မြန်မာ့မီးရထား တိုင်း (၇) ကြေငြာစာ

susunosukiJune 23, 20111min03

ရထားစီးတဲ့ အကြောင်းတွေ ကျွန်တော်ဒီဆိုဒ်မှာရေးတာ များနေပါပြီ။

ဒါပေမယ့် နောက်ဆုံးပိတ်အိတ်နဲ့ လွယ်ပေါ့လေ။ မြို့ပါတ်ရထားနဲ့ ပါတ်သတ်ပြီး ပိုစ့်တစ်ခုရေးချင်တာက မြန်မာ့မီးရထားရဲ့ တိုင်း (၇) ကြေငြာစာနဲ့ ပတ်သက်လို့ပါ။ ကျွန်တော် သတိထားမိသွားတာက ရထားအချိန်မှန်တာနဲ့ ပါတ်သက်လို့ ရေးထားတဲ့ အချက်တွေပါနေလို့ဖြစ်ပါတယ်။ လအလိုက်ကို ရထားအချိန်မှန်ကန်မှုတွေပြထားတော့ ဒီဆိုဒ်ထဲမှာ မြို့ပတ်ရထားစီးသူများရှိနေခဲ့ရင် သူ့တို့ရေးထားသလို မှန်/မမှန်တို်က်ဆိုင်စစ်ဆေးနိုင်ပါတယ်။

ဂျပန်နိုင်ငံမှာတော့ ရထားအချိန်မှန်ကန်မှုကို နှစ်ပေါင်း ၂ဝ အတွင်းမှာ ၄ စက္ကန့်ပဲ ကွာခဲ့တယ်လို့ ဂျာနယ်တစ်ခုမှာဖော်ပြထားတာကို တစ်ခါက ဖတ်ဖူးပါတယ်။ နည်းနည်းတွေ လွဲချင်လွဲနိုင်တယ်။ ကျွန်တော်ဖတ်ဖူးတာ ကြာနေပြီ။

ကဲ ကျွန်တော်တို့ နိုင်ငံ မဟာရန်ကုန်မြို့ကြီးရဲ့ လူဦးရေ ၁၀+ ရာခိုင်နှုန်းကို ပို့ဆောင်ပေးနေတဲ့ မြို့ပတ်ရထားတွေရဲ့ အချိန်မှန်ကန်မှုကို ကြည့်ကြပါဦး…..။

မြန်မာ့မီးရထား တိုင်း (၇) ကြော်ငြာစာ
မြန်မာ့မီးရထား တိုင်း (၇) ကြော်ငြာစာ

3 comments

  • kooo

    June 23, 2011 at 10:15 am

    သူများတိုင်းပြည်နဲ့တော့ မယှဉ်နဲ့လေဗျာ……..သိတယ်မို့လား
    ဒါ…တို့တိုင်းတို့ပြည် တို့မြန်မာပြည်…………ဒါ…တို့တိုင်းတို့ပြည် တို့မြန်မာပြည်…………
    ဒါ…တို့တိုင်းတို့ပြည် တို့မြန်မာပြည်…………ဒါ…တို့တိုင်းတို့ပြည် တို့မြန်မာပြည်…………
    ခေါင်ကမှ မိုးမလုံတာ ကျန်တာမပြောကြပါနဲ့တော့……..ပြောရင်လဲ ပါးရိုက်ခံရတာကြည့်ဘဲ……..ဟီး……..

    Reply

  • juttue.gyi

    June 23, 2011 at 4:50 pm

    ဒါမျိုးတွေက ဖြစ်တတ်ပါတယ်….

    Reply

  • လင်းဝေကျော်

    June 24, 2011 at 5:50 am

    ဒီလို အသိပေးဖော်ရတာ။
    လုပ်နေပါတယ်လို့ ပြောဖော်ရတာ။
    အဲဒီလောက်လေးတွေ လုပ်တာပြောတာကိုပဲ အသိအမှတ်ပြုနေရတဲ့ မြန်မာပြည်ပါ။

    Reply

Leave a Reply

Your email address will not be published.