နိုင်ငံခြားသားသခင်ခေါ် တိုင်းသူပြည်သား သေကြသေကြ Justice

foreign threat
မျိုးချစ်ဂေါင်းစောင်ဂျီး တရုတ်ပြည်အသွား

ဒီနေ့မနက် အိပ်ယာထပြီး အင်တာနက်တက် သတင်းဖတ်တော့ မြန်မာတိုမ်းစ်အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို ထောင်ဒဏ်တလ (သို့) ဒဏ်ငွေတသိန်းနဲ့ အမှုဖြတ်ပေးလိုက်ကြောင်းတွေ့ရပါတယ်။ သူ့ကို ၄၄ရက်ချုပ်ထားပြီးလို့ ထောင်ဒဏ်ကျခံရန် မလိုတော့ေြ့ကာင်းမါ ဆက်လက်ဖတ်ရှုရပါတယ်။ အကျဉ်းထောင်တွင်း လူမဆန်မှုများကို ဘယ်သူမှ မခံစားစေလိုတဲ့အတွက် ကာယကံရှင်ကိုယ်စား ဝမ်းသာပါတယ်။ တနေ့ကလည်း တရုတ်ပြည်သားကျောက်ကုန်သည်၆ယောက်က မြန်မာကျောက်သမားတဦးကို ဝိုင်းရိုက်လို့  တရုတ်ကောင်စစ်ဝန်အကူအညီနဲ့ တရုတ်ပြည်ကို ပြန်ပို့လိုက်ကြောင်း သိရပါတယ်။ အာဏာပိုင်များရဲ့ တင်းကျပ်တဲ့ ချုပ်ကိုင်မှုအောက်မှာရှိတဲ့ မြန်မာပြည်မှာ အခုလို ဥပဒေအတိအလင်း ချိုးဖောက်မှုများကို အနိမ့်ဆုံးပြစ်ဒဏ်များနဲ့ အရေးယူမှုများဟာ ကိုယ့်နိုင်ငံသားများကိုရော သက်ရောက်မှုရှိမလား သိချင်ပါတယ်။ အရင်က အခြေခံဥပဒေမရှိလို့ဆိုသူ သောက်ရှက်နဲတဲ့ ကြားချောင်သတ်ပါတီများ၊ စားဖားသာကူး စာနယ်ဇင်းသမားများ၊ ဒေါင်းယောင်ဆောင်ကျီး ဒလျှိုဒလံများ ပိုသိကြမယ်ထင်ပါတယ်။ အတိုက်အခံတဦး သာမန်လူတိုင်းကျူးလွန်နိုင်တဲ့ အမှားအယွင်းတခုလုပ်မိပြီဆိုရင်တော့ အမြင့်ဆုံးပြစ်ဒဏ် အပေးခံရတယ်။ နိုင်ငံခြားသားကြတော့ ဖင်လျှာနဲ့လျက်တာ ချိုတယ်ထင်ကြလို့များလား။ ဒါကြောင့် မိတ်ဆွေတို့မှာ နိုင်ငံခြားသား သခင်ကြီးများ၊ ပေါက်ဖေါ်ကြီးများ ရှိရှင် ကျွန်သဘောက် မြန်မာပြည်နိုင်ငံမှာ စီးပွားရေးလုပ်ဖို့ တိုက်တွန်းပေးကြပါ။ တလလောက်ချုပ်ရက်နဲ့ ငွေတသိန်းပေးနိုင်ရင် မြန်မာပြည်ကကောင်မလေးတွေကို ကားတင်အိမ်ခေါ်ပြီး ကြိုက်သလို လုပ်လို့ရတယ်။ ဧည့်သည်ဖြစ်ပေမဲ့ အိမ်ရှင်တွေကို ပါးရိုက်နားရိုက်လုပ်လို့ရတယ်။ အလွန်ဆုံး အစောင့်အရှောက်နဲ့ အိမ်ပြန်ပို့ခံရယုံပဲလို့။

ပြည်ပအားကို ပုဆိန်ရိုး အဆိုမြင်ဝါဒီများအား ဆန့်ကျင်ကြ။

ပြည်ပစွက်ဖက်မှုအကြံ တို့လက်မခံ။

တပ်မတော်သာငပိ တပ်မတော်သာငပွ။

 

ရော့စ် ဒန်ကလေအမှု ပြတ်ပြီ

ဧရာဝတီ Thursday, 30 June 2011 16:23 သတင်းတိုများ

မြန်မာတိုင်းမ် ဂျာနယ် CEO မစ္စတာ ရော့စ် ဒန်ကလေအား မခိုင်ဇာလင်းကို သာမန်နာကျင်စေမှုအတွက် ထောင်ဒဏ် ၁ လ၊ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဥပဒေ အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ (၁၃/ ၁) အရ ထောင်ဒဏ် ၆ လ (သို့မဟုတ်) ဒဏ်ငွေ ကျပ် ၁ သိန်း ပေးဆောင်ရန် ကမာရွတ်တရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။ မစ္စတာ ရော့စ် ဒန်ကလေသည် ချုပ်ရက် ၄၄ ရက် ကျခံထားပြီးဖြစ်သောကြောင့် မခိုင်ဇာလင်းကို နာကျင်စေမှုဖြင့် ထောက်ဒဏ် ကျခံစရာ မလိုတော့ဘဲ လဝက အမှုအတွက် ကျပ် ၁ သိန်း ဒဏ်ငွေပေးဆောင်လိုက်ခြင်းဖြင့် အမှုပြီးပြတ်သွားပြီဖြစ်ကြောင်း သိရသည်။

http://www.irrawaddy.org/bur/index.php/news/2010-11-12-10-25-42/6733-2011-06-30-09-24-18

4 comments

  • captainamerica

    June 30, 2011 at 12:23 pm

    ကျွန်တော်တို.နိုင်ငံမှာလည်း အဖြစ်ဆိုးတွေကတော့အများကြီးပါပဲ ဘာမှကိုမပြောချင်တော့လောက်အောင်
    စိတ်ပျက်မိကြောင်းပါ…………………..

    Reply

  • Thanlwinoo

    June 30, 2011 at 1:44 pm

    ဒီအမှုဟာ ပုံမှန်မဟုတ်ဘူးလို့ထင်ပါတယ်။ မြန်မာတိုင်းမ်ကို ချုပ်ကိုင်ဖို့ အကွက်ဆင်တဲ့ ထောင်ချောက်တစ်ခုမို့ အမှုဟာလည်း မခိုင်မာဘူး။ နောက်ဆုံးတော့ ဝေ့လယ်ကြောင်ပတ်နဲ့ ပြီးဆုံးသွားပါတယ်။ ဥပဒေကို လိုအပ်သလိုအသုံးချမှုတစ်ခုလို့ဘဲ ထင်ပါတယ်။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2011 at 2:41 pm

    ဪ…………………..
    ကိုကြောင်ဂျီး
    သိပ်ခံဇားနေရဘာလားနော်……

    Reply

  • pan pan

    July 1, 2011 at 2:29 am

    ကိစ္စအကြီးကြီးတွေမကြည့်ဘဲ နိုင်ငံခြားသားဖွင့်တဲ့ကုမ္ပဏီကိုပဲကြည့်ဦး
    ဝန်ထမ်းချင်း(မြန်မာချင်း) ရိုင်းပင်းချင်စိတ်မရှိဘဲ
    နိုင်ငံခြားသား အထက်လူကြီးဘက်ကပါပြီး၊ အချင်းချင်း မကူညီတဲ့ပြင် သူတို့ကပါ ဝင်ဖိနေကြတယ်

    Reply

Leave a Reply to captainamerica Cancel Reply

Your email address will not be published.