ဘီလူးလင်္ကာ Belu

rat

ကြွက်ဘီလူး

ခက်ပါဘိ လီဘူးရယ်
ကြောင်မပါ နောင်ခါသိ
ထောင်စရာ မောင်မှာမရှိ
ငေါင်တယ်ကွာ ခေါင်ပါဘိ
ရှောင်ဖယ်နွှာ ဂျောင်သာဂိ
ပြောင်ရယ်ကာ လှောင်ပါ၏
မောင်မယ်ခွာ ပေါင်စရာနထ္တိ
အောင်မယ်ခမျာ ဒေါင်ချာထိ
ဗြောင်တွယ်ဖွာ နောင်ကွာစိ
အထာရှိရှိနဲ့ လွှာကြည့်တာ
ကမာ္ဘသိဖြစ်သွားတယ်
ခွေးလွှတ်ပါ ဦးဘီလူး
သင်လည်းမြူး ငါလည်းcool
အထာရူးနဲ့ လာမလုပ်နဲ့
ခုတ်လိုက်မယ် ဖြုတ်လိုက်မယ်
အစွယ်ကိုချိုး တရုတ်ပြည်ပို့
ခေါင်းကိုဖြတ် ဇာတ်ထဲမှာထား
ကိုယ်ကြီးကို မြေထဲမြှုပ်
အစောင့်လုပ်ခိုင်းစားမယ်
တအားရက်စက်ဘိ မညည်းနဲ့
နှစ်ဆဲ့လေးနာရီ နားရက်မရှိ
ကျားပါးစပ်ကိုထိမှတော့
ဂွိသွားတာနည်းသေး
မသိနားမလည်
တပည့်သားငယ်ဆိုရင်
အုန်းငှက်ပျောပွဲနဲ့တောင်းပန်
အရှင်ကြောင်မင်းရယ်
နောင်မမိုက်ပါ နောင်မမိုက်ပါလို့
မှောင်မိုက်မှာငို
ဆယ်ခါပြန်ဆိုစေသတည်း။ 😐

5 comments

  • ogre

    June 22, 2011 at 2:34 am

    ကြွက်ဘီလူးရှိနေလို့
    ဒီကြောင်က ကြွက်မခုတ်ရဲတာကို
    ကြောင်ငပျင်းလို့ ထင်နေတာ ကြောင်ငကြောက်ပဲ
    အိမ်မှာမမွေးပဲ ရိုက်ထုတ်ခံရတာတောင်နည်းသေးတယ်။။။

    Reply

  • ဘီလူးနဲ့ကြောင်
    ဘယ်သူပိုပြောင်သလဲ၊
    ကဗျာစီးခြင်းထိုးပွဲမှာ။
    သူကြီးကိုခိုင် ကတော့
    ဒိုင်ချုပ်လုပ်။
    ကိုကိုဖက် အဘနီနဲ့ အဘဆွေ
    အကူဒိုင်တွေပေါ့။
    နိုင်သူကို ဆုချ
    ရှုံးသူက တောင်းပန်
    ကဲဗြောင်းဆန်အောင်
    ဆော်စမ်း ကလော်စမ်း

    ဗျောင်ထိဗျောင်ထိနဲ့
    ဆိုင်းတီးပေးလိုက်မယ်
    ကဲဘီလူးနဲ့ကြောင်ကြိး
    ရေးကြရော့လဟယ်………………………………………….

    Reply

    • ရှူံးသူကတောင်းပန်ပဲလုပ်နော်
      ရှူံးလူကတောင်းပန်ဆိုရင် ဒီတိုက်ပွဲမှာ ကျွန်တော်ပါ လက်နက်ကြီး ပစ်ကူပါလာမယ်

      😛

      Reply

  • nature

    June 22, 2011 at 3:21 pm

    ရွှီ………….ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း..။

    Reply

  • alinsett

    August 3, 2011 at 7:36 pm

    ကြွက်ဘီလူး..တဲ ့အခုမှ ပဲ မြင်ဖူးတော့တယ်။
    အဲဒီ ကြွက်ဘီလူးကို ဦးကြောင်ကြီး.. ကြောက်သလား..ဟင်။
    ကျွန်တော်တော့.. မကြောက်ပါဘူး။ရယ် ချင်လာတယ်… အဟိ.။တညိုးကြီး ပဲ နော်။

    Reply

Leave a Reply to ogre Cancel Reply

Your email address will not be published.