သဘာဝအင်စတော်လေးရှင်း

အခုတလောမြန်မာပြည်မှာ အင်စတော်လေးရှင်းလို့ ဘိုလိုခေါ်တဲ့ထူးထူးဆန်းဆန်းပြကွက်လေးတွေကို
အနုပညာမြောက်စွာတွေ့ရပါတယ်။
စစ်ကိုင်းတောင်ရောက်တော့ တကယ့်သဘာဝ အင်စတော်လေးရှင်းတွေကိုတွေ့လိုက်ရပါတယ်။
ရူ့စားတော်မူကြပါ.
ဒါကတော့ ဆွမ်းဦးပုညရှင်(စစ်ကိုင်းတောင်ပေါ်)ကဘုရားရဲ့အရှေ့ဘက်မှာရှိတဲ့ တရုပ်စံကားပင်ရဲ့ သဘာဝ အင်စတော်လေးရှင်းအမှတ်တစ်ပါ။
ဒါကတော့ ဒုတိယမြောက်အင်စတော်လေးရှင်း။
ဒါကတော့ စစ်ကိုင်းတောင်အဆင်းလမ်း မှာတွေ့ရတဲ့ ဘုရားပုရဝုဏ်ထဲက တရုပ်စကားပင်တွေရဲ့သဘာဝအင်စတော်လေးရှင်းပါ။
ဒါလေးကတော့ နှစ်ပင်တွဲပေါ့။
ဒါကတော့သုံးယောက်ပေါင်းပြီးပြတာလေ။
ကဲသဘာဝ အင်စတော်လေးရှင်းလေးက မလှလားဗျာ.

9 comments

  • PinkCandy

    June 24, 2011 at 5:10 pm

    တရုပ်စံကားပင်ရဲ့ သဘာဝ အင်စတော်လေးရှင်းအမှတ်တစ်က တော်တော်လှတယ်နော် 🙂

    Reply

  • moethidasoe

    June 25, 2011 at 2:16 am

    ကိုပေါက် ကိုယ်တိုင်ရိုက်တာလား .. မြင်တတ်လို့ ချီးကျူးတာပါ

    Reply

  • Endless

    June 25, 2011 at 6:09 am

    ဟို တစ်ရက်က … ရုံးက အပြန် မိန်းနားမှာ.. လူတစ်ယောက် ကင်မရာ အကြီးကြီး လွယ်ပြီး… အပင်ပေါ်က ငှက်တစ်ကောင်ကို သည်းသည်းမဲမဲ ရိုက်နေတာ တွေ့ တော့ ကိုပေါက်လားလို့ စိတ်ထဲမှာ ထင်လိုက်သေးတယ်…. 🙂

    Reply

  • Endless
    ဒါကတော့ ညီလေးမှားသွားပြီကွယ်.။
    ကင်မရာသေးသေး လူက ဖက်တီးကြိးဆိုရင် တော့ ကိုပေါက်ဖြစ်ဘို့ရာနုန်းများပါတယ်။
    moethidasoe ရေ
    ကျနော်တင်တဲ့ဓါတ်ပုံတွေကတော့ ကိုယ်တိုင်လက်ဆော့ထားတာတွေပါခင်ဗျာ။

    စစ်ကိုင်းတောင်ပေါ်က ဒီတရုပ်စကားပင်တွေကို အရင်ကထဲက စိတ်ဝင်စားပါတယ်။
    သူတို့ဖွဲ့တည်ပုံက လှလို့ပါ။
    အခုတော့ ကင်မရာနဲ့ မှတ်တမ်းတင်နိုင်ပါပြီ။
    အရင်က ကင်မရာမရှိတော့ ကိုယ်တစ်ယောက်ထဲ စိတ်နဲ့ရိုက် ကိုယ်တစ်ယောက်ထဲခံစားပေါ့။
    အခုတော့ အားလုံးကို မျှဝေပေးရလို့ ကျေနပ်ပါတယ်။
    တင်စရာပုံတွေအများကြီးရှိပါသေးတယ်နော်။

    Reply

  • ဆူး

    June 25, 2011 at 1:36 pm

    ရာသီ ဥတု ဒဏ်တွေ ကြောင့် အဲလို ဖြစ်သွားတယ် ထင်တယ်။

    Reply

  • weiwei

    June 25, 2011 at 3:48 pm

    ကိုပေါက်က တရုတ်စကားပင် တော်တော်ကြိုက်တယ်နော် ….

    Reply

  • ဟုတ်တယ် မဝေရ
    ကျနော်ငယ်ငယ်လေးကတဲက စစ်ကိုင်းတောင်ကို လူကြီးတွေနဲ့သွားရင် လမ်းမှာတွေ့သမျှတရုတ်စကားပွင့်တွေကို ကောက်သွားတာဘဲ။
    မန်းလေးတောင်တက်လမ်းမှာလည်း အများကြီးဘဲ။
    သူ့အနံ့သင်းသင်းလေးကို သဘောကျတယ်။
    ဖြူလွလွ ပွင့်ဖတ်ထဲမှာ အဝါရောင်လေး မဆိုစလောက်သန်းနေတာလေးက ပိုချစ်စရာကောင်းတယ်ထင်ပါတယ်။
    ငယ်ငယ်ကတော့ ဒီပန်းပွင့်လေးကိုတောင်ကဗျာစပ်ခဲ့ဘူးပါသေးတယ်။

    စကားပွင့်လေး တပွင့်နှစ်ပွင့် ၊
    အိ်ပ်နေအချစ်လေး မျက်လုံးဖွင့်၊
    မျက်နက်ဝန်းလေးတစ်စုံနှစ်စုံ ၊
    တိတ်တိတ်ကလေးရင်တွေခုန် ဆိုပြီးတော့ပေါ့နော်။

    Reply

  • pooch

    June 26, 2011 at 1:49 am

    လေးပေါက်ရေ ဒီပုံတွေတော့ eBay မှာရောင်းထွက်လောက်တယ် 🙂

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.