း၈ခုရှိတယ်” လို့ဖြေပါတယ်။

ယခုဘဝကောင်းကျိုးချမ်းသာရနိုင်မဲ့ နည်းလမ်း၄ခု။

၁။  အလုပ်ကိုကြိုးစားလုပ်ရမယ်။မိမိလုပ်တဲ့အလုပ်ကိုကျွမ်းကျင်ရမယ်၊ဇွဲနဲ့လုပ်ရမယ်။အလုပ်လုပ်တဲ့နည်းစနစ်မှန်ကန်ဖို့လိုတယ်။

၂။ မိမိအလုပ်ကရလာတဲ့ဝင်ငွေကို ကောင်းစွာထိမ်းသိမ်းစောင့်ရှောက်ရမယ် မလေလွင့်ရဘူး။

၃။ မိမိမှာ အကြံကောင်းဉာဏ်ကောင်းပေးနိုင်တဲ့ မိတ်ဆွေကောင်းမျိုးရှိဖို့လိုတယ်။

၄။ ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင်အသုံးအစွဲဂရုစိုက်ဖို့လိုတယ်။

အထက်ပါအချက် ၄ချက်ကလောကီကောင်းစားရေးအတွက်ဘုရားဟောထားတာပါ။ဘုရားကလောကီကောင်းစားရေးလောကုတ္တရာကောင်းစားရေးရောဟောခဲ့တာပါ။ မိမိတို့ကြိုက်ရာယူရုံပါဘဲ။အားလုံးကိုအဆိုးမြင်ဝါဒနဲ့

မဟောပါဘူး၊ ဒါပေမဲ့ မြတ်စွာဘုရားက မှန်သောစကားနဲ့ အကျိုးရှိသောစကားပဲပြောပါတယ်။ဘဝဆို

တာဘာလည်း ဘဝကိုအမှန်အတိုင်းမြင်အောင်လည်းဟောကြားခဲ့ပါတယ်။ဘဝတဏှာ။ဘဝကို သတ္တဝါတွေက သိပ်စွဲလမ်းကြတယ်။ “ဘဝဆိုတာဒီလိုပါလား” လို့တစ်ကယ်သိသွားရင်တော့ ဘဝမှာ

ပျော်စရာရှာတွေ့တော့မှာမဟုတ်ပါဘူး။

သံသရာကောင်းစားရေး ၄ချက်ကိုလည်း ဆက်ပြီးပြောထားပါတယ်။

၁။ သဒ္ဒါ ။ သဒ္ဒါတရားနှင့်ပြည့်စုံရပါတယ်။ ဘုရား တရား သံဃာအပေါ်ယုံကြည်ရပါမယ်၊ ကောင်းတာ

လုပ်ရင်ကောင်းကျိုးခံစားရပါမယ်။ မကောင်းတာလုပ်ရင်တစ်နေ့မကောင်းကျိုးခံစားရပါမယ်လို့ယုံ

ကြည်ရပါမယ်။ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ လို့သတိရတိုင်းရွတ်နေ
ရင်(စိတ်ထဲက တကယ်ကြည်ညိုပြီး ရွတ်နေရင်)ဘေးအန္တရာယ်များမှ လွတ်မြောက်သူများအကြာင်းစာထဲမှာ အများကြီးဖတ်ရပါတယ်။

၂။သီလ ၊ လူတွေအနေနဲ့ ၅ ပါးသီလကိုစောင့်ထိန်းသင့်ပါတယ်။ ၅ ပါးသီလကို တစ်ကယ် စေတနာနဲ့ စောင့်ထိန်းကျမယ်ဆိုရင် နောင်ဘဝ အပယ်၄ဘုံ မရောက်နိုင်းဘူးလို့ဆိုပါတယ်။ မြတ်စွာဘရားက

သတ္တဝါတွေအပေါ် မေတ္တာ ကရုဏာအများကြီးထားပါတယ်။ သတ္တဝါတွေ ဘဝနိဂုံးချုပ်သွားရင်ကောင်းရာမွန်ရာရောက်ပါစေဆိုတဲ့ ဂရုဏာနဲ့ပါ။ ဘုရားဟောလိုက်ရင်တမလွန်ဘဝ ကောင်းတဲ့နေရာရောက်မှာပဲ ။ နောင်ဘဝအတွက်စိတ်အေးရတာပေါ့။

၃။စာဂ။ စာဂ ဆိုတာပေးကမ်းစွန့်ကြဲခြင်းပါပဲ။ ကိုယ့်မှာရှိတဲ့ စည်းစိမ်ဥစ္စာတွေကို တွယ်တာမက်မောပြီး မသုံးရက်မစွဲရက်လူတွေအများကြီး ရှိပါတယ်။ ငါ့ရွှေ ငါ့ငွေ။ ငါ့တိုက်ငါ့ကား ဆိုပြီးအစွဲရှိတဲ့ သူတွေ ဘဝနိဂုံးချုပ် သွားတော့ ဘာများယူသွားနိုင်လို့လဲ။ အမှန်တော့ စည်းစိမ်ဥစ္စာ တွေဟာအများပိုင်ပါပဲ။

သေတော့ခွဲဝေယူကြမှာပါ။ ကိုယ်ကမသုံးရက် မစွဲရက်ပေမယ့် သူတို့ကတော့ တအားသုံးဖြုန်းပစ်ကြ

မှပါ။ဒီတော့ ဘဝမှာ အသက်ရှင်တုန်းမရှိဆင်းရဲတဲ့သူတွေ၊ အကူအညီလိုတဲ့လူတွေကို လှူတမ်းပေးကမ်းသင့်တယ်မဟုတ်လား။ လိုအပ်နေတဲ့သူတွေကိုလှူတမ်းပေးကမ်းတာ ဘယ်လောက်မွန်မြတ်လိုက်မလဲ။ ကိုယ့်မှာ ရှိတဲ့ပိုက်ဆံ သူများတွေလည်းပေး၊ ကိုယ်

လည်းအကျိုးရှိရာသုံးပေးပါ။

နှမြောတွန့်တိုတယ်ဆိုတာလောဘတစ်မျိုးပါ ။ အလောဘ (ပေးကမ်းခြင်း) ကမှကောင်းတာ၊လောဘနဲ့

သေသွားရင်တော့ ဘဝကူးကောင်းမှာမဟုတ်ပါဘူး။

၄။ ပညာ။ ပညာဆိုတာ အမှားအမှန်အကောင်းအဆိုးခွဲခြားဆုံးဖြတ်နိုင်တာကိုခေါ်တာပါ။ ဘာမဆိုပညာနဲ့ ဝေဖန်သုံးသပ်ပြီးလုပ်ရင် မမှားနိုင်ပါဘူး။

မကောင်းတာလုပ်ရင် တော့ တစ်နေ့နေ့ မကောင်းကျိုးပြန်လာမှာပါ။ဘဝအတွက် အကောင်းဆုံးပညာ ကတော့ သမာဓိပညာနဲ့ ဝိပဿနာပညာတို့ပါပဲ။ ကိုယ့်ပညာကို အသုံးပြုပြီး မဂ္ဂင် ၈ပါး အမှန်တရားကို
ကျင့်သုံးသွားရင်တော့ သံသရာအတွက်ကောင်းမှာပါ။

တရားကိုတရားကပြန်စောင့်ပါတယ်။ဝိပဿနာတရားကိုသာ အားကိုးပြီးစမ်းသပ်လုပ်ကြည့်ပါလား၊

ခုနေတဲ့ဘဝရော သံသရာမှာပါတိုးတက်ချမ်းသာလာမှာပါ။

 

ဒေါက်တာအုန်းမောင်

11 comments

  • manawphyulay

    July 10, 2011 at 4:20 pm

    ဘဝဆိုတာ
    အပြောလွယ်သလောက်
    နေရခက်တဲ့ ဘဝကြီးပါ
    အမှားအမှန် ဒွန်တွဲ
    အကောင်းအဆိုး ယှဉ်တွဲ
    ချစ်ခြင်း မုန်းခြင်း မခိုင်မြဲ
    မတည်မြဲတဲ့ လောက
    ဖြစ်တည်ပျက် ကာလသုံးပါး
    မမြဲခြင်းတရား လက်ကိုင်ထား
    အတ္တထောင်လွှား
    မာန်မာန ဖောက်ပြား
    ကိုယ်ထင် ကုတင်ရွှေနန်း
    မောဟဖုံးလွှမ်းနေတဲ့
    ဒီလူ့ဘောင်လောကကြီးမှာ
    အရာအားလုံးဟာ
    တရားသဘောနဲ့ ဆင်ခြင်
    အရာအားလုံးဟာ
    အနစ္စတွေပါတကား….

    Reply

  • ဆူး

    July 10, 2011 at 8:39 pm

    စာလေး ရေးထားတာ အရမ်းညက်တာပဲ.. ဖတ်လို့လည်း ကောင်းတယ် ဗဟုသုတ လည်း တိုးပွားတယ်။

    Reply

  • pooch

    July 10, 2011 at 9:07 pm

    ဘဝသံသရာ … မနေမနား… ရှည်လျား .. တခရီးထဲ သွားကြမှာ…

    Reply

  • နီလေး

    July 11, 2011 at 9:24 am

    ကျမ ကတော့ ခုထိ ဘဝဆိုတာဘာမှန်းကိုမသိသေးပါဘူး ပျော်စရာတော့သိပ်မရှိပါဘူး

    Reply

  • pan pan

    July 11, 2011 at 9:30 am

    သံသရာကောင်းစားရေး ၄ချက်က သူတော်ကောင်းတရား ရပါးမှာ ပါတဲ့အချက်တွေပဲနော်…

    Reply

  • ရွှေဘိုသား

    July 11, 2011 at 9:41 am

    ဘ နဲ. ဝ ဆိုပြီးရိုးရှင်းသလောက် တယ်ရှုပ်တယ်နော်
    တစ်နေ.ကို ကုသိုလ်ရှာ ပညာရှာ ဥစ္စာ ဒီသုံးခုကို ရအောင်ရှာလိုက်ပါ
    ဘဝကြီးက ပျော်စရာကြီးဖြစ်နေလိမ်.မယ်

    Reply

  • True Answer

    July 11, 2011 at 11:08 am

    ဘဝ ဆိုတာ ကောင်းကောင်းဆိုးဆိုး…..အဟုတ်ထင် အတည်ယူဆုပ်ကိုင်ရမှာမဟုတ်ဘဲ။ တွေ့ကြုံဖို့သက်သက် ၊ အမှန်တရားကို သိနားလည်ဖို့ အသုံးချဖို့သက်သက်။
    လောကဓံ ဘဝ အကောင်းအဆိုးတွေကို မဆုပ်ကိုင်ဘဲ ၊ အဟုတ်မထင်ဘဲ၊ မငြိတွယ်ဘဲ အမှန်တရားကို သိနားလည်ဖို့ အသုံးချရုံ အသုံးချလျှက် တွေ့ကြုံရုံသက်သက် တွေ့ကြုံတတ်စေဖို့ အဓိကပန်းတိုင်ပါ။

    http://www.trueanswer.co.cc

    Reply

  • Yan Shin

    July 11, 2011 at 11:48 am

    ဘဝ ဆိုတာက လူတွေပြောကြသလိုပါပဲ
    ဘ နဲ့ ဝ နှစ်လုံးသာရှိပေလို့ပေါ့။
    လောက ကိုရောက်ရင်တော့ လောကဓံ ရှိမှာပဲလေ။
    ကောင်းကောင်း ဆိုးဆိုး နေတတ်ရင်တော့ ကြေနပ်စရာပါ။
    နေတတ်တဲ့ စိတ် ရှိတတ်ဘို့ပဲ လိုတာပါ။

    Reply

  • myat no

    July 28, 2011 at 11:25 am

    ဘဝဆိုတာ နှစ်လုံးထဲပေမဲ့တော်တော်ခတ် တယ်နော် ။ ဒီဘဝမှာလည်းပြည့်စုံလူတန်းစေ့အောင်ကြိုးစားရတယ်။
    နောင်သံသရာအတွက်နဲ့ဘဝကူးကောင်းအောင်လည်းလုပ်ရအုံးမယ်။

    Reply

  • mzm

    July 28, 2011 at 2:29 pm

    ဘဝကိုဘဝလို့ပဲမြင်မိတယ်

    Reply

Leave a Reply to pan pan Cancel Reply

Your email address will not be published.