သတင်းဓာတ်ပုံလေးတစ်ခုပါ

ဒန်ချိုင့်နှင့် ဓာတ်ဘူးများဈေးကောင်းဖွယ်ရှိ ဆိုပြီး ( အောက်ကလင့်မှာတင်ထားတာပါ )

http://www.irrawaddyblog.com/2011/07/blog-post_5843.html

ဒါကတော့ ကြွပ်ကြွပ်အိတ် တိုက်ဖျက်ရေးကို တတပ်တအား ပါဝင် ဆောင်ရွက်နေတာကို ပြတဲ့ ပုံပါ။

မန္တလေးက မင်းသီဟ လက်ဘက်ရည်ဆိုင်လို့ သိရပါတယ်။ (ဓာတ်ပုံ – facebook က ရပါတယ်)

…………………………………..

……………………………….

ဒါကတော့ ခင်ဗျားတို့အားလုံးသိကြတဲ့အတိုင်း

မကြာခင်ကမှပြဌန်းထားတယ်လို့ပြောမလား

ဆောင်ရွက်ထားတယ်လို့ပြောမလား

ပလပ်စတစ်ထုပ်လုပ်မှုတွေကို စည်းမျဉ်းတွေ စည်းကမ်းတွေထုပ်ပြန်ပြီးတဲ့နောက်

တွေ့ရတဲ့ ဆက်စပ် သတင်းဓာတ်ပုံလေးပါ

ခင်ဗျားတို့သိပြီးပေမယ့် တွေးခေါ်နိုင်ဘို့ပါ

ပြောသာပြောရတယ်

အွန်လိုင်းထဲမှာ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ဟိုလိုဖြစ်သင့်ပါတယ် ဒီလိုဖြစ်သင့်ပါတယ် ဆိုတာတွေထက်

ဟိုလိုလည်းမဖြစ်ပါဘူး

ဒီလိုလည်းမဖြစ်ပါဘူး

ဘာမှကိုမဖြစ်ပါဘူး

ဘာဖြစ်လို့လဲဆိုတော့

ငါသိတယ် ငါတတ်တယ် ငါဦးဆောင်ရမှကျေနပ်တယ်ဆိုတဲ့ သတ္တဝါက ခပ်များများ

အတိုက်ခံလေးများပြောလိုက်ရင်

ရုပ်ကြမ်းကြီးနဲ့ စိတ်ကောက်တဲ့သတ္တဝါကရှိလိုက်သေး

သတင်းဓာတ်ပုံတွက် မူရင်း ဧရာဝတီ ဘလော့ခွဲကို ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်ခင်ဗျား

 

 

 

 

13 comments

  • ရွှေဘိုသား

    July 8, 2011 at 9:41 am

    ကိုပုလည်း ဒီကအပြန်အိမ်ကမိန်းမအတွက် လက်ဖက်ရည်ပါဆယ် ဆွဲမသွားနဲ.နော်

    Reply

  • etone

    July 8, 2011 at 11:46 am

    ကျွတ်ကျွတ်အိတ်တွေ မသုံးရဘူးသာ ပြောတယ် တချို့နေရာတွေ မှာ သုံးနေတုန်းပဲ … ။
    သုံးတယ်သူကလည်း ဝယ်လို့ ရလို့ သုံးတာပါတဲ့ … ။ရောင်းတဲ့လူကတော့ လက်ကျန်မို့ ထုတ်ရောင်းတာပါတဲ့ … ။ သူ့လက်ကျန်ကလည်း ကုန်ကို မကုန် နိုင်တော့ဘူး ဘယ်အချိန်သွားဝယ်ဝယ် ကျွတ်ကျွတ်အိတ်ရတယ် ။ 😛 😛 😛

    Reply

  • ogre

    July 8, 2011 at 11:46 am

    ကိုအောင်ပု…ရေ

    “””အတိုက်ခံလေးများပြောလိုက်ရင်

    ရုပ်ကြမ်းကြီးနဲ့ စိတ်ကောက်တဲ့သတ္တဝါကရှိလိုက်သေး”””” ဆိုတာ

    ဘယ်သူ့ကိုပြောတာလဲဗျ….အဲလိုကြီးတော့ မတင်မကျကြီးမလုပ်နဲ့လေဗျာ။။။။။

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 8, 2011 at 2:21 pm

      ကြပ်ဒယ်…….လို့ခေါ်သကွဲ့

      Reply

  • manawphyulay

    July 8, 2011 at 11:55 am

    ဦးပုကတော့ ဆွဲရမှာ ရှုပ်လို့ဆိုပြီး ဆိုင်မှာထိုင်သောက်မယ်ထင်တယ်နော်….

    Reply

  • char too lan

    July 8, 2011 at 12:51 pm

    ဓာတ်ဗူးမရှိလို့ ဗိုက်ဗူးထဲပဲ အပြည့်ဖြည့်တော့မယ် ………….. 🙂
    ကျနော့်အကျင့်လဲပြင်ရအုံးမယ် ကော်ဖီဖျော်သောက်ရင် အဲ့ဒီဖောက်လိုက်တဲ့ ပလပ်စတစ်အခွံနဲ့ပဲ ပြန်ပြန်မွှေနေတာ ကြာပီ …….

    Reply

  • ကျနော်ကတော့ အဲသဟာလေး မြင်ရတော့ (ဆိုင်းဘုတ်ကိုပြောတာပါ )
    ငယ်ဘဝကို ပြန်သတိရပါတယ်။
    ကျနော်ငယ်ငယ်က အိမ်က လက်ဖက်ရည်အဝယ်ခိုင်းရင်ရှက်ပါတယ်။
    ဒါန်ဂျို့င့်အစုတ်ကြီးနဲ့ သွားဝယ်ရလို့လေ။
    အရင်ကတော့ ကျွတ်ကျွတ်အိတ်ပေါ်စက သန့်ရှင်းတယ်တို့
    သစ်တောပြုံးတီးရေးကို ကာကွယ်တယ်ဆို အသံကျယ်ခဲ့ပေမယ့်
    အခုတော့ ကမ္ဘာမြေရဲ့ရန်သူဖြစ်နေပါပေါ့လား ကိုကိုပုရေ

    Reply

  • ဆူး

    July 8, 2011 at 10:51 pm

    ဒန်ချိုင့် ဓါတ်ဗူး မပါဘူးလား မေးတဲ့ ဆိုင်ရှင်ကို ပြောလိုက်.. ခင်ဗျားတို့ နို့ဆီ ဗူးခွံတွေ ဒီလောက်များနေတာ အဲဒါနဲ့ ထည့်ပေးလိုက်.. လို့ ခပ်မာမာ လေး ပြောလိုက်.. ဟဲဟဲ…

    Reply

  • မင်းပြည့်ရှိန်

    July 8, 2011 at 11:00 pm

    ကောင်းပါလေ့… ကောင်းပါလေ့..
    ဆရာဝန်တစ်ယောက် လက်ဖက်ရည် ဝယ်သွားတာ ပလတ်စတစ်အိတ်နဲ့ ဝယ်သွားတာ တွေ့ဖူးတယ်..
    ဒါနဲ့ ကျွန်တော်လည်း ရှည်ကဲပြီး..
    ဆရာဝန်က ပလတ်စတစ်အိတ်တွေ အကြောင်းမသိလေရော့သလားလို့ ပြောမိတော့…

    သူ့သောက်မှာ မဟုတ်ပါဘူးတဲ့..
    ယောက်ခမ အတွက်ပါတဲ့..

    အားလုံးမှာ တာဝန်ရှိပါတယ်..
    မတတ်သာလို့ သုံးခဲ့ရင်တော့ စည်းကမ်းမဲ့စွာ မပစ်သင့်ပါဘူး..

    Reply

  • bigcat

    July 9, 2011 at 7:56 am

    ဒီပြသနာကို ဖြေရှင်းဖို့ရာ လဖက်ရည်ဆိုင်ကနေ ဖောက်သည်အိမ်တိုင်းကို ပိုက်လိုင်းသွယ်ပေးထား၊ ဒါမှမဟုတ် ရေလနှစ်မျိုးလုံတဲ့ အင်္ဂာျီအိပ်ကပ် ထွင်ပေးထားလိုက်ရင် ပြီးပါတယ်။ ထန်းတောကနေ မြို့ကိုနောက်ကြရင် ပိုက်လိုင်းသွယ်ရင်လည်း သွယ်ကြမပေါ့ဗျာ….

    Reply

  • kai

    July 9, 2011 at 8:51 am

    မန္တလေးက ..ကြွပ်ကြွပ်အိပ် တိုက်ဖျက်ရေးလုပ်တာမှာ …ကမ္ဘာ့သတင်းမှာတောင်ပါဘူးတယ်..။
    အခုတော့ ..တခြားနိုင်ငံမြို ့ကြီးတွေလည်း တော်တော်လိုက်လုပ်တာ ကြားရတယ်..

    မန္တလေးသားတွေဂုဏ်ယူနိုင်ဖို့ပါ..။
    ဆက်ပြီး ဂုဏ်ယူစရာတွေ လုပ်ပြကြပါဦး..။

    နောက်ပြောချင်တာတခုက…
    ကြွပ်ကြွပ်အိပ် ကိုဘယ်သူ.. အဲဒီအမည်ပေးခဲ့သလည်း.. သိကြပါသလား..။ 🙂
    (မှတ်မိသလောက်) ပေါက်ပေါက်ဆိုတဲ့.. ဝတ္တုထဲက… ယောက်ျာရှာဇတ်ကောင်မိန်းကလေး…။
    စာရေးဆရာအမည်တော့ မေ့သွားပြီ..။ လွန်ခဲ့တဲ့..အနှစ်၂၅ဝန်းကျင်က..အမျိုးသမီးစာရေးဆရာမရေးတဲ့ဝတ္ထုထဲ ပထမဆုံးအကြိမ်ဖတ်ဖူးတယ်..။
    ကြွပ်ကြွပ်အိပ်(ပေါက်ပေါက်အခေါ်) လို့ ရေးထားတယ် မှတ်မိတယ်..။
    ခင်ဆွေဦးလား..။ စမ်းစမ်းနွဲ ့(သာယာဝတီ)လား.. နုနုရည်(အင်းဝ)လား..အဲဒီလိုစာရေးဆရာမကြီးပဲ..။

    မှတ်မိသူတွေ..ရေးပေးကြပါဦး.။

    Reply

  • windtalker

    July 9, 2011 at 8:53 pm

    သုံးစဲ သုံးမြဲ ပါ ပဲ ခင်ဗျာ မန်းတလေး မှာ

    Reply

  • pan pan

    July 11, 2011 at 2:31 pm

    recycleလုပ်လို့ရမယ့် အိတ်တွေအစားထိုးသုံးနေပြီမလား
    အဲဒါကရော…??

    Reply

Leave a Reply to kai Cancel Reply

Your email address will not be published.