ညနေခင်းရဲ့ တိမ်


ကျနော့်ရဲညနေခင်းပေါင်းများစွာက အလုပ်ခန်းထဲမှာကုန်လွန်ခဲ့ရတာများပါတယ်။
ညနေပိုင်းဆိုတာအလုပ်ရှုပ်နေတာများတော့ ကိုယ်ကလဲ ညနေခင်းကို သတိမရတတ်ပါဘူး။
တစ်ရက်တော့ အလုပ်ပိတ်ရက် လမ်းလျှောက်ထွက်လာချိန်မှာ
အလှကြျီးမဟုတ်ပေမယ့် …………………
ညနေခင်း ဝင်လုဆဲနေရောင်က လောကကိုနုတ်ဆက်ချိန် အရောင်ဖျော့ဖျော့လေးချန်ထားပြီးထွက်ပြေးခါစ
မိုးသားနည်းနည်းလေးစွက်နေတိမ်ထုကလဲ နောက်ခံမှာဖြူတစ်ဝက် ညို့တစ်ဝက်
ကြည့်နေရင်းဆဲမှာဘဲ ဖြူရောင်သန်းနေတဲ့တိမ်ထုက အမဲစွက် ရေပြင်ကလဲ မူံရီ ကမ်းစပ်ကမြက်ရိုင်းပင်တွေကလဲ ပိုမဲလာသလိုခံစားရပါတယ်။
တစ်ခါတစ်လေ သဘာဝရူ့ခင်းတွေက ရင်ဘတ်ထဲကို မထင်မှတ်ဘဲ ခံစားမူ့တွေပေးတတ်ပါတယ်။
အခုရက်စာရေးဘို့ ပျင်းတော့ ရို်က်ထားတဲ့ပုံလေးတွေ ကွန်ပြူတာထည်းမှာ ပျင်းနေမှာစိုးတော့ သူတို့ကို အပြင်လောကထဲ ထွက်လည်ခွင့်ပေးလို်က်ပါတယ်။
ဒါပေမယ့် စိတ်ရှည်ရသဗျာ။
အပြင်တော်တော်နဲ့မထွက်တော့ဇွတ်မောင်းထုတ်ရတယ်။

6 comments

  • pooch

    June 18, 2011 at 11:02 am

    လေးပေါက်ပုံ တွေ ကြည့်ပြီး အနော်တောင် အားကျလာပြီ။ သဘာဝတရားကြီးကို ရှုထောင့်အမျိုးမျိုးကနေ
    ကြည့်နေရတာ။ တနေ့တမျိုးမရိုး ရဘူး။ ဒါဘယ်မှာ သွားရိုက်ထားတာလဲ ဟင်? 🙂

    Reply

  • pooch ရေ
    သဘာဝအလှတွေက ကိုယ့်အနီးအနားမှာရှိနေကြတာကို မင်းတို့ငါတို့ မကြည့်ဘဲ မေ့ထားကြတာပါ။
    ဒီနေရာလေးက ကန်တော်ကြီးအနောက်ဖက်ခြမ်း မှာပါ။

    Reply

  • nyolay

    June 18, 2011 at 12:06 pm

    လေးပေါက်ရေ မန ္တလေးရှုခင်းတွေက အရမ်းလှပါတယ်၊ ညိုလေးက ရန်ကုန်သူဆိုပေမဲ့ မန ္တလေးမြို့ကို ချစ်ပါတယ်၊ လေးပေါက်ရဲ့ လက်ရာတွေကို အားပေးနေပါတယ် ။ကွန်နရှင်ကို အန်တုပီး တင်ထားတဲ့ပုံတွေမို့ အရမ်းရမ်းကို ကောင်းပါတယ်၊ ညိုလေးကတော့ MG ကိုဝင်ဖို့ 2 နာရီလောက် စောင့်လိုက်ရတယ်

    Reply

  • padonmar

    June 18, 2011 at 12:39 pm

    လှတယ်နော်။ကိုပေါက်စာဖတ်ရတာ ရိုးမရဲ့ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါခင်ဗျာဆိုတာ သတိရတယ်

    Reply

  • padonmar

    June 18, 2011 at 12:43 pm

    လှတယ်နော်။ကိုပေါက်စာဖတ်ရတာ ရိုးမရဲ့ညနေခင်းလေးကိုတောင် အလှကြည့်ဘို့ မအားပါခင်ဗျာဆိုတာ သတိရတယ်။

    Reply

  • hmee

    June 19, 2011 at 9:11 am

    အပင်ကြားကနေ ကောင်းကင်ကို မြင်ရတာရယ်၊ ကောင်းကင်အစွန်းက ဝင်လုနေ လိမ္မော်ရောင်လေးရယ်၊ မိုးတိမ်မဲမဲရယ် ကိုမြင်ရတာ လွမ်းရသူကို ငိုချင်ရက် လက်တို့နေသလိုပါပဲ။ မြင်လေရာ ခြောက်သွေ့ သဲပြင်တွေမို့ ဒါမျိုုးလေးတွေ လွမ်းမိပါရဲ့။

    Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.