စိတ်ကူးဘယ်အချိန် ဖြစ်လာမလဲ…

နွေဦးJune 22, 20111min03

ရန်ကုန်မြို့တော်ကြီးရဲ့ သန့်ရှင်းသပ်ရပ် အလွန်လှပသော လမ်းဘေး
ပလက်ဖေါင်းပေါ်မှ ကားမှတ်တိုင်တွင် ဆိုက်ရောက်လာသော ခေတ်မှီ
အဲယားကွန်း ဘတ်စကား ကြီးဆီသို့ လှမ်း တက်ခဲ့သည်။
ကားပေါ်မှ လွန်စွာ ယဉ်ကျေးသိမ်မွေ့သော ကားစပါယ်ယာမှ လွတ်နေသော ထိုင်ခုံ ဆီသို့ ဦးဆောင်ခေါ်သွားခဲ့ပြီး ထိုင်ခိုင်းနေပေပြီ။
မင်္ဂလာဒုံ မှထွက်ခဲ့စဉ်က စီးခဲ့သော နောက်ဆုံးပေါ် မြို့ပါတ်ရထားကြီး
က ခေတ်မှီသစ်လွင်လှပနေသော ရန်ကုန် ဘူတာကြီးသို့သတ်
မှတ်ချိန်အတိုင်းတိတိကျကျ ဝင်ရောက်ခဲ့ သဖြင့် အချိန်မှီ………….
စဉ်းစားကြည့်တာပါ.. အတော်များများကလည်း ဒီလိုစိတ်
ကူးမျိုး .အိမ့်မက်မျိုးတွေ .တွေးခဲ့ ရေးခဲ့ကြတာ များပါပြီ။
ဘယ်သူတွေ လုပ်ပေးလို့ ဘယ်တော့လောက် ဖြစ်လာမှာ
လဲ ?။

3 comments

  • ဆူး

    June 22, 2011 at 12:14 pm

    တောင်းတဲ့ ဆု နဲ့ ပြည့်စေ သတည်း။
    ပုံ
    လောက စောင့်ကြပ် နတ်မင်းကြီး။

    မှတ်ချက်.. အခုတော့ နတ်မဖြစ်သေးလို့ ခဏလေး စောင့်အုန်းနော်။

    Reply

  • ဘယ်သူတွေလုပ်ပေးမလဲဆိုတာထက် အားလုံးဝိုင်းလုပ်မှရပါမယ်။
    ကားအသစ်က ဆိုဖာအသစ်ကို ဓါးနဲ့လှီးတဲ့သူရှိတယ်။
    ရထားတွဲအသစ်စက်စက်ကို ကွမ်းသွေးနဲ့ပက်တဲ့သူရှိတယ်။
    အဲတော့ တစ်ယောက်ချင်းစီကောင်းဘို့လဲလိုပါတယ်။

    Reply

  • ဆူး

    June 22, 2011 at 1:45 pm

    ကိုပေါက် ပြောတာ အမှန်ပါပဲ။
    ဒီဆိုက်မှာတောင် ကော်ပီ ကူးတယ် ပြောတော့ သူခိုးက လူပြန်ဟစ်သလိုပဲ
    ပြန်ရန်တွေ့ခံရတယ် အဲဒီလို အကောင်းမြင် စိတ်မရှိလို့ မတိုးတက်တာတဲ့။
    နောက်ထပ် ပိုစ် ထပ်တင်လိုက်သေးတယ် သူများ စိတ်ကို မနာကျင်ပါစေနဲ့တဲ့.. နာချင်ရင် မဟုတ်တာ မလုပ်နဲ့ပေါ့။ ရှင်းရှင်းလေး ကို လာ ရှုပ်ပြနေတယ် သူများကို စိတ်ဓါတ် အောက်တန်းကျတယ် ပြောနေတဲ့ လူက အောက်ဆုံးတန်းက ဖြစ်နေတော့ သူတို့ က ဒီထက် ကျစရာ မရှိတော့ဘူး ဆိုသလို ဖြစ်နေတာပေါ့။

    Reply

Leave a Reply to ဆူး Cancel Reply

Your email address will not be published.