ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်ဝင်ရောက်မှုကြောင့် မေလကုန်မှစ၍ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်တော့မည်ဟုဆို

klnMay 5, 20101min02

ရန်ကုန်သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသစ်ဝင်ရောက်လာမှုကြောင့် လာမည့် မေလနောက်ဆုံးပတ်မှစတင်၍ လျှပ်စစ်ဓာတ်အားကို ပိုမိုဖြန့်ဝေပေးနိုင် တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာအားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရန်ကုန်မြို့တော်အတွင်းရှိ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံလေးရုံဖြစ်သည့် အင်းစိန်ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတို့အတွက် ဧရာဝတီတိုင်း ရတနာ ကမ်းလွန်ရေနံတွင်းမှ သဘာဝဓာတ်ငွေ့ကို ၂၄လက်မပိုက်လိုင်းဖြင့် သွယ်တန်းပို့လွှတ်နိုင်တော့မည် ဖြစ်ရာ လျှပ်စစ်ဓာတ်အားကို ယခင်ထက်ပိုမိုပေးနိုင်တော့မည်ဖြစ်သည်။

2 comments

  • chitkay

    May 5, 2010 at 9:11 am

    လျှပ်စစ်ဓါတ်အားစီမံကိန်းတွေ သတင်းစာထဲမှာ အပြည့်ပါပဲ။
    သတင်းစာကိုင်လိုက်ရင်တောင် ဓါတ်လိုက်မှာတောင် စိုးရိမ်နေရတယ်။
    ဒီသတင်းကကော ဒီလိုပဲဖြစ်ဦးမှာလား။
    မီးတွေ မှန်သွားရင်တော့ ပိုကောင်းတာပေါ့ဗျာ။

    Reply

  • htethtet

    June 5, 2010 at 5:38 pm

    Online မှာတောင် ဖတ်ရတာများလွန်းလို့ Hight Voltage ဝင်ပြီး ဒိုင်းသွားဦးမယ်

    Reply

Leave a Reply to chitkay Cancel Reply

Your email address will not be published.