မည်သည့်ရေအမျိုးအစားမဆို ရေချိုအဖြစ်သန့်စင်နိုင်သော လောင်စာသုံး ရေသန့်စက်ကို ပြည်တွင်း၌ အောင်မြင်စွာ ထုတ်လုပ်

klnMay 4, 20101min02

မည်သည့်ရေအမျိုးအစားမဆို နေရာဒေသမရွေး အသုံးပြုနိုင်သော လောင်စာသုံးရေသန့်စက်ကို ပြည်တွင်း ပညာရှင်များက စမ်းသပ်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြန်လည်ပြည့်မြဲစွမ်းအင်ဥက္ကဋ္ဌ ဦးစိုးမြင့်က ၂၇-၄-၂၀၁ဝ ရက်တွင် ပြောသည်။ “ဒီရေသန့်စင်စက်က စပါးခွံအပြင် အခြားစွန့်ပစ်အမှိုက်တွေကိုလည်း လောင်စာအဖြစ် အသုံးပြုလည်ပတ်နိုင်တဲ့အတွက် ငွေကြေးကုန်ကျမှု သက်သာတဲ့အပြင် အရပ်ဒေသမရွေး သုံးစွဲနိုင်တဲ့အတွက် ရေချိုအခက်အခဲရှိတဲ့နေရာတွေမှာ အသုံးပြုနိုင်တယ်” ဟု ၎င်းကပြောသည်။ ၎င်းရေသန့်စက်မှာ တစ်ဖက်မှ ရေကိုအပူပေးပြီး အငွေ့ကို စုဆောင်းသည့်အတွက် ရေသန့်အစစ် Disco Water ဖြစ်သည့် အတွက် သောက်ရေသန့်အဖြစ် အသုံးပြုနိုင်ကြောင်းစမ်းသပ်တွေ့ရှိချက်အရ ကျန်းမာရေးအတွက် လည်းကောင်းပြီး ရွာတစ်ရွာတွင် ယင်းစက်ကို တပ်ဆင်ထားပါက အနီးပတ်ဝန်ကျင်ရှိရွာငါးရွာခန့်အထိ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသန့်စင်စက်မှာရေငန်ဒဏ်ခံနိုင်ရန် သံမဏိဖြင့်ပြုလုပ်ရခြင်းဖြစ်သည့်အတွက် ကုန်ကျစရိတ်မှာ ကျပ် ၁ဝသိန်းဝန်းကျင်ခန့်ရှိကြောင်း၊ ရေငန်အပါအဝင် မည်သည့်ရေမဆို မည်သည့်ရေမျိုးမဆိုရေချိုရေသန့် ပြန်လည်ရရှိပြီး သောက်သုံးရေအဖြစ် အသုံးပြုနိုင်ကြောင်းနှင့် စမ်းသပ်ထုတ်လုပ်ထားသော ရေသန့်စင်စက်ကို ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ကန့်လာရွာတွင် လှူဒါန်းထားကြောင်း ၂၀၁ဝခုနှစ် မေလ ၆ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • koko

    May 4, 2010 at 6:15 am

    ဒီလိုမျိုး ရေသန် ့စင်စက်ကို သောက်သုံးရေ ခက်ခဲတဲ ့ဒေသတွေကို လှူဒါန်းနိုင်မည့်အလှူရှင်များ ပေါများစွာထွက်ပေါ်ပါစေလို ့…ဆုတောင်းပေးပါတယ်…..

    Reply

  • khinmintatthu

    June 5, 2010 at 7:48 pm

    koko ပြောသလို ရေသန့်စက်ကို ရေရှားပါးတဲ့ ဒေသတွေကို လှူဒါန်းနိုင်မယ့် အလှူရှင်တွေ များစွာပေါ်ထွက်ပါစေလို့ ကျျွန်တော်လည်း ဆုတောင်းပေးလိုက်ပါတယ်……

    Reply

Leave a Reply

Your email address will not be published.