မိခင် …

lu ta loneMay 5, 20101min01

မီးနေခွင်ဝယ်

နာကျင်ပြင်းပြ၊ ဆိုငိုတ၏၊

ထိုမှတဖန်၊ တအားသန်၍

အားမန်ကဲမောက်၊ ချွေးပေါက်ချွေးသီး

ယိုစီးပြိုက်ပြိုက်၊ သူအားစိုက်သည်

တိုက်စကြာဝဠာ ခါလောက်၏။

ဝေဒနာနှင့်

ငါတကားဟဲ၊ သည်လွန်ပွဲဝယ်

အူဝဲသံလွင့်၊ ခွန်ချိုဆင့်သော်

မိခင်မျက်နှာ၊ ထိန်ထိန်သာသည်

သော်တာငွေလ ရှုံးလောက်၏။

From: (ညွန့်ဝေ-ကသာ)

One comment

  • chitkay

    May 5, 2010 at 9:04 am

    အမေနေ့ အတွက် အမှတ်တရပေါ့

    Reply

Leave a Reply

Your email address will not be published.