ပရီးမီးယားလိဂ် စတားများအား ခေါ်ယူ တော့မည့် အာစင်ဝင်းဂါး

mickylayMay 4, 20101min01

အာဆင်နယ် အသင်း မန်နေဂျာ ဖြစ်သူ အာစင်ဝင်းဂါးက ၎င်းအနေဖြင့် အသင်း အတွက် ကစားသမား သစ်များအား ခေါ်ယူရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အသင်းမှာ လူငယ် ကစားသမား တွေ အများကြီး ရှိနေပါပြီ။ အခု လိုအပ်နေတာက အဆင်သင့် သုံးလို့ ရမယ့် ကစားသမား တွေပါ” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။ သတင်းများ အဆိုအရ အာဆင်နယ် အသင်းသည် ဝက်စ်ဟမ်း အသင်းမှာ ကွင်းလယ် ကစားသမား စကော့ပါကာအား ခေါ်ယူရန် စိတ်ဝင်စား နေသည်ဟု သိရပြီး မန်စီးတီး ဂိုးသမား ဂျိုးဟတ်၊ ဖူဟမ် အသင်းမှ နောက်ခံလူ ဟန်ဂယ်လန်၊ ဘော်လ်တန်းမှ ဂယ်ရီ ကာဟေးလ်၊ အက်စတွန် ဗီလာမှ ဂျိမ်းစ် မေလ်နာတို့ ကိုလည်း စောင့်ကြည့် နေကြောင်း သိရသည်။

ထို့ပြင် ချယ်လ်ဆီး ကွင်းလယ် ကစားသမား ဂျိုးကိုးလ်ကိုလည်း စိတ်ဝင်စားသည်ဟု ဝင်းဂါးက လူသိရှင်ကြား ထုတ်ဖော် ပြောကြားခဲ့သည်။ “ဂျိုးကိုးလ်ဟာ ကျွန်တော်တို့ စိတ်ဝင်စား နေတဲ့ ပစ်မှတ် တစ်ခုပါပဲ” ဟု ဝင်းဂါးက ပြောကြားခဲ့သည်။

အာဆင်နယ် အသင်းသည် မကြာမီ ကာလ အတွင်းတွင် ဘော်ဒိုး တိုက်စစ်မှူး ချာမက်အား ခေါ်ယူသည့် သတင်းအား ထုတ်ပြန်ဖွယ် ရှိနေပြီး လာမည့် အပြောင်းအရွှေ့ ကာလတွင် အာဆင်နယ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ရန် သေချာ နေသူဖြစ်သည်။

ထို့ပြင် ဝင်းဂါး အနေဖြင့် အသင်း၏ နောက်ခံ ကစာသမား ၂ဦးဖြစ်သူ ကမ့်ဘဲလ်နှင့် ဂါးလက်စ်တို့အား စာချုပ် သက်တမ်း တိုးမြှင့်ရန် ကမ်းလှမ်းမည် ဖြစ်ကြောင်း သိရသည်။

One comment

  • susunosuki

    May 4, 2010 at 11:58 am

    ပိုက်ဆံကတော့နင့်နေအောင်သုံးရမှာ
    အောင်မြင်ရင်တော့တန်ပါတယ်

    Reply

Leave a Reply to susunosuki Cancel Reply

Your email address will not be published.