အပြစ်ကင်းတဲ ့ချစ်ခြင်း..

    အပြစ်ကင်းတဲ့ချစ်ခြင်း။

    အပြစ်ကင်းစွာနဲ့
    ချစ်ခြင်းကို တွေ့ဖို့ဆိုတာ
    တကယ့်ကို မလွယ်ကူလှပါဘူး ………..
    အမုန်းတရား ……….. အရှုံးသမား ………..
    စတဲ့ စကားတွေလည်း ကြားဘူး ကြမှာပေါ့ ………..
    ဒါပေမယ့်
    အဲဒီ ဥပက္ခာ အသုံးအနှုန်းတွေ မပါပဲ
    ကိုယ်ချစ်သလောက် သူကပြန်ချစ်မှာ ရှိပါသေးတယ် ………..
    အဲဒါ ……….. ဘာလဲ ……….. ?
    ကဗျာ…..တဲ့။

    ကဗျာ.. ဆိုတာ
    နုတ်ခမ်းနီ ဆိုးစရာမလိုပဲ သူ ့အလှနဲ့ သူ ရှိထားတယ်။

    ကဗျာ… ဆိုတာ
    မိတ်ကပ်သုံးစရာမလိုပဲ ……….. စိတ်ဓာတ်ကို တက်စေတယ်။

    ကဗျာ…. ဆိုတာ
    ရေမွေးမလိုပဲ ……….. သင်းပျံ့လန်းဆန်း စေတတ်တယ်။

    ကဗျာ……..ဆိုတာ
    မျက်လုံး နက်နက်ကလေး မဟုတ်ပေမယ့် ……….. စွဲလန်းစေတယ်။

    ကဗျာ…..ဆိုတာ
    ဟန်မူပါပါနဲ့ လမ်းမလျှောက်တတ်ပေမယ့် ……….. လမ်းလည်း မပျောက်တတ်ဘူး။

    ကဗျာ……..ဆိုတာ
    ရည်းစား စာပေးစရာမလိုပဲ ……….. ကိုယ့်ကို အဖြေပြန်ပေးတတ်တယ်။

    ကဗျာ…….းဆိုတာ
    ပြန်စာကို ရင်ခုန်စွာ စောင့်စရာမလိုပဲ ……….. ဘယ်လိုလဲ ? လို ့သာ ပြန်မေးပါလိမ့်မယ်။

    ကဗျာ…..ဆိုတာ
    ချစ်သူတစ်ယောက်လိုပဲ တိမ်းမူးဘွယ်ရာတွေကို ပေးစွမ်းတယ်။

    ကဗျာ…….ဆိုတာ
    ထမင်းမစားရင် ငိုမှာနော် ………..လို့ မချွဲ တတ်ပေမယ့် သည်းတတ်တယ်။

    ကဗျာ…..ဆိုတာ
    ကော်ဖီသောက်တော့လေ ……….လို ့ သတိမပေးတတ်ပေမယ့် အသိအတွေးကိုတော့ ပိုကောင်းစေတယ်။

    ကဗျာ……ဆိုတာ
    တစ်သက်လုံးနေမှာနော် ………. ဆိုတဲ့ မုသားမျိုး မပြောတတ်ဘူး။

    ကဗျာ….ဆိုတာ
    လက်ထပ်ကြ စို ့လေလို ့လည်း ……….. အတင်း မတောင်းဆိုတတ်ဘူး။

    ကဗျာ………ဆိုတာ
    လွမ်းနေမှာ နော် ………. လို ့လည်း မျက်ရည်စို့ရမှာတွေ မပေးတတ်ဘူး။

    ကဗျာ….ဆိုတာ
    တစ်နေ ့……. ၂ ခါ ဖုန်းဆက်ရမယ် လို ့လည်း အဓမ္မ မပူဆာတတ်ဘူး။

    ကဗျာ….းဆိုတာ
    ဒီဘဝမဟုတ် နောင်ဘဝပေါ့ ဆိုတာမျိုးနဲ့လည်း အသည်းမခွဲတတ်ဘူး။

    ကဗျာ……..ဆိုတာ
    ချစ်တော့ ချစ်ပါတယ် ……….. ဒါပေမယ့် ……..ဆိုတဲ့ ရင်နာရမယ့် စကားကို မဆိုတတ်ဘူး။

    ကဗျာ……..ဆိုတာ
    သူ့ မျက်နှာလေးကို ငေးနေရသလို ……….. စိတ်ကို အေးချမ်းစေတယ်။

    ကဗျာ…….ဆိုတာ
    ဥပက္ခာဆိုတာမရှိ ပီဘိ တစ်သဘောတည်း ရှိနေတယ်။

    ကဗျာ….ဆိုတာ
    အရှုံးဆိုတာချည်း မဟုတ်ပဲ ……….. အနိူင်ပွဲဆိုတာလည်း လာတတ်တယ်။

    ကိုုယ့်ကဗျာလေးလူတိုင်းဖတ်လိုက်လို ့ကတော ့ အနမ်းပေါင်း တစ်ရာထက်မက အရသာရှိတာ အမှန်ပါ

    ဒီတော့
    ကဗျာကို ချစ်ရတာ
    ပတ်ဝန်းကျင်ကို ငဲ့စရာလည်း မလို
    သူများ မျက်စောင်းထိုးမှာလည်း မကြောက် ရ
    ဘယ်တော့ ပျောက်သွားမလဲ ……….. လို ့လည်း စိုးရိမ်စရာမလို

    ဘယ်လောက်အထိ ကောင်းလိုက်သလဲကွာ ………..
    ဟောဒီလောကမှာ
    အပြစ်ကင်းတဲ့ ချစ်ခြင်းကို လိုချင်ရင်
    ကဗျာ…ကိုသာ ချစ်လိုက်ကြပါ

    အချစ်ကို ကြောက်တဲ့ ငါ့မှာလည်း
    ချစ်စရာဆိုလို့
    ကဗျာမှတစ်ပါး ……….. အခြားမရှိ

    ကဗျာချစ်သော…….
    ရွှေအိမ်စည်

    ကဗျာကိုနှစ်သက်ပါက ကဗျာရေးသူအမည်ထိကူးပြီးမှ မျှဝေပေးပါ၊
    ချစ်သောစိတ်ဖြင့်


13 comments

  • ရွှေဘိုသား

    July 9, 2011 at 5:59 pm

    ကဗျာ ချစ်တဲ. ရွှေအိမ်စည် ရေ
    မင်းကဗျာကြောင်. ငါ.ရဲ. အနာဟောင်း
    ပြန်ထလာပြီနော်

    Reply

    • shweaeimsi

      July 10, 2011 at 5:00 am

      ဒါကြောင့်ကဗျာဘဲချစ်ပါဗျာ…..

      Reply

  • pooch

    July 9, 2011 at 6:15 pm

    အပြစ်ကင်းတဲ့ ချစ်ခြင်းတရား ဘယ်သူတွေများ ဖန်ဆင်းထား …..

    Reply

  • ဆူး

    July 9, 2011 at 8:24 pm

    SAS ဆိုတာ ဘာလဲဟင်

    Reply

    • shweaeimsi

      July 10, 2011 at 5:04 am

      အမည်ရဲ ့အတိုကောက်ပေါ ့

      Reply

  • windtalker

    July 9, 2011 at 11:59 pm

    SOS ကို များ မှားရိုက်မိသွားတာ လား မသိ

    Reply

  • phowagyi

    July 10, 2011 at 12:03 am

    မရွှေအိမ်စည် ရေး တဲ့ စာတွေ ကဗျာတွေ အားပေးလျက် ပါ စောင့် မျော် လျက် ပါ

    Reply

  • meengelay

    July 10, 2011 at 2:20 pm

    ဖိုးဝကြီးရေ
    shweaeimsi says: ဒါကြောင့်ကဗျာဘဲချစ်ပါဗျာ…..
    ဗျာလို့ပြောတာ မရွှေအိမ်စည်မဟုတ်ဘူးထင်တယ် မောင်ရွှေအိမ်စည်လဲ မဟုတ်သလိုပဲ ဟီးးးးးးးးးးး

    Reply

    • pan pan

      July 11, 2011 at 10:13 am

      အညာကမိန်းကလေးတွေက အဲလိုပြောတတ်တယ်
      အထူးသဖြင့် မန်းလေးကလူတွေပေ့ါ
      အဲဒီတော့ shweaeimsiကို ကျားလား မ,လား မသိတော့ပါဘူး…… 😀

      Reply

  • mzm

    July 12, 2011 at 4:21 pm

    SAS ရဲ့ကဗျာကတော့ ပြောစရာမရှိပါဘူး ရှိတာကSAS ကိုပေါ့လေပြောတော့ပါဘူး

    Reply

  • Yan Shin

    July 12, 2011 at 4:42 pm

    ရွှေအိမ်စည်ရေ
    အပြစ်ကင်းတဲ့ ချစ်ခြင်းဟာ ချစ်စရာဖြစ်ပေမဲ့
    အပြစ်များနဲ့ ချစ်ခြင်းတရားဆိုတာဟာလဲ
    သဘာဝတရား အရ ရှိနေတာပါပဲ……
    အဲဒါကိုလည်းလက်ခံရမှာပါ။

    အဆင်ပြောချောမွေ့တဲ့ ချစ်ခြင်းထက်
    ခက်ခဲ အဆင်မပြေမှု့များနဲ့ချစ်ခြင်းကို နားလည်မှု့နဲ့ဖြေရှင်းအဆင်ပြေသွားတဲ့
    ချစ်ခြင်းရဲ့ ချိုမြိန်မှု့ဟာလည်း……..

    Reply

  • forever

    July 12, 2011 at 8:28 pm

    ချစ်ရင်အပြစ်ဆိုတာ …ကို…. မမြင်

    Reply

Leave a Reply to ရွှေဘိုသား Cancel Reply

Your email address will not be published.