ရိုက်စားတွေ မလုပ်ကြစမ်းပါနဲ့ …

fattyJuly 3, 20111min015

internet cafe ထိုင်မလို့နေရာမရသေးလို့ စောင့်နေတုန်း Internet journal တွေ့လို့ ကောက်ဖတ်လိုက်ပါတယ် ….။
Future Way ပညာရေးအကျိုးဆောင်ရဲ့ကြော်ငြာတခုတွေ့လိုက်ရတယ် ……
JCU ကိုတက်ချင်ရင် သူတို့ဆီကနေတဆင့်လျှောက်ပါက ….
မှတ်ပုံတင်ကြေး ….free
လေယာဉ်လက်မှတ် ကြတော့ star ပြထားတယ် ဈေးလျှော့မှာလိုလို free လိုလိုနဲ့ဘာမှပြောမထားဘူး
Medical check up
Laptop …. free ………………….
အဲသလိုပြောတားတယ် …။ အမှန်က သူတို့ဆီက လျှောက်လျှောက် ကိုယ့်ဖာသာ online ကလျှောက်လျှောက် JCU က ကို free ပေးနေတာပါ ..။
ဒီမှာ …. JCU က မြန်မာနိုင်ငံအတွက် ကျောင်းသားကိစ္စကိုင်တဲ့သူက ကျနော့အသိပါ … နာမယ်ပြောလိုက်အုံးမယ် သူရထွန်းတဲ့ ..။
တခါကလဲကျနော်ရေးပြီးပြီ ကျောင်းသားတွေကို သူ့ကျောင်းကလျှောက်အောင် staff ကောင်မလေးတွေနဲ့ ဆွယ်တဲ့ အကြောင်း ..။

ဝန်ဆောင်မှု လုပ်ငန်းနော် တစ်နပ်စားမလုပ်ကြပါနဲ့ နောက်ဆို နိုင်ငံတကာနဲ့တောင်ယှဥင်္ရတော့မှာ ….။

ကျောင်းသားတွေကလည်း ကိုယ့်အားကိုယ်ကိုးပြီးလဲ လုပ်ကြအုံး … ဆယ်တန်းတုံးကလဲ Guide နဲ့ ကျောင်းလျှောက်တော့လဲ online ကနေ ရှာဖွေမကြည့်ဘူး
လွယ်လွယ်ဘဲ Agent အားကိုးလိုက်တာဘဲ ..။ လခွီးတဲ့ …။

15 comments

  • ဆူး

    July 3, 2011 at 3:49 pm

    ဦးဖတ်တီး တော်တော် ဒေါကန် နေတာပဲ..
    အဲဒါ ငယ်ငယ်ကတည်းက ခွံကျွှေးတာ စားလာရတဲ့ အကျိုးကျေးဇူးတွေ အခုထိ ဇွန်း မကိုင်တတ်ပဲ ပါးစပ် ဟပေးချင်နေတာ။
    တနည်းအားဖြင့် ဆိုရင်တော့.. မျက်စိ နားတွေ မပွင့်သေးလို့ပါ..
    တောရွာ တွေမှာလို.. မြို့တက်ဖူးတဲ့ လူက ဆရာကြီးပဲ.. သူပြောတာကို အားလုံးက မျက်လုံး ကလေး ကလည် ကလည် နဲ့ နားထောင် ကြသလိုမျိုးပေါ့။

    Reply

  • pooch

    July 3, 2011 at 4:06 pm

    ဝါးလုံးခေါင်းထဲလသာနေတဲ့ လူတွေများလေလေ ရိုက်စားတွေ ပေါလေလေပဲ လေးဖက်ရဲ့

    Reply

  • parlayar46

    July 3, 2011 at 4:15 pm

    (ပြည်ပကျောင်းအတွက်)ပညာရေးဝန်ဆောင်မှု့တွေကတော့ အခုမှ စတာမှသိပ်မကြာသေးဘူး တော်တော်နာမည်ပျက်နေပါပြီ။
    တကယ်တော့ ဟိုဘက်ခြမ်းမှာလဲ လုပ်စား ရိုက်စား နေတဲ့ ကျောင်းတွေက ဒုနဲ့ဒေး ဆိုသလိုပဲ။
    ဖြစ်သင့်တာက- (အဲဒီစကားပြောရတာလဲ ကိုပုကြားမှာစိုးလို့ တယ် ..နောက်မလုံလှဘူး 🙂 )
    အခု ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု့တွေလိုပဲ ကျောင်းသားရဲ့ ကြိုသိနိုင်တဲ့ ရှောင်လွှဲနိုင်တဲ့ နစ်နာမှု့တွေအတွက် ပညာရေးဝန်ဆောင်မှု့လုပ်ငန်းတွေမှာ တာဝန်ရှိစေသင့်တယ်။
    ဒါဆို မတရား ရိုက်စားတာတွေရယ် ညာယူ+တွန်းပို့+ထိုးထည့်တာတွေရယ် တော်တော်လျော့သွားမယ်။

    Reply

  • shweminthar

    July 3, 2011 at 4:33 pm

    လခွီးတဲ့ …။
    ကိုယ့်ကိုကိုယ် အားမရသေးတဲ့ ကျနော် ၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျသေးတဲ့ ကျနော် အတွတ် အဲဒီ လခွီးတဲ့ …။ ဆိုတာကြီး က သိပ်ကို မှန်နေတယ်…..

    Reply

  • windtalker

    July 3, 2011 at 5:34 pm

    အားအမေရေ ဗိုက်က နာနေပြီ ။ ဒေါက်တာရေ ဓါးနဲ ့မြန်မြန် ခွဲပါတော့လား ဒီဗိုက်

    Reply

  • maungmoenyo

    July 4, 2011 at 1:34 am

    အကျိုးဆောင်တဲ့…မောင်မိုးညို ငယ်ငယ်ကပုဇွန်ထောင်ဘက်မှာဆံပင်ညှပ်သွားလေ့ရှိပါတယ်။ အဲ့ဒီဆံပင်ညှပ်ဆရာနံမယ်က ဦးမြင့်ပါ။ ဦးလေးမြင့်ကအပြောကောင်းတော့ သူဆီဆံပင်ညှပ်ရင် ပြီးလို့ပြီးမှန်းမသိပါဘူး။ ဦးလေးမြင့်ဟာအချိန်အားရင် အားသလို အိမ်ခြံမြေပွဲစားလဲလုပ်တယ်လို့ဆိုပါတယ်။ သူပြောလေ့ရှိတဲ့ စကားတခုသွားသတိရမိပါတယ်…အကျိုးဆောင် တဲ့။ သူဟာပွဲစားမဟုတ်ပါဘူး။ ပွဲစားဆိုတာတစ်ပွဲထဲစားတဲ့သူမျိုးပါတဲ့။ သူဟာစကားတည်ကြည်သလို အပိုအလိုပြောလေ့မရှိတာမို့ အိမ်မြေရောင်းဝယ်ကြသူတွေ သူနဲ့ စိတ်ချမ်းသာကြရတယ်လို့ကြားဘူးပါတယ်။ပြေချင်တာက ခုခေတ်မြန်မာနိုင်ငံမှာမြင်နေရတဲ့ စီးပွားရေးသမားတော်တော်များများ ဟာ ပွဲစားဘဲပြောပြော၊ အကျိုးဆောင်ဘဲပြောပြော ရိုက်စားတွေများပါတယ်။ ဆိုလိုတာက ဥပမာ-တဦးတယောက်သောသူ (သို့)တစု ကိုနိုင်ငံခြားမှာ အလုပ်ရအောင်လုပ်ပေးနိုင်တိုင်း၊ ဒီအတိုင်းဘဲနောက်လူတွေလဲဖြစ်မယ်လို့ပြောမရပါဘူး။ အဲ့ဒီလူမျိုးတွေ ကသူတို့လုပ်ကိုင်ပေးလို့အဆင်ပြေသွားကြတာကိုကြည့်ပြီး လက်ရဲဇက်ရဲဖြစ်လာသလို လောဘတွေတက်လာကြတာလဲပါပါတယ်။ နားလည်ထားဘို့က မြန်မာနိုင်ငံမှာအတတ်ပညာနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုဟာဘယ်ခေတ်အခါ (ထပ်ပြောပါရစေ..ဘယ်ခေတ်အခါကမှ) ကိုယ်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်ခဲ့သေးပါဘူး။ ဒီအဖြစ်မျိုးရှိနေသေးသရွေ့ မြန်မာတွေ ရိုက်စားခေတ် ရှင်သန်နေအုံးမှာပါ။ ပြည်ပက လာကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေ (၉၉)ရာနှုန်းဟာလဲ ပွဲစားတွေ ဆိုတာ ကောင်းကောင်းကြီးနားလည်ထားဘို့လိုပါတယ်။ ဆိုလိုတာက သူတို့အားလုံးဟာလဲ ရိုက်စားသက်သက်တွေသာဖြစ်ပါတယ်။ ပြည်ပနိုင်ငံတကာနဲ့ အဆက်အသွယ်ရာစုတခုနီးပါးပြတ်တောက်ပြီးခါမှ၊ ခုမှ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်အောင်ကြိုးစားနေရဆဲ ရုန်းကန်နေရဆဲပါ။ ခေတ်လူငယ်မြန်မာကလေးတွေကဒီဝဲဩဂါထဲကရုန်းထွက်ဘို့ကြိုးစားနေကြတာကိုဝမ်းမြောက်ဘွယ်တွေ့ရပါတယ်။ ဒါပေမဲ့ တခြားသူတွေဖြစ်ညေမာက်ကြတာကြည့်ပြီး အားကျလို့ လိုက်တုရင်း ပွဲစားများနောက်လိုက်ကြရင်းက…ရိုက်စားများရဲ့ ဒဏကိုတိုးတိုးတိပ်တိပ်တမျိး၊ မဖုံးနိုင်မဖိနိုင်တဖုံ ခံကြရသူတွေ လဲ ဒုနဲ့ ဒေးပါဘဲ။ ဒီဒါဏ်တွေကိုမြန်မာတွေ ခံပြီးရင်းခံနေကြရဆဲ ဆိုတာ ပြောပြပါရစေ။

    Reply

  • forever

    July 4, 2011 at 3:56 am

    ပွဲစားတွေဘက်က ပွဲစားလုပ်လိုက်အုံးမယ်
    တခါတလေ ပွဲစားရှိမှ အဆင်ပြေတဲ.ကိစ္စ တွေ အများကြီး
    ငါးခုန်းမတကောင်ကြောင်. တလှေလုံးပုတ်ရတာ

    Reply

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 4, 2011 at 6:14 am

      ဟုတ်ပါတယ်ခင်ဗျ
      ငွေယူပြီး ဝန်ဆောင်ပေးတဲ့အကျိုးဆောင်တွေရှိပါတယ်
      ရှားပါတယ်
      ငွေယူပြီး ဘတ်သွားတဲ့ ပွဲစားတွေလည်းရှိပါတယ်
      ( တစ်ချို့ကတော့ နည်းနည်းဆောင်ပြီး များများဘတ်ပါတယ် )
      ( တစ်ချို့က အခြေနေကြည့်ပြီးဘတ်ပါတယ် )
      ဒါ့ကြောင့်ဒီလိုသတင်းမျိုးကို
      နေရာဒေသ ပုဂ္ဂိုလ်ရေးမညှာဘဲ
      ရုပ်သံတွေနဲ့တွေနဲ့တောင်တင်ပြသင့်ပါတယ်
      နှုတ်တစ်ရာ စာတစ်လုံးပါ
      စာတစ်ရာ ပုံတစ်ပုံ ပါ
      ရုပ်သံလေးပါ ပါရင်ပိုကောင်းပါတယ်
      ဒါနဲ့ဦးလေးဖက် ခင်ဗျ
      သူရထွန်းဆိုတဲ့ဆရာကြီးကို ဆက်သွယ်လို့ရသလားခင်ဗျ အလုပ်သဘောပါ

      Reply

  • pan pan

    July 4, 2011 at 4:53 am

    လေယာဉ်လက်မှတ်က စတားက အဲဒီအတွက် ပိုကုန်မယ်ဆိုတဲ့ အမှတ်အားနေမှာပေ့ါ

    Reply

  • fatty

    July 4, 2011 at 7:51 am

    thuyatun@gmail.com နဲ့ ဆက်ဗျာ မြန်မြန်ဆက်ပေါ့ ကိစ္စရှိရင် သူက အလုပ်ထွက်တော့မယ်
    သူနဲ့မရရင် နောက်တယောက်ထပ်ပြောမယ် ဆက်သွယ်ကြည့်ပါအုံး။

    Reply

  • Yan Shin

    July 4, 2011 at 10:39 am

    ဦးဖက် ကကော ကြားကဆိုတော့ ပွဲစားလားဗျ။
    စတာနှော် စိတ်တိုနေနဲ့အုန်း…..
    မှားလိုက်တာကလဲလွန်ပါရော

    စိတ်တိုရင် မှန်ရတယ်ဗျ………

    Reply

  • ရွှေဘိုသား

    July 4, 2011 at 11:19 am

    အင်း တနပ်စား မကြံကြနဲ.နော်
    တစ်နပ်စားကြံလို. တကယ်ထမင်း နပ်မှန်အောင်မစားရပဲ
    တစ်နပ်ပဲစားရလိမ်.မယ်

    Reply

  • manawphyulay

    July 5, 2011 at 4:21 am

    တော်သေးတယ်။ အဲလောက် ပညာလည်းမတတ်တာနဲ့ နောက်ငွေကြေးလည်း မတတ်နိုင်တော့ ဒီလိုအပူတွေသိပ်မရှိဘူး။

    Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.