ဘဝအမော-ပြဿနာများ ဖြေရှင်းနည်းအစစ်ကို သင်ကြားပေးရာ

True AnswerJuly 3, 20111min06

ဆင်းရဲ ချမ်းသာမရွေး၊ အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် လူမျိုး၊ ဘာသာ၊ လူတန်းစားမရွေး၊ အချိန်-ရက်မရွေး၊ ဘဝပြဿနာများအတွက် ဖြေရှင်းနည်းအစစ်ကို သင်ကြားပေးရာ တရားသန်လျင်သဘာဝရိပ်သာ နှင့်
ရောက်လာသူမှန်သမျှကို ဘဝအမော-ပြဿနာအခက်အခဲများကို မှန်ကန်သော သဘောထား right understanding ကို ထားတတ်စေအောင် သင်ပေးခြင်းဖြင့် (ဓမ္မနုပဿနာတရားနည်းလမ်းဖြင့်) ကူညီလက်ခံဖြေရှင်း ဟောပြောလမ်းညွှန်ပေးနေသော သဘာဝရိပ်သာဆရာတော်ဦးဥတ္တမသာရ နှင့် ပတ်သက်ပြီး ယောဂီတချို့၏ ပေးစာများ စုစည်းမှု ဒုတိယပိုင်း ebook (သစ္စာတရားကုထုံး (သို့) အနတ္တဆောင်းပါးများ-၂) စာအုပ်လေးကို ဓမ္မဒါနမျှဝေအပ်ပါသည်.။

မှတ်ချက်စကားအချို့
လောကဓံနဲ့ တွေ့ကြုံတဲ့အခါမှာ ငါကတရားတွေ အားထုတ်ထားတယ်၊ တရားစခန်းတွေ (၁)နှစ် (၂)ကြိမ်၊ (၃)ကြိမ် ဝင်နေတာ၊ သူများထက်စာရင် ဒေါသလျော့ရမယ်၊ စိတ်ကောင်းထား ရမယ်၊
သူများ အပေါ်မှာ မကျေနပ်တဲ့စိတ်တွေကို လျှော့ပစ်ရမယ် ဆိုပြီး ကိုယ့်စိတ်ကိုကိုယ် အတင်းဒေါသလျှော့၊ အတင်း စိတ်ကောင်းထားရတာ၊ တမင်လုပ်ယူရတာ၊ အရမ်းပင်ပန်း လာတယ်။
ဒါနဲ့ တစ်နေ့ သူငယ်ချင်း ညီမ မလဲ့အားထုတ်တဲ့ သဘာဝတရားရိပ်သာက ဆရာတော်ဦးဥတ္တမသာရရဲ့ တရားခွေတွေကို နားထောင် ကြည့်မိတယ်။ …အဲဒီမှာ…..
ဒေါ်သန်းသန်းအေး(ကျောက်မြောင်း)

အမှန်တကယ်တော့ စစ်ဘက် နယ်ဘက် အုပ်ချုပ်ရေး တာဝန်တွေကို အနှစ်၃ဝကျော် တာဝန် ထမ်းဆောင်ခဲ့တဲ့ တပ်မတော်သားဖခင်ကြီးရဲ့ တင်းကျပ်တဲ့ စည်းကမ်း အောက်မှာ ကြီးပြင်းခဲ့ရတဲ့ ဆရာလေးအနေနဲ့ ကိုယ်တိုင်လည်း ဝန်ထမ်းလုပ်ခဲ့တဲ့ အပြင် စည်းကမ်းကြီး လှတဲ့ ဆရာကြီးဂိုအင်ကာရဲ့ ဓမ္မ ဇောတိ(ရန်ကုန်)ရိပ်သာမှာလက်ထောက် မန်နေဂျာ အလုပ်ကို (၁နှစ်ခွဲခန့်) လုပ်ခဲ့ဖူးတာကြောင့် မိမိရဲ့ ရှုထောင့်ကနေပြီး ဆရာတော်ကို ဘယ်လို နည်းနဲ့မှ နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ သဘာဝတရား ရိပ်သာမှာ ကြုံတွေ့ရတဲ့ စိတ်မကျေ နပ်မှု၊ စိတ်ကုန်မှု၊ စိတ်ပျက်မှုတွေကြားမှာပဲ တရားကို နားလည်အောင် ကြိုးစားရာက အမှန်တရားကို လက်ခံလာနိုင်တာနဲ့ အမျှ ဆရာတော်ရဲ့လုပ်ရပ်ကိုလည်း ပိုပြီးနားလည် လာခဲ့ပါတယ်။
မည်သည့်ဘဝအခြေအနေမျိုးကိုမဆို တရား အား ထုတ်ခွင့် ရအောင် စောင့်ရှောက်စီစဉ်ပေးတဲ့ အတွက် အကြောင်းအမျိုးမျိုးကြောင့် လမ်းဘေး ရောက်နေသော အဘိုးအို၊ အဘွားအိုများပါ တရားအားကိုးခွင့်ရကြပါတယ်။
ဒေါ်ဓမ္မဒိန္နာ (B.Agr.Sc)
(ဒေါ်နှင်းမေသိန်းစော)၊နောင်ချိုမြို့။

တရားအလုပ်ကို ဘာနည်းညာနည်း ဘယ်လိုမှ ညာလိုမှဆိုပြီး နည်းမျိုးစုံနဲ့ တရားထိုင်ခဲ့သည်မှာ အချိန်အားဖြင့် (၁၀)နှစ်ကျော်ခဲ့ပါပြီ။
တရားထိုင်တော့ ဘာကို အတည်ယူရမည်ကို မသိဖြစ်နေချိန်မှာ ဆရာတော့်အလုပ်ပေးတရားက – ……..
ကိုမောင်မောင်ဝင်း (ဆန်းသစ်ရတနာရွှေဆိုင်)

စိတ်ရှင်း-ဘဝရှင်း ၊
စိတ်ရှုပ်-ဘဝရှုပ်
စိတ်ကြမ်း-ဘဝကြမ်း၊
စိတ်ပျက်-ဘဝပျက်
စိတ်ပြောင်း-ဘဝပြောင်း။
(ဆရာတော်ဦးဥတ္တမသာရ-သဘာဝရိပ်သာ)

-ကုသိုလ်အကြောင်းတရားကြောင့်
ရောဂါကင်း၊ ပြဿနာကင်း၊ စားဝတ်နေရေးအဆင်ပြေမှု၊ စိတ်ချမ်းသာမှုစတဲ့
ကောင်းတဲ့ အကျိုးတရားတွေဖြစ်တာ။
-အကုသိုလ်အကြောင်းတရားကြောင့်
ရောဂါများ၊ ပြဿနာများ၊ စားဝတ်နေရေးအဆင်မပြေမှု စတဲ့
မကောင်းတဲ့ အကျိုးတရားတွေဖြစ်တာ။
(ဆရာတော်ဦးဥတ္တမသာရ-သဘာဝရိပ်သာ)

တရားပဲ မှန်တယ် ဆိုတာ လက်ခံနိုင်ရင် ဘာပြဿနာမှ ဘာစိတ်ညစ်စရာမှ ဖြစ်စရာ မရှိတော့ပါဘူး။
(တရား= ဖောက်ပြန်ပျက်စီးမှု သက်သက်ပဲ တကယ်ဖြစ်နေခြင်း အမှန်တရား)
(ဆရာမလေးချစ်မြတ်နိုး-သဘာဝရိပ်သာ)

အောက်တွင် ဖတ်ရှုနိုင်ပါသည်။

6 comments

  • weiwei

    July 3, 2011 at 12:43 pm

    မနေ့ကပဲ သဘာဝတရားရိပ်သာကို ရောက်ခဲ့သေးတယ် …
    ပို့စ်တစ်ခု ရေးတင်ပါအုန်းမယ် …
    ကိုကြောင်ကြီးက စိတ်ဝင်စားတယ်ဆိုလို့ ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပါတယ် …

    Reply

    • bigcat

      July 4, 2011 at 2:13 am

      မြန်မြန်နဲ့ ပြည့်ပြည့်စုံစုံ တင်ပါဗျို့။ စာရေးသူ အမြင်ကိုပါ အပိုဒ်ခွဲရေးပေးနိုင်ရင် ပိုကောင်းမယ်။ ကျနော်လည်း အဲဒီကို လှူဖို့အစီအစဉ်ရှိပါကြောင်း….သာဓု သာဓု သာဓု (အန်တီဝေတို့ လုပ်ခဲ့တဲအလှူအတွက် ခေါ်တာပါ။ သဂျီးအတွက်ကတော့ အမျှ အမျှ အမျှ…..) 😛

      Reply

  • pooch

    July 3, 2011 at 1:32 pm

    လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးပါ…

    Reply

  • True Answer

    July 3, 2011 at 2:01 pm

    ဟုတ်ကဲ့ပါ မဝေ ကျေးဇူးပါ

    Reply

  • ဆူး

    July 3, 2011 at 2:48 pm

    ဟိုနေ့ကတော့ သဘာဝ ရိပ်သာကို ရောက်ခဲ့သေးတယ်။
    တော်တော် ဆင်းရဲတယ်။
    မိုးတွေကလည်း ကောင်းလွန်းလို့ နေရာ အနှံ လိုက်မကြည့်ခဲ့ရဘူး။
    ရည်ရွယ်ချက် တကယ်ကောင်းပါတယ်။

    Reply

  • True Answer

    July 4, 2011 at 2:34 am

    ဟုတ်ကဲ့ပါ ကိုကြောင်ကြီး ။ ကိုကြောင်ကြီးပဲ အရမ်းရှည်ရင် မဖတ်ကြဘူးဆိုလို့ အောက်က ebook မှာ ဆက်ဖတ်ပါစေ ဆိုပြီး quaotation သဘောရေးတာပါ ။ း) ကိုကြောင်ကြီးအလှူအတွက် မလှူခင်ကတည်းကသာဓုခေါ်ပါတယ်ဗျာ။ သဂျီးကိုတော့ ဘာလို့ အမျှပေးတာလဲဗျ။ း)

    Reply

Leave a Reply

Your email address will not be published.