ပညာရှိလုပ်ကြမလား …

နွယ်ပင်June 22, 20111min016

နွယ်ပင် တက်နေကျသင်တန်းက စာသင်ပေးတဲ့ အစ်မပြောတဲ့ ပုံပြင်လေးကို သဘောကျလို့ ရွာသူ/ ရွာသားတွေကိုလဲ ပြောပြချင်လာတယ်
ပုံပြင်လေးက ………… ပညာရှိလုပ်မလားတဲ့
တစ်ခါက ရွာကြီး တစ်ရွာမှာ ပညာရှိကြီးတစ်ယောက် ရှိပါတယ်တဲ့ အဲဒီပညာရှိကြီးက စကားကိုလဲ သိပ်မပြောပဲ လိုအပ်မှာသာပြောတက်တဲ့သူပါ
ပညာရှိကြီးဆီကို အဲ့ရွာက လူတွေတင်မကဘူး တစ်ခြားရွာကလူတွေကပါ အကြံဉာဏ်တွေတောင်းတက်ကြပါတယ် နောက်ပညာရှိကြီးက
ရှေ့ဖြစ်နောက်ဖြစ်တွေကိုလဲ ဟောပါသတဲ့ ။ တစ်နေ့တော့ ရွာထံက ကောင်လေး (3) ယောက်က စာမေးပွဲဖြေပြီးလို့ ပြန်လာတော့ ပညာရှိကြီးဆီမှာ
စာမေးပွဲအောင်မအောင်ကိုလာမေးကြတာပေါ့် ။ သူတို့ကို ပညာရှိကြီးက ဘာစကားမှမပြောပဲ လက်ညှိုးတစ်ချောင်းပဲ ထောင်ပြပါတယ်တဲ့
ဒါနဲ့ကောင်လေးတွေလဲ ပညာရှိကြီးဘာကိုဆိုလိုချင်မှန်းမသိပဲ ပြန်လာခဲ့ကြတာပေါ့ ဒါပေမဲ့ စာမေးပွဲအောင်စာရင်းလဲထွက်ရော ပညာရှိကြီးပြောချင်တာကို
သူတို့ သဘောပေါက်သွားကြတယ် အဲတာကတော့ သူတို့ထဲက (2) ယောက်က စာမေးပွဲအောင်ပြီး တစ်ယောက်က ကျလို့ ပညာရှိကြီး လက်တစ်ချောင်းထောင်ပြတာက
တစ်ယောက်ကျမယ်လို့ပြောတယ်ဆိုပြီး သဘောပေါက်သွားကြတယ် ။
အမှန်က ပညာရှိကြီးက အဲနေ့က ပြောလိုက်ပြီးသားလေ … လက်တစ်ချောင်းထောင်ပြလိုက်ကတည်းက
တစ်ယောက်ပဲ အောင်ပြီး (2) ယောက်ကျ တာဖြစ်နိုင်သလို
(2) ယောက်အောင်ပြီး (1) ယောက်ကျ ကျလဲ ဖြစ်နိုင်တယ်
တကယ်လို့ အားလုံးအောင်ခဲ့ရင် လဲ လက်ညီုးလေး တစ်ချောင်းထောင်ပြီးပြောတဲ့ အတွက် အားလုံးအောင်မယ်ပြောတာ ကျခဲ့ရင်လဲ အားလုံးကျမယ်ပြောတာပါတဲ့
သူက အဘက်ဘက်က စဉ်းစားပြီး လက်ညှိုးလေး တစ်ချောင်းနဲ့ ပညာရှိလုပ်သွားခဲတာပေါ့

ကဲ ……. ရွာသူရွာသားတွေရော ပညာရှိလုပ်ကြမလား … ?

16 comments

  • weiwei

    June 22, 2011 at 5:20 am

    တစ်ခါတုန်းက ပညာရှိကြီးတစ်ယောက်ရှိသတဲ့ … အဲဒီပညာရှိကြီးက ပညာတွေအရမ်းတတ်တာပေါ့ … ဒါပေမယ့် သူက အာရုံရမှ စိတ်ပါမှ သူ့ပညာတွေကို ထုတ်သုံးမယ်လို့ ကြေညာထားသတဲ့ … ဒါပေမယ့် ပညာရှိကြီးဟာ သေသာသေသွားရော တစ်ခါမှ စိတ်မပါခဲ့ဘူးတဲ့ကွယ် …. 🙂

    Reply

  • moethidasoe

    June 22, 2011 at 6:33 am

    ဆရာ မောင်သင် ရေးခဲ့ဘူးတဲ့ ဇာတ်လမ်းမှာ ကိုယ်ဝန်ဆောင်တစ်ယောက်က သူ ဘာလေးမွေးမှာလဲ လို့ မေးတယ် .. ဆရာဝန်က ယောက်ျားလေးလို့ ပြောလိုက်တယ် (အဲဒီတုန်းက ultrasound လဲ မရှိဘူးလေ) မွေးလာတော့ ယောက်ျားလေး ဖြစ်နေတော့ လူနာက .. မှန်လိုက်တာ ဆရာရယ် .. လို့ ချီးမွမ်းတယ် .. ဒီတော့ ကွယ်ရာရောက်တော့ သူနာပြုက ဆရာဝန်ကို မေးတယ် .. တကယ်လို့ မိန်းကလေးများ မွေးတယ် ဆိုရင် ဆရာ ဘယ်လို ရှင်းမှာလဲ တဲ့ .. ဆရာဝန်က ပြန်ပြောလိုက်တယ် .. ဒီကိစ္စက ခေါင်းပန်းလှန်သလိုပဲ .. ဘယ်သူ သိနိုင်မှာလဲ .. ဒီတော့ စာအုပ်ထဲမှာ မိန်းကလေးလို့ ရေးထားတယ် .. မိန်းကလေး မွေးလာရင် .. ဆရာ သိသားပဲ ဒါကြောင့် စာအုပ်ထဲမှာ မိန်းကလေး ဆိုပြီးမှတ်ထားတာ ဆိုပြီး ပြမယ် .. ဒါပေမယ့် ညီး စိတ်ဓါတ်ကျမှာစိုးလို့ ယောက်ျားလေးလို့ ပြောပေးခဲ့တာ လို့ ပြန်ဖြေမှာပေါ့ တဲ့ .. သူလဲ ပညာရှိဖြေနည်းပဲလေ

    Reply

  • PinkCandy

    June 22, 2011 at 6:41 am

    အဲဒါက စကားကြီးဆယ်မျိုးထဲက ဘာစကားပြောနည်းဆိုလားပဲ။
    မေ့ကုန်ပြီ 😀
    ရွာထဲက ပညာရှိတွေ ဖြေပေးကြပါဦး။

    Reply

  • etone

    June 22, 2011 at 7:49 am

    ပညာရှိဆိုတာ ဖောရှော တတ်တဲ့လူကို ခေါ်တာဖြစ်မယ် 😛

    Reply

  • usnczn

    June 22, 2011 at 9:53 am

    ပညာရှိဆိုတာ ကိုယ့်စကားကို ကိုယ်တာဝန်ယူတတ်မှ ပညာရှိ ဖြစ်တယ်တဲ့
    ဟဲဟဲ ပညာရှိက ပညာရှိပါဘဲ…..။
    ဘယ်လိုနည်း သုံးသုံးလေ.။
    လူကောင်းဆို လူကောင်းလိုတွေးပြီး
    လူမိုက်က ကလိမ်ကကျစ် နဲ့ ပညာကို သုံးမှာပေါ့။
    သင်ကော ဘယ်လိုနည်းနဲ့ ပညာရှိ လုပ်မလဲ…။
    လူတိုင်းတော်၍ လူတိုင်းကောင်းကြပါစေ။

    Reply

  • နွယ်ပင်

    June 22, 2011 at 10:03 am

    “လူမိုက်က ကလိမ်ကကျစ် နဲ့ ပညာကို သုံးမှာပေါ့။” ဆိုရင်တော့ အဲတာပညာရှိမဟုတ်လောက်ဘူးဘဲ
    ကလိမ်ကကျစ်ကျပါတယ်ဆိုမှ ပညာရှိဖြစ်ပါဦးမလား
    usnczn ကရေ ဘယ်လိုပညာရှိဖြစ်ချင်တာလဲ
    နွယ်ပင်ကတော့ ပညာရှိမလုပ်ချင်ဘူး ပညာတက်ပဲ လုပ်ချင်တယ် …. 😀

    Reply

  • ပညာရှိက သူ့ဖာသာသူနေတာပါအေ။
    လူတွေကသာ သူတို့ဘာသာသူတို့ ကောက်ချက်တွေချကြတာပါ။

    Reply

  • ဆူး

    June 22, 2011 at 1:33 pm

    လက်ညိုးထောင် ကိုယ်ရောင် လင်းစေသား….
    ချွင်…… ဖျတ် ဖျတ် ဖျတ်.. အဲ.. မီးပျက်သွားပြီ.. သွား မီးခွက်သွားယူချည်..
    အဲဒါ ငါ့ ကိုယ်ရောင် လင်းနိုင်ဖို့ လျှပ်စစ်မီး ပျက်ပေးတာ.. သိပြီလားဟဲ…

    ချွင်… မီးဒီလောက် လင်းနေမှတော့ ဘယ်လိုလုပ် ငါ့ ကိုယ်က လင်းတာ သိမလဲ ဟ…

    အသုံးအနှုန်းက ဘယ်သူကိုမှ မရည်ရွယ်ပါဘူး။ ဆရာကြီး စတိုင်နဲ့ ပြောနေမှန်း သိအောင် စာသားထည့်ထားတာပါ။

    Reply

  • windtalker

    June 22, 2011 at 2:08 pm

    ပညာရှိ မလုပ်ချင်ဘူး ။ ပညာသိ ပဲ ဖြစ်အောင် ကြိုးစားမယ် ဗျို ့

    Reply

  • nature

    June 22, 2011 at 2:26 pm

    ပညာရှိဆိုတဲ့ စကားလုံး ကိုအမျိ်ုးမျိုး အယူကွဲနေကြပါတယ်။ ပညာကို သဒ္ဒါနဲ့ ထိမ်းမှ လမ်းဖြောင့်နိုင်ပါတယ်၊ ပညာလွန်ကဲ သဒ္ဒါနဲနေရင်တော့ ဟန်မကျပါဘူး။

    Reply

  • Yan Shin

    June 22, 2011 at 3:29 pm

    နွယ်ပင်ကတော့ ပညာရှိမလုပ်ချင်ဘူး ပညာတက်ပဲ လုပ်ချင်တယ် …. 😀

    ပညာတတ်လုပ်ခြင်တဲ့နွယ်ပင်ရေ ခုတော့မှားကုန်ပါပေါ့လား။
    ကိုယ်တောင် ပညာရှိ မလုပ်ရဲလောက်အောင်ပါပဲ။

    ကိုယ်ပြောတဲ့စကား ကိုတာဝန်ယူရဲရမယ်ဆို….

    Reply

  • မင်းပြည့်ရှိန်

    June 22, 2011 at 4:00 pm

    ပညာတတ်ကြီးလည်း ဖြစ်ချင်ပါ့.. ပညာရှိကြီးလည်း ဖြစ်ချင်ပါ့..
    ပညာသိကြီးလည်း ဖြစ်ချင်ပါ့…
    ဖြစ်ချင်တာကိုပြောတာနော်…

    Reply

  • MaMa

    June 23, 2011 at 1:57 am

    ပညာသိတော့ ပညတ်မြင်တယ်တဲ့။

    Reply

  • king

    June 23, 2011 at 5:13 am

    ပညာရှိတော့ မဖြစ်နိုင်သေးဘူး
    ပညာတတ်ဖို့ ဆိုတာကလည်း ပညာတွေက အများကြီး ….
    လောလောဆယ်တော့” ပြင်ညာ” ရှိတွေနဲ့ မတွေ့အောင် ကြိုးစားနေတုန်း …..
    😀 😛 🙂

    Reply

  • R Ga

    June 24, 2011 at 9:21 am

    ပညာရှိဖြစ်စေ ၊ ပညာတတ်ဖြစ်စေ ၊ပညာရှင်ဖြစ်စေ…..ပညာသည်ဖြစ်စေ။ ပညာသင်ဖြစ်စေ….

    ပညာဟုသမျှ လူနှင့်တည့်လေသတည်း။ သို့သော် ပညာတု ၊ပညာယောင်၊ ပညာဟန်ဆောင်များ လည်း ပေါ များလှလေသတည်း။

    Reply

  • pooch

    June 24, 2011 at 10:22 am

    အနော်ကတော့ ပညာသိဖြစ်ဖို့ ကြိုးစားနေဆဲ ပညာသင်ပါ

    Reply

Leave a Reply to Yan Shin Cancel Reply

Your email address will not be published.