ကျွန်တော်၊ဂျူး နှင် ့ဒီဇင်ဘာည၊ ပြီးတော့..မေးခွန်းတစ်ခု……..

alinsettJune 19, 20111min020

**2010 ရဲ ့ဒီဇင်ဘာည။ ကျွန်တော်  မော်လမြိုင်မြို ့ကိုရောက်တဲ ့ မနက်မှာပဲ…  သတင်းတစ်ခုကြောင့်

စိတ်တွေ လှုပ်ရှားနေခဲ ့တယ်။” ဒီည… စာပေဟောပြောပွဲမှာ  ဆရာမဂျူး  ပြောမှာ  ” ..တဲ ့ ။

ဂျူး..တဲ ့။  ကျွန်တော် ဒီနာမည်ကို        ရင်းနှီးနေခဲ ့တာတော့ကြာပြီ။

စာအုပ်တွေကို ကျိန်စာသင့်သလို   ချစ်နေတဲ ့..၊ စာအုပ်တော…မှာမျောချင်တိုင်းမျောနေတဲ့ ့ကျွန်တော်။  ဂျူးရေး တဲ ့  တိမ်နဲ ့ချည်တဲ ့ကြိုး ဆိုတဲ့ ့စာအုပ်ကို ဖတ်မိချိန်ကစ ပြီး… ဂျူးရဲ  ့ စာတွေ  မှန်သမျှကို  စိတ်ဝင်တစား  ထပ်..ရှာ   ဖတ်…ခဲ ့။

ဂျူးရဲ ့စာတွေကို တရင်းတနှီး ရှိပြီးနောက်မှာ  ဂျူးရဲ ့အသံကို ကြားချင်ခဲ ့ပြီ။   ဟော…

အခုတော့ တိုက်ဆိုင်မှုကြောင့်     ဂျူးစကားပြောတာကို တွေ ့ရ …ကြားရတော့မယ်။

ဒါပေမယ် ့   ဟောပြောပွဲ ကို ကျွန်တော်ရောက်တော့ ဂျုူးက စကားတွေ ပြောနေပြီ။

”  ဒီလို  စကားပြောစင်လေးနဲ ့ပြောရတာကို ကျွန်မ ကျေနပ်ပါတယ်။ နားထောင်တဲ ့သူတွေ က

အရမ်းများနေလို့  ကျွန်မ ကြောက်ဒူး တုန်နေခဲ ့ရင်…  ကျွန်မ ဒူး တုန်နေတာကို   မမြင်အောင်

ဒီစင် က ကွယ်ထားပေးလို့ပါ။    ပြီးတော့…စင်ရဲ ့ဘေး တစ်ဖက်စီမှာ..ပန်းကလေးတွေ   ကို

စီစဉ်ပေးထားလို့   ကျေးဇူးတင်ပါတယ်။  ပန်းကလေးတွေ ကို  ဘေးမှာထားပြီး…ကျွန်မ    ဘယ်

မှာမှ  စကားမပြောဖူးပါဘူး။ဒီလို ပန်းကလေးတွေကို   မြင်လိုက်ရတဲ ့အခါ     မိန်းမပီပီ…..

ဒီထက် တစ်ဆင့်တက်ပြီး  ပြောရရင်..အပျိုကြီးပီပီ  ……..”

ဂျူးရဲ ့ ့ စကားက မဆုံးလိုက်ပါဘူး။  လူတွေအားလုံး    သဘောကျပြီး

ဟေးးးးး   ခနဲ  အော်လိုက် ကြတယ်လေ။

“အဲဒီလိုပဲ……ကျွန်မ   ကြော်ငြာ   ဝင်ရပါတယ်”

အဲဒီက စ  လို ့   ဂျူးရဲ ့စကားသံတွေက ကျွန်တော့်   အာရုံ ကို ဆွဲယူ သွားပါတယ်။ ဂျူးဟာ  သူ့ ့

စကားတွေကို  သူ ့ အမူအယာ နဲ ့ ဖြည့်စွက်ပြီး   အားလုံးကို ဆွဲဆောင်ထားတာလေ…။

သူ  စာအုပ်တွေကို ဖတ်ဖြစ်ခဲ ့တဲ ့အကြောင်း..၊ သူကြိုက်တဲ ့ကဗျာတွေ   …အကြောင်း၊ သူ     အပျိုကြီး ဖြစ်ရခြင်း အကြောင်း….၊ သူ ရေး ခဲ ့တဲ ့စာတွေ ……..။

ကျွန်တော်  မော်လမြိုင်ကို   ရောက်ရှိခဲ ့တာ  တန် သွားစေတဲ ့၊     ကျွန်တော် ဂျူး

ရဲ ့စကားတွေ ကို  လာနားထောင်ရတာကို      တန် သွားစေတဲ ့စကား တစ်ခု ကို တော့

ဂျူးက  သူ ့ဟောပြောမှု   အဆုံး သတ်ကာနီး မှာ…ပြောလိုက်ပါတယ်။

”  ဂျူး…..လူုငယ်တွေကို ဘာပြောချင်လဲ…… လို့ မေးလာခဲ ့ရင်…….ကျွန်မ ပြောဖြစ်

တဲ ့   စကားက     ……

မျိုးဆက်တိုင်းဟာ….ပစ္စုပန်ထက်   ပိုကောင်းတဲ ့  အနာဂတ်ကို  ဖန်တီးပေးဖို ့

တာဝန်ရှိတယ်….။ ”

လက်ခုပ်လက်ဝါးတီးသံများ…………….၊ ဟေးးးးးး  ခနဲ  အော်ဟစ်လိုက်သံများ……..

ကွင်းပြင်ကြီး အနှံ ့    ကျယ်လောင်စွာ………။

အားလုံး   လှုပ်ရှား ဆူညံ  သွားကြပြီ။  အဲဒီ လှုပ်ရှား မှု ကြီး ကြားမှာ………. ကျွန်တော်ကတော့……… ငြိမ်သက်   တိတ်ဆိတ်နေမိတယ်။

ကျွန်တော်ကို ကျွန်တော် ပြန်မေးနေတဲ ့  မေးခွန်းတစ်ခုကြောင့်ပေါ့။

ကိုယ့်ဘာသာ မေးရင်း  ဖြေရင်း…….၊  ထပ်မေးရင်း… ထပ်ဖြေရင်း နဲ ့…………………

ကျွန်တော်   ရင်မောလာတယ်။

 

” ငါ…….  …တာဝန်    ကျေပြီလား……?  ”

*   *    *    *  *  *  *   *

အလင်းဆက်

30.12.2010   မော်လမြိုင်မြို ့  စာပေဟောပြောပွဲံ ရောက်

အမှတ်တရ….ည     …..။

 

20 comments

  • lusoegyikoko

    June 19, 2011 at 8:38 am

    တာဝန်ကျေမကျေတော့မသိဘူး။ဂျူးစာအုပ်တော့ကြိုက်တယ်။နောက်ထွက်တဲ့စာအုပ်လဲကောင်းတယ်။ပိုချစ်တဲ့သူပဲဖြစ်ပါရစေ တဲ့

    Reply

  • nozomi

    June 19, 2011 at 9:35 am

    ကျွန်တော့် သား သမီး တွေကို စာဖတ်တတ်တဲ့ စာဖတ်ဝါသနာပါတဲ့ သူလေးတွေ ဖြစ်ဘို့ ပတ်ဝန်းကျင်လေးတစ်ခု ဖန်တီးပေးမယ်

    ဒါပေမဲ့ စာအုပ်အားလုံး ကိုတော့ ဖတ်ခိုင်းလို့မရသေးဘူး ငယ်ရွယ်စဉ် အမှားအမှန်ကိုမခွဲခြားတတ်စဉ်မှာ တချို့ စာအုပ်တွေ မဖတ်ဘို့တားရဦးမယ်

    ဂျူး ရဲ့ စာအုပ်အားလုံးကတော့ ကြိုက်တဲ့ အချိန်ဖတ်ပါလို့ ခွင့်ပြုနိုင်တဲ့ စာအုပ်တွေပဲ

    Reply

    • susunosuki

      June 20, 2011 at 9:46 am

      ”အမှတ်တရ” ဆိုတဲ့ စာအုပ်ကောပေးဖတ်မှာလား။ ကျွန်တော်လည်း ဂျူး ရဲ့ အမာခံပရိတ်သတ်ပါ။
      အဲဒီစာအုပ်ထဲမှာ living together ကို ထမင်းစားရေသောက်လိုရေးထားတယ်လေ။ စာပေအားပေးတာ ကောင်းပေမယ့် စိတ်ပူတတ်တဲ့ ဖခင်တစ်ယောက်အတွက် ဂျူး ရဲ့ စာအုပ်အားလုံးကတော့ ကြိုက်တဲ့ အချိန်ဖတ်ပါလို့ ခွင့်ပြုနိုင်တာ နည်းနည်းလွဲနေသလိုပဲ။ ကျွန်တော့်အထင်ပါ။ ဝေဖန်နိုင်ပါတယ်။

      Reply

      • Alinsett@Maung Thura

        March 28, 2015 at 1:38 pm

        အမှတ်တရ စာအုပ်ကို သေချာပြန်ဖတ်ကြည့်ပါဦးဗျ…
        လင်မယားခန်း မပါပါဘူး…..

        အတူတူနေတယ်ဆိုတာလောက်ပဲ ပါပြီး… လင်မယားလိုနေတာမှမဟုတ်တာ…ဆိုတဲ့စကားလုံးတစ်ခု…စကားပြောခန်းမှာ ထည့်ထားပါတယ်။

        Reply

  • monmon

    June 19, 2011 at 10:10 am

    သူငယ်ချင်းတွေက ပြောကြတယ်… ဂျူးစာအုပ်ဖတ်ပြီး အပျိုကြီး ဖြစ်မယ့်သူတဲ့… ပြောချင်ပြောပါစေ… ဂျူးရဲ့ အယူအဆကိုကြိုက်တယ်… သူ့စာအုပ်တွေထဲမှာ ယောက်ျားတစ်ယောက်ရဲ့ အတ္တမာနတွေအကြောင်း၊ မိန်းမတစ်ယောက်ရဲ့ ချစ်တတ်ပုံအကြောင်းတွေပြောထားပေမယ့် နောက်ဆုံးတော့ အဲဒီမိန်းမက သူ့မာနကို လုံးဝအောက်မချခဲ့ဘူး.. ဘုရင်မဖြစ်နေတဲ့သူက မိဖုရားမလုပ်နိုင်ဘူးလေ…

    Reply

    • susunosuki

      June 20, 2011 at 9:55 am

      ဂျူးစာအုပ်အားလုံးကို ဖတ်ကြည့်ရင် ယောင်္ကျားတွေရဲ့ အတ္တမာနတွေအကြောင်းကြည့်ပဲရေးထားတာမဟုတ်ပါဘူး။ မိန်းမတွေရဲ့ ချစ်တတ်ပုံအကြောင်းတွေပဲ ချပြထားတာ မဟုတ်ပါဘူး။ လူ့လောက ကြီးက ယောက်ျားနဲ့ မိန်းမ မတူညီတဲ့ တွေးခေါ်ပုံတွေကို ညင်ညင်သာသာ လက်ခံနိုင်အောင်ပြထားတာများပါတယ်။ မိန်းမတွေဘက်က နစ်နာတယ်ထင်ရင်လည်း သဘာဝရဲ့လက်ဆောင်ပဲမို့ သဘောတူ လက်ခံနိုင်လာရင် အပျိုကြီးဖြစ်စရာ မရှိပါဘူး။
      ဂျူးကိုယ်တိုင် အပျိုကြီးဖြစ်တယ်ဆိုတာလည်း အကြောင်းမတိုက်ဆိုင်လို့သာ အပျိုကြီးဖြစ်ရတာဖြစ်ပြီး ယောကျင်္ားတွေကိုမုန်းလိုု့ဟုတ်မယ်မထင်ပါဘူး။
      သူ့စာအုပ်တွေက အမျိုးသမီးတွေရဲ့ ဘဝကို မြှင့်တင်ပေးတဲ့ သဘောကိုတော့ ကျွန်တော်အရမ်းသဘောကျပါတယ်။
      ကျွန်တော်ဆို ဂျူးစာအုပ် ဖတ်ပြီးမှာ ဂျီမေးလ်စသုံးတာပါ။

      Reply

  • nature

    June 19, 2011 at 10:15 am

    တာဝန်သိတဲ့သူမှပဲ တာဝန်ရှိတာပါ။ နေရာတိုင်းမှာ တာဝန်နှင့်လုပ်ပိုင်ခွင့်ဆိုတာရှိပါတယ်။ ကိုယ့်မိဘ ကိုယ့်မိသားစုကို သမ္မာအာဇီဝ လုပ်ကိုင်ကြွေးနေတဲ့သူကို တာဝန်ကျေသူလို့ဆိုချင်ပါတယ်။

    Reply

  • padonmar

    June 19, 2011 at 12:26 pm

    ဂျူးစာအုပ်ထဲမှာ လရဲ့အောက်ဖက်မိုင်အဝေးမှာကို အကြိုက်ဆုံးပါဘဲ။
    တစ်ချို့စာအုပ်တွေမှာ မြန်မာမိန်းကလေးစရိုက်နဲ့ သိပ်မဆီလျော်တာတွေပါပေမယ့် ဇာတ်လမ်းနဲ့ ရေးဟန်တွေက အမြဲ ဆွဲဆောင်မှုရှိပါတယ်။လရဲ့အောက်ဖက်ကတော့ လူငယ်တွေအတွက် မသိမသာလေးနဲ့ ပညာပေးထားတာ သိပ်ကောင်းပါတယ်။
    သူ့ရဲ့ မျိုးဆက်တိုင်းဟာ….ပစ္စုပန်ထက် ပိုကောင်းတဲ ့ အနာဂတ်ကို ဖန်တီးပေးဖို ့

    တာဝန်ရှိတယ်….။ ” စကားလေးလည်း သဘောကျပါတယ်။

    Reply

  • weiwei

    June 19, 2011 at 2:13 pm

    ဂျူးထွက်သမျှ စာအုပ်အားလုံးဖတ်ဖူးတယ် … ၁ဝ တန်းတုန်းက ပထမဆုံးဖတ်ရတဲ့ အမှတ်တရကိုတော့ အမှတ်တရဖြစ်နေအောင် အကြိုက်ဆုံးဖြစ်ခဲ့ပြီး ခဏခဏ ပြန်ဖတ်တိုင်းလဲ ကြိုက်ပါတယ် ..

    Reply

  • bigcat

    June 20, 2011 at 2:18 am

    အဲဒီနိုင်ငံဂျားသားရေးတဲ့ စာအုပ်ကို မြန်မာပြည်မှာ တော်တော်ဖတ်ကြတယ်နော်။ စစ်တပ်က နိုင်ငံဂျားမုန်းတီးရေးပြောပြီး အစ္စရေးနိုင်ငံကို မျက်နှာလုပ်ချင်တော့… 😡

    Reply

    • susunosuki

      June 20, 2011 at 9:59 am

      ခင်ဗျားပြောတာကို ကျွန်တော်လုံးဝမရှင်းပါ။ ဂျူး ကသူ့ကိုယ်သူ အဲဒီနာမည်ပေးတာ နိမ့်ကျနှိပ်စက်ခံခဲ့ရတဲ့ ဂျူးလူမျိုးတွေရဲ့ ဘဝကို ကိုယ်ချင်းစာလို့ ပေးခဲ့တာလို့ပြောပါတယ်။ နောက်ပြီး ဂျူးက ပေါ်လစီမရေးပါဘူး။ ကျွန်တော်တို့လူမျိုးတွေကို မျက်စေ့ဖွင့်တဲ့စာ ပညာပေးတဲ့စာပဲရေးတာပါ။

      Reply

  • weRone

    June 20, 2011 at 3:16 am

    ဂျူးရဲ့ စာအုပ်အားလုံး ကို ကြိုက်သည်။

    Reply

  • နွယ်ပင်

    June 20, 2011 at 3:19 am

    နွယ်ပင်လဲ ဆရာမဂျူးရဲ့ ပရိသတ်ပါ ဆရာမရဲ့ ထွက်တဲ့စာအုပ်တိုင်းကို မလွတ်တန်းကို ဖတ်ဖြစ်ပါတယ်
    ခဏခဏဖတ်ပြန်ဖတ်ဖြစ်တာကတော့ တိမ်နဲ့ချည်တဲ့ကြိုးနဲ့ စောင့်နေမယ်လို့မပြောလိုက်ဘူး စာအုပ်ပါ
    ပထမဦးဆုံးထွက်ခဲ့တဲ့ အမှတ်တရဆို ဖတ်ချင်လွန်းလို့ မိတ္တူဆိုင်ကတောင် ဝယ်ဖတ်ရဲ့အထိပဲ ………..

    Reply

  • windtalker

    June 20, 2011 at 4:35 am

    ကျွန်တော် လဲ ဖတ်မယ် ဗျာ

    Reply

  • captainamerica

    June 26, 2011 at 3:03 pm

    ထွက်သမျှအကုန်ဖတ်ဖြစ်တယ်။ဗမာပြည်မှာရှုားပါးအတွေးအခေါ်လက်တဆုပ်စာ စာရေးဆရာထဲမှာပါလို.
    သူအတွေးအခေါ်တွေကသာမန်မဟုတ်ဖူး ထူးခြားတယ်။
    လက်ခံနိုင်စရာတွေရှိသလိုအငြင်းပွားရမယ့်အယူအဆတွေလည်းအများကြီးပါပဲ..
    အခုနောက်ပိုင်းမဟာက္ကုထ္ထိယဝါဒကိုများပုံဖော်နေချင်လားလို.(ကျွန်တော်ကိုယ်ပိုင်အမြင်ကိုပြောတာပ့)

    Reply

  • naywoon ni

    March 28, 2015 at 1:21 pm

    ကိုယ်​့မျိုးဆက်​မရှိလဲ ကိုယ်​​အောက်​ငယ်​သူ​တေ်ွအ​ပေါ်မှာ ​စေတနာအပြည်​့ထားပြီး အကူအညီ​ပေးရင်​ တာဝန်​​ကျေပါတယ်​ အလက်​ဆင်​းဒါးရယ်​ ။ အဲ့ဒါကမှ ဘာသံ​ယောဇဉ်​အ​နှောင်​အဖွဲ့မှ မပါတဲ့ တစ်​ကယ်​့ ကုသိုလ်​စစ်​ ။ အဲ့လို ​စေတနာထားနိုင်​တဲ့သူလည်​း ရှားပါလိမ်​့မယ်​ ။ ဆရာမလည်​း အဲ့လို သ​ဘောထားရှိ​နေလိမ်​့မယ်​ ထင်​ပါတယ်​ ။

    Reply

    • Alinsett@Maung Thura

      March 28, 2015 at 1:37 pm

      အဲ…. ကျနော့်ပိုစ့်အဟောင်းလေး…ဦးနီ ပြန်ဖော်လို့ ပေါ်လာပါပကော….
      ဇူးဇူး…

      :k:

      အကူအညီ…..
      ကိုယ့်ထက် တစ်ခုခု နိမ့်ပါးနေတဲ့သူက…လိုအပ်နေတဲ့အရာတစ်ခုခုကို ကူညီလိုက်နိုင်တာဟာလည်း…
      ကိုယ့်သမိုင်းပေးတာဝန်တစ်ခု ကျေလိုက်နိုင်တာပဲပေါ့…

      .လောလောဆယ်တော့ ကျနော်ကိုယ်တိုင်က အကူအညီတွေ လိုနေချိန်…

      😆

      Reply

  • naywoon ni

    March 28, 2015 at 1:58 pm

    ကိုယ့် ကိုယ်​​တွေ့ အ​တွေ့ အကြုံမှာ​တော့ သူတစ်​ပါးကို ကူညီဖို့အားထုတ်​လိုက်​ချိန်​မှာ ကိုယ်​့မှာ အခက်​အခဲ တစ်​ခုခု ကြုံ​နေရတဲ့ အချိန်​နဲ့ သွားသွားတိုက်​ဆိုင်​​နေတတ်​တယ်​ ။ ဒါ​ပေမဲ့ ကူညီဖို့ ​စေတနာမပျက်​ပဲနဲ့ အခက်​အခဲကို ​ကျော်​လွှားခဲ့ဖူးတာချည်​့ပဲ ။ စတိမပျက်​ပါနဲ့ ကိုယ်​ကသာ ​စေတနာမှန်​ရင်​ တစ်​ခုခုနဲ့ ကိုယ်​အဆင်​​ပြေသွားတတ်​ပါတယ်​ ။ ( သကြား​မျှော်​ ဝါဒ ​တော့မဟုတ်​ )

    Reply

  • uncle gyi

    March 29, 2015 at 10:00 pm

    ဘာပြောပြောဂျူးရဲ့စာတွေသည်
    လူငယ်တွေအတွက်အဆိပ်စာပေမဟုတ်တာတော့သေချာတယ်

    Reply

    • Alinsett@Maung Thura

      March 30, 2015 at 12:11 am

      တချို့စာအုပ်တွေဆို လူငယ်တွေအတွက် အဆိပ်ဖြေဆေးပါ ထည့်ပေးနေသေး
      ဥပမာ စောင့်နေမယ်လို့ မပြောလိုက်ဘူး ဆိုတဲ့စာအုပ်နဲ့
      သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆောင်းပါးတွေ

      :kwi:

      Reply

Leave a Reply to Alinsett@Maung Thura Cancel Reply

Your email address will not be published.