30.6.2011 မန်းတလေး သတင်း ဖြေရှင်းချက်

မောင် ပေJuly 4, 20111min012

အထက (၁) အမျိုးသား ကျောင်း အတွင်း အသီးဖျော်ရည် ၊ အအေး ရောင်းသော အအေးသည်ကြီး သည် သူ  ့အအေးဆိုင် တွင် အသုံးပြု ဖို ့ရေခပ်ရန် အလို ့ငှါ ၊ ရေပုံးကလေး ကို ဆွဲ ကာ ကျောင်းအပြင်ဘက် ရှိ ရေတွင်းဆီသို ့ထွက်လာခဲ့သည် ။ ရေခပ်ပြီး ကျောင်းထဲသို ့ပြန်ဝင်မည် အလုပ် ၊ ၂ထပ် ကျောင်းဆောင် ပေါ ်ရှိ ခပ်နောက်နောက် ကျောင်းသားလေး များ၏ ကျယ်လောင်စွာ ပြိုင်တူ အော်ဟစ်သံ ကို ကြားလိုက်ရသည် ။

“ ဗုံး…ဗုံးဗျို  ့ … အအေးသည်ကြီး ယူလာတာ၊ ဟို အအေးသည်ကြီး ယူလာတာ ဗုံးကြီးပါဗျို  ့ ။ ”

ထိုအော်ဟစ်သံ များ ကို နားစွံ နားဖျား ကြားသွားသော ကျောင်းရှေ  ့ရပ်ကွက်ထဲမှာ သူ တစ်ဦးသည် စိုးရိမ်စိတ်ပူ စွာ ဖြင့်  199 သို ့ဖုန်းဆက် လိုက်လေတော့သည် ။ အလားတူ ကျောင်းသားလေး များ ၏ အော်ဟစ်သံ ကို ကြားသွားသော ၊ ထိုလမ်းပေါ ်မှာ ဖြတ်သွားသူ အချို  ့သည်လည်း သုတ်သုတ် နှင့် ပြေးသွားကြရာမှ ရောက်လေရာ အရပ်တွင် ကျောင်းရှေ ့မှာ ဗုံးတွေ ့လို ့တဲ့ဗျို  ့ဟု လည်းကောင်း ကျောင်းရှေ  ့မှာ ဗုံးကွဲလို ့တဲ့ ဟု လည်းကောင်း သတင်းဖြန် ့ကြလေတော့သည် ။

199 ကို ဖုန်းဆက် သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များ က ချက်ချင်း ရောက်လာသည် ။ အသံကြား သတင်းပြန်လွှင့်သူ တို ့၏ စကားကြောင့် စိုးရိမ်ပူပန်မိသော ကျောင်းသား မိဘ များသည် လည်း အထက (၁) ကျောင်း ဆီသို ့အပြေးအလွှား ရောက်လာကြလေတော့သည် ။

အားလုံး ဆုံမိကြတော့မှ ရေပုံးကလေး ကိုင် ကာ ကြောင်တောင်တောင် ဖြစ်နေသာ အအေးသည် ကို လည်းကောင်း ၊ ပါးစပ်သရမ်း သော ကျောင်းသား များ ၏ အဖြစ်ကို လည်းကောင်း ငိုအားသန် ရယ်အားသန် တွေ  ့ကြရလေတော့သည် ။ ထိုအခါ မှ စိတ်အေး သွားကြလေသတည်း ။

( အထက ၁ ကျောင်းသည် အမျိုးသားသီးသန် ့ကျောင်းဖြစ်သည် ။ မန်းတလေးမြို  ့အောင်မြေသာဇံ ရပ်ကွက် 24 လမ်းx81 လမ်းထောင့် တွင် တည်ရှိသည် )

 

12 comments

  • PaukPhaw

    July 4, 2011 at 6:33 am

    ဟ.ဟ.ဟ.ဟ.ဟ.ဟ.ဟ.ဟ.ဟ.ဟ.
    ကျောင်းသား ငပြောင်တွေနဲ ့ သွားတွေ ့တာပဲ..

    ဒီမှာလဲ ဂမုန်းပွင့်ဗုံးပေါက်တယ် ဆိုပြီး..
    ဟုတ်လဲဟုတ်ဘူး..မြေနီကုန်း၊ဂမုန်းပွင့်ဘေးက ဘတ္တရီဆိုလား..အိတ်ဆိုင်က ဂတ်စ် အိုးဆိုလား ပေါက်တာပါတဲ့..

    နောက်ခါ

    ရန်ကုန် မြို ့ ကျော်တံတား မြိ ့နယ်၊ ဗိုလ်အောင် ကျော်လမ်း အာလာဒင် အပန်းဖြေ ဆော့
    ကစားမှုနေရာ ဉ် ဗုံး တွေ ့ရှိ သည် ဆိုသည့် သတင်းကြောင့် အာဏာပိုင်များ က ထို နေရာ
    တစ်ဝိုက်နှစ်နာရီ ကျော်ကြာ ပိတ်ဆို ့ရှာ ဖွေ ရာ အသဲ ပုံ ဖြင့် ဒီဇိုင်း လုပ်ထားသည့်
    ချစ်မေတ္တာ ဘွဲ ့မှတ်တမ်း များ ဖြင့် လူလတ် ပိုင်း အရွယ် ကောင်လေး က သူ နှင့် အမြဲတမ်း ထိုနေရာတွင်ဆုံတွေ ့နေသည့် အမျိုးသမီး တစ်ဦး ကို စောင့်စားရင်း ကျန် ရှိ ခဲ့
    သည့် လက်ဆောင်၊ ဓာတ်ပုံ အယ်(လ)ဘမ် နှင့် ရည်းစား စာ ကို ဗုံး ဟု ထင်မှတ် ခြင်း ဖြစ်သည်ဟု
    ဗိုလ်အောင်ကျော် လမ်းတွင် နေထိုင် သည့် ရပ်ကွက် အုပ်ချုပ် ရေး တစ်ဦး က FNG သို ့ပြောသည် ။
    တဲ့..

    ကြားမိလိုက်ရင် ငိုရမလို.ရီရမလို ဟာတွေပါပဲ..

    Reply

  • pan pan

    July 4, 2011 at 6:55 am

    တစ်ခုခုကြားရင် သေချာမစူးစမ်းဘဲ ဝရုန်းသုံးကားဖြစ်ရင်
    ဟိုပုစဉ်းရင်ကွဲပုံပြင် သွားသတိရတယ်

    Reply

  • maung hninkharr

    July 4, 2011 at 7:20 am

    အဲ့ဒီ ဖြစ်ပျက်ပုံကို video ရိုက်ပြီး net ပေါ်ကို ကို jokes အနေနဲ့တင်ပေးလိုက် လျှင် တော်တော် ရယ်ဖို့ကောင်းမှာ။

    Reply

  • AKKO

    July 4, 2011 at 7:42 am

    ကလေးတွေ နောက်တီးနောက်တောက်နဲ ့ …တကယ်ဗုံးဆိုတော့ … လူတွေ မယုံတော့ရင် ခက်မယ်… ။

    Reply

  • fatty

    July 4, 2011 at 8:51 am

    ဂျာနယ်ထဲမှာတော့ အာလာဒင်မှာတွေ့တာ နာရီတလုံးရယ် ဓါတ်ခဲရယ်တဲ့။ အဲဒီမှာထိုင်နေတဲ့ သူတယောက် က ခဏဆိုပြီး ဝန်ထမ်းလေးတွေကို အပ်သွားတာလို့ရေးကြတယ်။

    Reply

  • pooch

    July 4, 2011 at 10:47 am

    အဲဒီနေ့ က အနော်တို့လည်း အိမ်က ညီမအငယ်ဆုံး ရဲ့ ကျောင်းကို တောင် သွားခေါ်တော့မလို့
    နောက်မှ မဟုတ်ဘူး ဆိုလို့ အတော် နောက်တဲ့ ကလေးတွေ..

    Reply

  • ရွှေဘိုသား

    July 4, 2011 at 10:58 am

    ကျနော်တို. 6 တန်းနှစ်ကကျောင်းသားဘဝကိုတောင် ပြန်သတိရတယ်
    ကျောင်းထဲစာမသင်ချင်တာနဲ. ကျောင်းထဲအပြေးအရေးတကြီးဝင်သွားတယ်
    ဆရာတွေက ဘာဖြစ်လို.လဲဆိုတော. မူးမြစ်ထဲမှာ ကျွန်တော်တို.ရဲ. နောက်က ကျောင်းသားတွေ
    စီးလာတဲ. စက်လှေမှောက်လို.ဆိုပြီး ပြောတာ ဆရာတွေအကုန်လိုက်သွားတာ ကိုယ်တွေစာမသင်ရလို.
    ပျော်နေကြတာ ပြန်လာမှ ဆော်လိုက်တာ ငှက်ပျောသီး နဲ.နယ်ယူရတယ် ကြိမ်အစင်းတွေကို။

    ကျွန်တော်တို.ကသူများရွာကျောင်းသွားတက်တာမို. မူးမြစ်ကို ကူးရပါသည်

    Reply

  • ဆူး

    July 4, 2011 at 12:15 pm

    တပ်မတော် ပြခန်းမှာ ပြပွဲ ရှိတော့ ဝယ်နေကျ ဆီ ဆိုင်က သတင်းစာထဲမှာ ကြေညာ ထားတယ် ၅ပိဿ ဝယ်ရင် အဲဒီမှာတင် ချက်ချင်း လက်ဆောင်ပေးမယ်။ အိမ်က ပုံးအလွတ်ဆွဲပြီး စစ်ဆေးရေး ဂိတ်ကို ဖြတ်ဝင်တော့ အမ ဘာပါသေးလဲ မေးတော့ ဗုံး ပါတယ် လို့ ပြောလိုက်လို့.. ဟိုကြည့် ဒီကြည့် လုပ်နေလို့.. ဒီ ပုံး ကို ပြောတာ ဆီပုံး လှဲပြီး လက်ဆောင် ထုတ်မလို့ ဆိုပြီး ပြောခဲ့သေးတယ်။
    သူတို့က ပြုံးစိစိ နဲ့ အမ ရယ် မနောက်ပါနဲ့တဲ့။

    Reply

  • unclegyi1974

    July 4, 2011 at 4:12 pm

    ဆူးမ မနောက်ရမယ်နေရာသွားနောက်
    သဘောကောင်းသူနဲ့တွေ့လို့တော်သေး

    Reply

  • photwenty

    July 5, 2011 at 3:35 am

    အလကား မမဆူးလား အဲ.လိုပြောရဲမှာ:P

    Reply

    • ဆူး

      July 5, 2011 at 5:50 am

      မယုံဘူးလား.. အိမ်ရှေ့မှာ လာ ချ ထားခဲ့မယ်။ ရိုးရိုးဗုံး မဟုတ်ဘူး မိုင်းဗုံးနော်.. ခွေးထွက်ကျောင်းတဲ့ အခါ သူကို အဲဒီ အရှေ့မှာ အကြောလျော့ခိုင်းလိုက်မယ်။ နောက်မှ အဆိုးမဆို နဲ့.. ဟဲဟဲ..

      Reply

  • SkyBlade

    July 5, 2011 at 4:48 am

    တော်တော်နောက်တဲ့ကလေးတွေပဲ….!!
    တစ်ခါတလေတော့ ရယ်အားထက်ငိုအားသန်နေရအုံးမယ်

    Reply

Leave a Reply to SkyBlade Cancel Reply

Your email address will not be published.