သက်ဆိုင်သူတွေလွမ်းကြပါ … နောင် ၅ နှစ်နေမှတခါထပ်ပြီးတင်တော့မယ် …..

fattyJune 26, 20111min018

ပုံတွေဒီလောက်ဘဲတင်လို့ရပါတော့တယ် ….
နောင် .. ငါးနှစ်လောက်ဆိုရင်တော့ရန်ကုန်တက္ကသိုလ်နယ်မြေကြီး ပြန်လည်သက်ဝင်လာပါစေလို့
ဆုတောင်းလိုက်ပါရဲ့ …….

ဖက်တီး ( ၁၉၇၉ )

18 comments

  • fatty

    June 26, 2011 at 4:54 am

    ပုံဆိုဒ်တွေ ပြင်ပြီးတင်လို့မရလို့ အက်မင် ကူညီပါခင်ဗျာ …။

    Reply

  • PaukPhaw

    June 26, 2011 at 5:49 am

    အပြင်မှာ ဆိုဒ်ချုံ ့ပြီးမှ တင်ရမှာ ဟုတ်ဘူးလား

    Reply

  • char too lan

    June 26, 2011 at 9:18 am

    လွမ်းအောင်ရယ်တတ်သူ……………….. 🙁

    Reply

  • hmee

    June 26, 2011 at 9:35 am

    ကျောင်းတက်တုန်းက အတန်းအားချိန်ဆို ကန်ဘောင်မှာ မုန့်သွားစားနေကြ။ ကျောင်းရှေ့မှတ်တိုင်ကနေ (၅၁)ကားကို ၂ကျပ်ပေးစီးရင် ရောက်ပြီ။

    Reply

  • kai

    June 26, 2011 at 9:54 am

    အင်းလျားဆောင်တဲ့..
    ဆိုတော့.. ကိုပေါက်မှန်တာပေါ့..။ 🙂
    အခုတင်..၈၂အင်းလျားသီချင်း..စိုးသူဆိုတာ နားထာင်ပြီးပြန်လာတာလေ..။
    ပြောရရင်.. စိုးသူရော..အေးချမ်းမေရော… နကိုရုပ်ကနေ..သိပ်မပြောင်းကြသလိုပဲ..။

    Reply

  • nature

    June 26, 2011 at 11:00 am

    ်fatty ရဲ့နောက် post ကိုဖတ်ဘို့ ဗေဒင်ဆရာဆီ သွားလိုက်ဦးမယ်။ နောက် ၅နှစ်အထိ ကျန်းမာရေး ကောင်းမကောင်း အာယုလမ်းကြောင်း စစ်ကြည့်ရမယ်။ 🙂

    Reply

  • captainamerica

    June 26, 2011 at 11:16 am

    ဦးဖတ်ပြောသလိုတကယ်ကြီးဖြစ်ပါစေဗျာ…………….

    Reply

  • အစက မန်းမလို့ ဒါပေမယ့် ကိုကိုဖက်ရဲ့ ပုံတွေကြည့်ပြီး ကဗျာတပုဒ်ရသွားပါတယ်။
    တက္ကသိုလ်အလွမ်းလေးပေါ့.။
    ခံစားရပါတယ် ဖက်ဖက်ရေ။

    Reply

  • fatty

    June 27, 2011 at 2:22 am

    နောင် ၅ နှစ် နေမှတင်တော့မယ်ဆိုတာ ဒီအင်းယားနဲ့ တက္ကသိုလ် ပုံတွေကိုပြောတာဗျ။
    အင်းယားရယ် ရန်ကုန်တက္ကသိုလ်ရယ် ကမာရွတ်လှည်းတန်းရယ် … အပြင်ဆောင်တွေရယ်
    ဦးချစ်ဆိုင်ရယ် …. ပြန်ပြန် ပါတ်သက်လာရင် ရင်ခုန်သံတွေမြန်မြန်လာလို့ပါ။
    လွမ်းလဲလွမ်းတယ်လေ …။

    Reply

  • etone

    June 27, 2011 at 2:39 am

    အဲ့ဒါတွေနဲ့ ပတ်သတ်ပြီး အတိတ်ဆိုတာ မရှိခဲ့ဖူးလို့လားမသိဘူး ၊ ဘာမှကို မလွမ်းဘူး ။
    etone တို့ တက္ကသိုလ်တတ်တဲ့ နှစ်က ဖုန်ထူထူ ၊ နေပူပူမှာ … ခရီးဝေးကို တမေ့တမော ဖယ်ရီကြပ်ကြပ်စီးခဲ့ရတဲ့ နေတွေချည်းမို့…. လုံးဝကို မလွမ်းချင်ဘူး ။ 🙁

    Reply

    • နွယ်ပင်

      June 27, 2011 at 5:39 am

      etone ရောလာတူနေပါရောလား နွယ်ပင်လဲ ဖယ်ရီကြပ်ကြပ်စီးခဲ့ရတဲ့ နေတွေနဲ့ နေပူပူကို မလွမ်းဖြစ်ခဲ့ဘူး …
      ဒါပေမဲ့ အခုလိုမနက်ခင်း ကန်ဘောင်ပုံရိပ်လေးကတော့ လွမ်းချင်စရာလေးပဲ …

      Reply

  • usnczn

    June 27, 2011 at 4:41 am

    အတိတ်မရှိဘူး… မလွမ်းဘူးဆိုတဲ့သူတွေက
    ပညာရေး စနစ်သစ်ရဲ့ သားကောင်တွေများလား?….း(
    ဟိုဆောင်ပုဒ်လေး လေ…
    ပညာရေး ဝေးသည် မရှိ။
    ခရီးဝေးပြီး တန်ဘိုး မရှိတာ များလား။
    ဒဂုံတို့ တာဝတို့ မှာတက်ကြသူတွေလေ…..
    အင်းယား ကို မခံစားနိုင်ဘူးပေါ့……. ကျွတ်ကျွတ်..ကျွတ်။

    Reply

    • king

      June 27, 2011 at 6:53 am

      ဟုတ်တယ် ….
      လွမ်းဘူးးးးးးး … ဘွဲ့ယူလို့ ရောက်တာပဲ ရှိတယ် … 😀
      တက္ကသီလာ မြကျွန်းသာမှာ …
      ရွာအပြန်မောင်လေးအတွေး …
      မောင်လေး … မမ …………………………………….. 😛 😀 🙂

      Reply

  • akswe

    June 27, 2011 at 6:03 am

    ကြယ်ရောင် ပျိုးပြက် မလင်းလက် ညများ……… ကြင်နာခြင်းအကြောင်းသီချင်းများဖွဲ့ဆို….
    ကိုယ်လေ အင်းလျား လမ်းမပေါ်မှာ…..ဒီတစ်ညတော.မင်းအတွက်ကြွေမယ်…..
    နွေဦးရဲ့ ဖူးခက်လေးလို….မင်းအခန်းထဲထိပျံ့လွင့်တေးသံချို….
    အင်းလျားအဆောင်သူလေးရေ ……အင်းလျားအဆောင်သူလေးရေ……..

    ကြွေတယ် ကိုဖက်ရယ် အဟောင်းတွေ အသစ်ဖြစ်အောင် လုပ်ရက်တယ်….

    Reply

  • Snowy

    June 27, 2011 at 8:32 am

    တို့တွေတက်ခဲ့ ရတဲ့ တက္ကသိုလ်ဆိုတာကတော့ ပျော်ရွှင်စရာ လွမ်းစရာတစ်စက်ကလေးမှ မရှိခဲ့ပါ
    နေပူပူ ဖုန်ထူထူမှာ စိတ်ပျက်စရာ တက္ကသိုလ် ကိုအထက်တန်းကျောင်းလိုကျင့်သုံးလို့ တူညီဝတ်စုံလေးများနဲ့ အတန်းချိန်ဆို အပြင်မှာ တွေ့ရင် လက်မှတ်ထိုးရသတဲ့ တောင်ကုန်းပြောင်ပြောင်မှာ သစ်ပင်ရယ် လို့လုံးဝမရှိ အမေကပြောတယ် သမီးတို့ရဲ့ တက္ကသိုလ်ဆိုတဲ့ ဘဝ ကိုသနားလိုက်တာတဲ့ …. ခုတော့လဲ ဒါတွေကရုပ်ရှင်တွေ ထဲမှာပဲ ကြည့်ခွင့်ရတော့မယ် ….

    Reply

  • weRone

    June 27, 2011 at 8:45 am

    ကျွန်မ တို့ က တော့ ဒဂုံမှာ တက်ခဲ့ ရတယ် ဆိုပေမဲ့ … ဒီပုံတွေ ကိုမြင်တိုင်း ရင်ထဲမှာ တစ်မျိုးပဲ. . တစ်ခုခု ကိုလွမ်းသလိုကြီး.. ဘာကို လွမ်းလို့ လွမ်းမှန်းလည်းမသိဘူး.. 😀

    Reply

  • MaMa

    June 27, 2011 at 9:05 am

    တက္ကသိုလ်အလွမ်းကို ကြည့်ပြီး ရွာသူရွာသားတွေရဲ့ အသက်ကို မှန်းလို့ရတယ်နော် ပြောင်းလဲသွားတာတွေ များလို့။ 🙁

    Reply

  • padonmar

    June 27, 2011 at 2:25 pm

    အဲဒီကျောင်းကြီး မတက်ဖူးလို့ မလွမ်းတော့ပါ။ဒါပေမယ့် ကျောင်းကြီးတော့ပြန်လည်စည်ကားစေချင်ပါတယ်၊

    Reply

Leave a Reply to MaMa Cancel Reply

Your email address will not be published.