ဘ/ကဆိုင်ရာ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ အုန်းဇုန်းအုပ်စု၊ ဖက်ရှည်ကျေးရွာ၌ ၂၀၁၁ ခုနှစ်၊ ဇွန်လ၊ ၂၃ ရက်၊ ကြာသပတေးနေ့၊ နေ့လည် (၁းဝ၀) နာရီတွင် ကျောင်းထိုင်ဘုန်းကြီးကြီးကြပ်ရေးမှူးအဖွဲ့မှ ၂၀၁၁/၂၀၁၂ ပညာသင်နှစ်အတွက် ကျောင်းထိုင်ဘုန်းတော်ကြီးသင် ပညာရေးစနစ်များနှင့် ပတ်သက်၍ အစည်းအဝေးတစ်ခု ကျင်းပခဲ့သည်။ တက်ရောက်ခဲ့သူများမှာ ၎င်းနယ်တွင်ရှိသော ကျောင်းထိုင် ၁၅ ကျောင်း၏ ဥက္ကဋ္ဌဆရာတော် ဖြစ်သော ဖက်ရှည်ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တဣန္ဒက၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအုပ်ဆရာတော် (၁၄) ပါး၊ သပိတ်ကျင်းမြို့နယ် သာသနာရေးမှူး ဦးထွန်းထွန်း၊ ပညာရေးမှူ ဦးစန်းမြင့်နှင့် လက်ထောက်ပညာရေးမှူ ဦးမောင်မြင့်တို့ အပြင် ကျောင်းကော်မတီများ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပြဋ္ဌာန်းတော့မည် ဖြစ်သည့် CCA ပညာသင်ကြားရေးစနစ်ဖြင့် သင်ကြားပေးရန်၊ ဘုန်းတော်ကြီးသင် ပညာရေးစနစ် ဖြစ်သည်နှင့်အညီ ဘာသာရေးစာပေများကို ထည့်သွင်းသင်ကြားရန်၊ ကျောင်းသား/ကျောင်းသူတို့၏ (က)စာရင်း (ခ) စာရင်းကို သေချာပြုစုကြရန်၊ အထက်က ညွန်ကြားလာသည့် ညွှန်ကြားချက်များကို မဖြစ်မနေလိုက်နာရန်၊ အထက်က သင်ကြားပေးသော သင်တန်းများကို မပျက်မကွက် တက်ရောက်ကြရန် အကြောင်းများကို ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် မြို့နယ်သာသနာရေးမှူးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်လက်ထောက် ပညာရေးမှူးတို့မှ ပညာရေးဆိုင်ရာ၌ လိုအပ်သည်များကို မိန့်ကြားပေးရန်လျှောက်ထားခဲ့သည်။
ဘက
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းအုပ်အသီးသီးတို့ကလည်း မိမိတို့ ပညာသင်ခဲ့ရသော အတွေ့အကြုံအရ လိုအပ်နေသည်များ ဖြစ်သင့်သည်များကို လျှောက်ထားခဲ့ပြီး CCA ပညာသင်စနစ်ကို ထောက်ခံအားပေးခဲ့ကြသည်။ ထို့နောက် ၂၀၀၇/၀၈ ခုနှစ်မှ စတင်ခဲ့သော Unicef ၏ ထောက်ပံ့မှုသည် ယခု ၂၀၁၁/၂၀၁၂ ပညာသင်နှစ်တွင် (၅) နှစ်ပြည့်ပြီ ဖြစ်သဖြင့် ရပ်ဆိုင်းသွားတော့မည် ဖြစ်ရာ ၎င်း Unicef သို့ ထောက်ပံ့မှုများ ဆက်လက်ပေးရန် မေတ္တာရပ်ခံလွှာနှင့် နိုင်ငံအဝန်းရှိ ဘ/ကကျောင်းများသို့ ကျောင်းဆရာ/ဆရာမများ၏ လစာများကို ထောက်ပံ့လေ့ရှိသော ရှိန်းဟုတ်ကုမ္ပဏီသို့ မေတ္တာရပ်ခံလွှာတင်ရာတွင် ဝိုင်းဝန်းလက်မှတ်ထိုးခဲ့ကြသည်။ အစည်းအဝေးကို သုံးနာရီကြာ စည်းဝေးပြီးနောက် လေးနာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းနိုင်ခဲ့သည်။

One comment

  • monmon

    June 26, 2011 at 7:02 am

    ဘ/က ပညာရေးက အထူးသဖြင့် ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် လမ်းတစ်ခုပါပဲ… ဦးစီးဦးဆောင် ဆရာတော်တွေကိုလည်း တကယ် ကြည်ညိုမိပါတယ်.။။

    Reply

Leave a Reply to monmon Cancel Reply

Your email address will not be published.